Social Media က ရပ်နားမယ် / တောင်းပန်စာ / ဖြေရှင်းလွှာ ဝမ်းနည်းစွာဖြင့် ဆိုပြီး ရင်ဖွင့်ပြောပြလာတဲ့ “မအေးသောင်း”

မအေးသောင်းဆိုတာနဲ့ခုချိန်မှာပရိသတ်တွေရဲ့ဝေဖန်မှုတွေများစွာကိုခံနေရတာပါ။ သူမဟာပြီးခဲ့တဲ့ရက်ပိုင်းကပရိသတ်တွေ ဝမ်းနည်းနေကြတာကိုမချေမငံပြန်ပြောချိန်ကစပြီး ဝေဖန်ခံနေရတာပါ။ ခုနောက်ပိုင်းမှာတော့သူမဟာဖြေရှင်းချက်တွေနဲ့ ပရိသတ်တွေကိုတောင်းပန်ခဲ့တာပါ။ Social Media ကရပ်နားမယ် / တောင်းပန်စာ/ ဖြေရှင်းလွှာ ဘာခေါင်းစဉ်တပ်ရမယ်မှန်းမသိတဲ့စာပေါ့လေဒီစာကိုရေးချိန်က အခု မနက် ၅:၃၄ မနေ့ကမနက်ကတည်းကဝမ်းနည်းတဲ့စိတ်တွေနဲ့အခုထိအိပ်မပျော်နိင်သေးဘူး။

အနှစ် ၂၀ လောက်ခင်လာတဲ့သူငယ်ချင်းဇေယျာသော်။ ဟိုတလောကပဲ လွန်ခဲ့တဲ့ ၁၇ နှစ်ကငါတို့ခရီးသွားတဲ့ပုံပြန်တက်လာသေးတယ်လေဟာ။ အခု ဆုံးပြီ တဲ့ ဟုတ် မဟုတ်ကမသေချာသေး…. မဟုတ်ပါစေနဲ မဟုတ်ပါစေနဲ ဆုတောင်းရင်းFB မှာ ပထမဆုံး speechless ဆိုပြီ Friend only နဲ့တင်လိုက်တယ်။ အင်း ငါ public တင်ရင် မသေချာတဲ့ သတင်းမှားကိုရှဲတာဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ်နဲ့ public မတင်သေးဘူးပေါ့လေ။ အားလုံးကလည်းတိကျတဲ့အဖြေမထွက်သေးဘူးဆိုတော့မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်းစောင့်ခဲ့တာပေါ့။

အဲ့လိုဆုတောင်းဆို 2021 ဧပြီလ ၈ ရက်နေ့ကိုသွားသတိရမိတယ် ၅၀၅ စာရင်းထဲမှာပါလို့ တိုက်ခန်းတွေပေါ် ခုန်ကူးပြီး ထွက်ပြေးရတဲ့ည တညလုံးဘုရားရှိခိုးဆုတောင်းခဲ့တာ မနက်လင်းတဲ့ထိပဲ။နောက်နေ့အိမ်တလုံးထဲမှာသော့ခတ်ပြီး မီးမသုံး ရေမသုံးပဲ ညတိုင်းငိုခဲ့ရတဲ့ရက်တွေ အသံမထွက်ရဲခဲ့တဲ့ရက်တွေ တစ်ယောက်တည်းဘယ်သူနဲ့မှအဆက်အသွယ်မရ ပဲနို့တစ်ဗူးတောင်ကုန်အောင် မသောက်နိုင်ခဲ့တဲ့ရက်တွေ ညညဆိုအကြောက်တရားနဲ့မအိပ်ရဲတဲ့ရက်တွေငိုပြီးဖြတ်သန်းခဲ့ရတယ်။ ညတိုင်းလည်းငိုပြီးဆုတောင်းဖြစ်ခဲ့တယ်။ ဧပြီ ၂၁ ညည မအိပ်တာများလို့အဖမ်းခံလိုက်တော့မယ် မဟုတ်ရင်ငါရူးတော့မှာ။ဘယ်ရောက်ရောက်သွားမယ်ဟာဆိုပြီး ဆိုင်ကယ် ၁၄ နာရီစီးပြီးထွက်လာခဲ့တဲ့နေ့တစ်လမ်းလုံးဆုတောင်းခဲ့ပြန်တယ်။

