ည(၈)နာရီတိုင်း လုပ်လေ့ရှိတဲ့ ပြည်သူတွေ ရဲ့ လှုပ်ရှားမှုမှာ အားသွန်ခွန်စိုက် ပါဝင်လာပြီး ပရိသတ်တွေ နဲ့ အတူ တစ်သားတည်း ရပ်တည်ပြခဲ့တဲ့ စိုင်းစိုင်းရဲ့ဗီဒီယို

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်း မှာပါ အရည်အချင်းပြည့်ဝတဲ့ စိုင်းစိုင်းခမ်းလိုင် ကတော့ ဂီတလောကမှာသာမက အနုပညာနယ်ပယ်မှာပါ အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စိုင်းစိုင်းက မိန်းကလေးပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးလို့ ဆိုရအောင်လောက်အောင်ကို ပရိသတ်တွေရဲ့သည်းသည်းလှုပ် အားပေးခြင်းခံနေရတာ ဖြစ်ပါတယ် ။ စိုင်းစိုင်းက သူ့ရဲ့သီချင်းလေးတွေ နဲ့ ပရိသတ်တွေ ရဲ့အားပေးမှုကို အပြတ်အသတ်ရရှိခဲ့ပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။

စိုင်းစိုင်းအနေနဲ့ အနုပညာအလုပ်တွေအပြင် “Sai Cosmetix” နာမည်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ပြီး အလှကုန်ပစ္စည်းတွေကို ရောင်းချနေတာပဲ ဖြစ်ပါတယ် ။ စိုင်းစိုင်းကို ချစ်တဲ့ပရိသတ်တွေကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ပြီး အားပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း စိုင်းစိုင်းက သူချစ်ရတဲ့ပရိသတ်တွေရဲ့ဆန္ဒနဲ့ တစ်သားတည်းထပ်တူကျကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ် ။

စိုင်းစိုင်းက ည(၈)နာရီတိုင်းလုပ်လေ့ရှိတဲ့ ပြည်သူတွေရဲ့လှုပ်ရှားမှုမှာ အားသွန်ခွန်စိုက်ပါဝင်လာကြောင်း ဗီဒီယိုလေးရိုက်ပြထားတာ ဖြစ်ပါတယ် ။ စိုင်းစိုင်းကတော့ အိမ်မှာနေရင်း နိုင်ငံအတွက် တတ်နိုင်သလောက် တာဝန်ကျေသလို နေ့လယ်နေ့ခင်းမှာလည်း ပြည်သူတွေအတွက် အချိုရည်တွေ အမောပြေသောက်ရအောင် သွားလှူပေးနေတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တစ်ယောက်တည်း သံပုံးကို အားရပါးရတီးနေတဲ့ စိုင်းစိုင်းရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Sai Sai Kham Leng’s FB Page Story