13.6.2020 ည(၁၁)နာရီအချိန် တနသ်ာရီတိုင်းဒေသကြီး အထက်ရေဖြူမြို့ ဥုသာရံ ရထားလမ်းဘေးက နေအိမ်တွင် မိသားစုလိုက် သုံးလောင်းပြိုင်
Ko Zin – Dawei
Photo မြင့်မြတ်ရေဖြူ
unicode
ကြောက်မက် ထိန့်လန့်ဖွယ် မိသားစု လိုက် သုံးလောင်းပြိုင် လူသတ်မှုကြီး ဖြစ်ပြန်ပီ
13.6.2020 ည(၁၁)နာရီအချိန် တနသာ်ရီတိုင်းဒေသကြီး အထက်ရေဖြူမြို့ ဥုသာရံ ရထားလမ်းဘေးက နေအိမ်တွင် မိသားစုလိုက် သုံးလောင်းပြိုင်
လူသတ်မှု ဖြစ်ပွားခဲ့သည်။ မြင့်မြတ်ရေဖြူအသင်းနှင့် ဇဗ္ဗူအရိပ်သင်း တို့ သွားရောက်ပြီး အခင်းပွားနေရာမှ ရေဖြူဆေးရုံရင်ခွဲရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
တစ်နေ့တခြားမြင့်တက်လာတဲ့ မှုခင်းတွေ ကြောက်စရာကောင်းလိုက်တာဗျာ။ တရားဥပဒေ စိုးမိုးဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူေ
တွမှာ ကျီးလန့်စာစားဖြစ်နေကြရပါပီ။ ဒီရက်ပိုင်း အတွင်းမှာပဲ ဘဏ်ကိုဓားပြတိုက်တယ်၊ ပုဂံက ဘုရားတွေကို ဆက်တိုက်ဆိုသလို ဌာပနာဖောက်တယ်၊ မီးရှို့တယ်။
ရည်ရွယ်ချက်ရှိရှိနဲ့ သေချာများလုပ်နေကြသလား။ တာဝန် ရှိသူတွေကရော ပြည်သူတွေစိတ်အေးရအောင် ဘယ်စီမံထားတယ်၊ ကျူးလွန်သူတွေကို ဘယ်လိုလိုက်လံဖမ်းဆီးနေတယ်ဆို လုံးဝသိခွင့်မရတာလည်း
တရားဥပဒေစိုးမိုးမှုကို မေးခွန်း ထုတ်စရာဖြစ်ပါတယ်။ အားလုံး ဘေးရန်ကင်းကြပါစေဗျာ
Ko Zin – Dawei
Photo မြင့်မြတ်ရေဖြူ