ဟိုရောက်တော့ခေါင်းပျားပျားအိပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မီးမရ အင်တာနက်မရနဲ့ မီးကြိုးတွေတွေ့နေလျက် နဲ့ ဒီနေရာမီးမရကောင်းလားဆိုပြီးစိတ်မကောင်းဖြစ်ခဲ့ဖူးတယ်။စိမ်းစိမ်းမြင်ရင်ကြောက်ပါတယ်ဆိုမှ ဇွန်လဆန်းလောက်မှာ စစ်သားအယောက် ၅၀၀ ကရွာကဖြတ်မယ်တဲ့။ နောက်တရွာပြေးကြရတာပေါ့။ စစ်ကလည်းဖြစ်နေတော့ ပထမစစ်ပြေး။ စစ်ပြေးကနေထပ်ပြီ စစ်ရှောင်/ပြေးပေါ့။ စစ်တပ်ကရွာကျော်သွားပြီဆိုမှ ပြန်လာတာ သူတို့အိမ်ရှေ့ကဖြတ်တော့ တခါးတွေပိတ်ပြီးပုန်းနေခဲ့မိတာ။ ဟိုနားချောင်း ဒီနားချောင်းနဲ့ပေါ့။ ကိုယ်တွေနေတဲ့အိမ်ကျော်မှသက်ပြင်းချနိုင်တာ။

ဒါပေမဲ့ ကံမကောင်းစွာပဲ အိမ်ဘေးကပ်လျက်တောင်ပေါ်မှာ စခန်းချကြမယ်တဲ့ ။ တညလုံး ဇီးကွက်မဖြစ်ရောလေ။ တပါတ်လောက်ကြာတော့ မဖြစ်တော့ဘူးနောက်တနေရာပြောင်းမယ်ဆိုပြီးပြောင်းလာခဲ့ကြတယ်။ ၅၀၅ လွတ်ငြိမ်းပြီကြားတော့ မဖြစ်နိုင်ဘူးဆိုပြီးမယုံခဲ့ဘူး။ သတင်းကကြေငြာပြီဆိုမှ အူကြောင်ကြောင်ဖြစ်နတာ။ တကယ်လားပေါ့။ အမေဖုန်းဆက်ပြီးငိုပြောမှ ကိုယ်လည်းသေချာပြီပေါ့လေ။ ရန်ကုန်အိမ်ကိုတော့ ဒီနေ့ထိပြန်ကိုမရောက်တော့တာ မြို့ပေါ်ပြန်လာတော့တခြားတနေရာမှာငှါးနေခဲ့တယ်။

သူစိမ်းအိမ်လာရင်အခန်းထဲပြေးပုန်းမိတုန်းပဲ။ လူတွေနဲ့တွေ့ရမှာ မျက်နှာချင်းဆိုင်ရမှာ ကြောက်နေတုန်း အချိန်ပေါ့။၂ လလောက်နေပြီးမှ အမေတို့နဲ့အတူနောက်တနေရာထပ်ငှါးနေကြတာပေါ့။ အိမ်လေးလွမ်းလို့တရက်တော့သွားကြည့်ခဲ့သေးတယ် ကိုယ့်ရဲ့အခန်းထဲဝင်တော့ ထိုင်ငိုမိတာပါပဲ။ ဒီအိမ်လေးငါတနေ့ပြန်လာနေမယ်ဆိုပြီးခု ထိမှတ်ယူတုန်း။ ကိုယ့်ဆီအလုပ်လုပ်ဖို့ ဖုန်းဆက်ကြတဲ့သူတွေ ဓာတ်ပုံရိုက်ဖို့ ပို့စ်တွေတင်ဖို့ပြောတဲ့သူတွေကို ငြင်းခဲြတယ် အော် ထောင်ထဲက လုပ်ဖော်ကိုင်ဖက်တွေ ၅၀၅ မလွတ်သေးတဲ့သူတွေငဲ့ပြီးငါအလုပ်လုပ်ရမှာလားပေါ့။ ငါ့လိပ်ပြာငါမလုံပါဘူးဆိုပြီး အကုန်ငြင်းခဲ့တယ်။ ဒီနေ့ ထိပဲ အလုပ်တွေလက်မခံခဲ့ဖူးဘူး။ မနေ့က ၂၅/၇/၂၂ သတင်းကြားကတည်းက ငိုမိတာဘယ်နှစ်ခါမှန်းမသိဘူး။ သတင်းစောင့်နေရင်းက memory တွေပေါ်လာလို့ပြန်ကြည့်တော့ 2017 တုန်းကတင်ခဲ့တဲ့ “အနာဂတ်ကိုပြောင်းလဲချင်ရင် ပစ္စုပ္ပန်ကိုပြောင်းလဲဖို့လိုတာပေါ့နော်” တဲ့ဟာ ဒီစာသားကငါအခုစိတ်ထဲမှာရှိတဲ့စာသားနဲ့တိုက်ဆိုင်လိုက်တာဆိုပြီ ပြန်ရှဲခဲ့တယ်။ ဟောကောမန့်တက်လာတယ် ပုံတွေမရှဲနဲ့တဲ့အံမယ် လူတွေအားလုံးဝမ်းနည်းနေတဲ့နေမှာ အလှပုံ တင်ရလောက်အောင်တော့ ငါမတုံးဘူးပေါ့သိကြမှာပါ ဆိုပြီးနေခဲ့တာပေါ့။

