အမေရိကန် မှာ ကိုဗစ် ကူးစက်မှုတွေ ထိန်းမရ တဲ့ အခြေအနေ ဖြစ်လာမယ်လို့ ပညာရှင်သတိပေး

အမေရိကန် မှာ ကိုဗစ် ကူးစက်မှုတွေ ထိန်းမရ တဲ့ အခြေအနေ ဖြစ်လာမယ်လို့ ပညာရှင်သတိပေး

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်သူ့ ဆီကနေ ဘယ်လို အဆင့်ဆင့် ကူးစက်ပျံ့နှံ့တယ် ဆိုတဲ့ ရောဂါ ခြေရာခံခြင်းတွေ သေချာ ရှာဖွေစုံစမ်းမှု မလုပ်ဘူးဆိုရင် တချို့ပြည်နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆေးရုံတင်ရတာတွေ မြင့်တက်လာနေတာကနေ အခြေအနေ ထိန်းမရအောင် ဖြစ်သွားမယ်လို့ အမေရိကန် ကူးစက်ရောဂါ ဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦးက သတိပေး ခဲ့ပါတယ်။

အမေရိကန် တနိုင်ငံလုံးမှာ စီးပွားရေး လုပ်ငန်း လည်ပတ်မှု ကန့်သတ်ထားတာတွေ ဖယ်ရှားပေးလိုက်တဲ့ အချိန်မှာ ကူးစက်ရောဂါဆိုင်ရာ ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဖောက်စီက သတိပေးပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဆေးရုံရောက်တဲ့လူတွေ ပိုများလာတာ တွေ့ရတယ် ဆိုရင် ဦးတည်ရာလမ်းကြောင်း မှားနေပြီဆိုတာ သေချာပြီ ပဲလို့ ဒေါက်တာဖောက်စီက ပြောပါတယ်။ အမေရိကန် ပြည်နယ်အသီးသီးမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လိုက်တာကို လျင်လျင်မြန်မြန် မလုပ်ဖို့ လိုလိမ့်မယ်လို့ ညွှန်းဆိုတဲ့ လက္ခဏာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်မှု လျော့ကျလာတာကြောင့် တချို့ပြည်နယ်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပြည်နယ်တွေမှာ ရောဂါကူးစက်မှု ပြန်များလာလို့ လုပ်ငန်းတွေ ပြန်ပိတ်ရမယ့် အနေအထားတွေကလည်း ရှိနေပါသေးတယ်။

အူတားပြည်နယ်နဲ့ အော်ရီဂွန် ပြည်နယ်တွေမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လှစ်တာကို ရပ်ထား လိုက်ပြီ ဖြစ်ပါတယ်။ ကိုဗစ် နဲ့ ဆေးရုံရောက်တာ ပြည်နယ်ရဲ့ အမြင့်ဆုံးအခြေအနေကို ရောက်သွားတဲ့ Texas အပါအဝင် တချို့ပြည်နယ်တွေကတော့ လုပ်ငန်းတွေဖွင့်တာ ရှေ့ဆက် လုပ်လျက် ရှိနေပါတယ်။

ပြည်နယ်အစိုးရတွေအနေနဲ့ ကျန်းမာရေး အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ လူတွေ အပြင်ထွက် အလုပ် မလုပ်ကြရလို့ စီးပွားရေးထိခိုက်ရတဲ့ အခြေအနေကို ချိန်ဆတွက်ချက်ပြီး သူတို့ပြည်နယ်တွေ ပြန်ဖွင့်သင့်မသင့် စဉ်းစား လုပ်ဆောင်နေကြတာပါ။ အမေရိကန်ပြည်ထောင်စုမှာ အခုချိန် ထိ ကိုဗစ် ရောဂါနဲ့ သေဆုံးသူ ၁၁၇,၀၀၀ ကျော် သွားပြီ ဖြစ်ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

three × 5 =