နောက်တစ်ယောက်လာမန့်တယ် နောက်မှရှဲလို့မရဘူးလားတဲ့ ဒီနေ့တင်ခဲ့တဲ့ပို့မို့ ဒီနေ့မို့ရှဲတာလေ လို့ပြန် မန့်လိုက်တယ်။ အဲ့မှာစပြီးနားလည်မှုတွေ လွဲပြီးစတော့တာပဲ။ နောက်တယောက်က “ရွံတယ် ဟာာ ဘာလဲပေါ့ ငါကလဲ ပိုရွံတယ်”ဟုတ်တယ် ပရိုဖိုင်းတွေထဲဝင်ကြည့်တော့ ဖုန်းကဒ်အရောင်းမပြတ်ဘူး။ ကိုယ်ကလည်းသွေးဆူ ဒေါသထွက်ဝမ်းနည်း အကန်တွေပဲပြောချင်နေတာနဲ့ တိုက်ဆိုင်သွားတာပေါ့လေ။ ဒါပေမဲ့၂၉ မိနစ်လောက်နေတော့ ငါကြောင့်အနှောင့်အယှက်ဖြစ်ပါတယ်လေ ဆိုပြီးonly me လုက်ခဲ့တယ်။ ဒါပေမဲ့ SS ပဲတွေ့တဲ့သူတွေကျရှင်းပြလို့မရတော့ဘူး။ “အလှပုံတင်တာဒီနေ့မို့တင်တာလေဖြစ်သွားရော”နားလည်မှုက လွဲသွားခဲ့ပြီ။ ရှင်းလို့ကိုမရတော့တာ။

ငါစာတင်ပြီးတောင်းပန်မှရမယ်ဆိုပြီးတောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အားလုံးသွေးဆူပြီးလောင်မြိုက်နေချိန်မို့နားလည်လိုက်တယ်။ကိုယ်တိုင် live လွှင်ပြောမယ်ပေါ့။ မဖြစ်သေးပါဘူးမနေ့ကချက်ခြင်းတင်ပြန်ရင်လဲ ကိုယ့်အရေးက ထက်ကြီးတဲ့ဟာတွေရှိနေတော့ ငါကအရေးကြီးလို့လားပေါ့ဆိုပြီး မရှင်းပဲနေခဲ့တယ်။ နောက်တစ်ခု SS အတုတွေ Myday အတု ကောမန့်အတုတွေပါထွက်လာတယ် ။ ကိုယ်နဲ့ friend ဖြစ်တဲ့သူတွေအသိဆုံးပါ Myday မှာ အမဲရောင်တွေပဲဆက်တိုက်တင်ထားတာပါ။ ကျေးဇူးပြုပြီးအဲ့လိုအတုတွေမလုပ်ပါနဲ့ရှင့်ရှင်းရပိုခက်လို့ပါ။ ဒီ ၁ နှစ်ခွဲအတွင်းခုချိန်ထိ live မလွှင့်ခဲ့ဘူး စျေးမရောင်းခဲ့ဘူး။ ဘာပစ္စည်းမှ မကြော်ငြာခဲ့ဘူး။ ဘာဓာတ်ပုံ video မှလဲမရိုက်ခဲ့ပါဘူး။ ဒီအချိန်ထိဒီစိတ်က အခိုင်အမာပါပဲ။ ဒါကကျမရဲ့အမှန်တရားပါ။ နောင်လည်း ကျမ ရပ်တည်ချက်၊ ယုံကြည်ချက်အတိုင်း လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်နေမှာပါ ဆိုပြီးပြောခဲ့တာပါ။

crd