တရုတ်ပြည် ကြုံတွေ့ နေရတဲ့ ကိုဗစ် ဒုတိယလှိုင်း နှင့် ရောဂါဖြန့် ဖြူးရာ ဈေးရုံများ

တရုတ်ပြည် ကြုံတွေ့ နေရတဲ့ ကိုဗစ် ဒုတိယလှိုင်း နှင့် ရောဂါဖြန့် ဖြူးရာ ဈေးရုံများ

ပီကင်းက အချို့နေရာတွေ ကို စစ်ပွဲကာလ အတွင်းပုံစံနဲ့ စီမံခန့်ခွဲမှု (wartime management) လုပ်နေပါတယ်။ ပီကင်းက အကြီးဆုံးဟင်းသီးဟင်းရွက်ဈေး ရှင်ဖဒိ (Xinfadi) ကိုပိတ်ချလိုက်ပါတယ်။ ပြီးတော့အနားတဝိုက်ကအိမ်ယာဝင်းတွေကိုပါ လော့ဒေါင်း ချလိုက် ပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက် က အသက် ၅၂ နှစ်အရွယ် ပီကင်းမြို့ Xicheng ဒိစတြိတ်က ဦးလေးတစ်ယောက်ဟာ ဆရာဝန်သွားပြပါသတဲ့။ အဲ့ဒီကနေစပြီး ပီကင်းမှာ ကိုဗစ် ဟာ လူတွေအကြားကူးစက်ပြန်နှံ့မှုရှိနေပြီဆိုတာ ဘွားကနဲပေါ်လာတာဖြစ်ပါတယ်။

ဖြစ်ပုံဖြစ်ရပ်က ဝူဟန်က သားဈေးငါးဈေးဖြစ်ရပ်နဲ့တူနေလို့ ဒုတိယလှိုင်းအဝင်ဆိုပြီး တရုတ်အစိုးရက စစ်ဆင်ရေးဆင်နွှဲနေတာဖြစ်ပါတယ်။ အခုအချိန်မှာ လူပေါင်း ၅၀ ကျော်မှာ ပိုးတွေ့ပြီးပါပြီ။ တရုတ်ရဲ့ပြဿနာက ပိုးတွေ့တိုင်း လူနာစာရင်းထဲမထည့်ပါဘူး။ asymptomatic ရောဂါပိုး တွေ့ပြီး လက္ခဏာမပြတဲ့လူ စာရင်းထဲသာ ထည့်ပါတယ်။ အခုထိ ပီကင်းအစိုးရက ကိုဗစ်လူနာအဖြစ်သတ်မှတ်ထားသူ ၇ ယောက်ရှိပြီး စုစုပေါင်း ပိုးတွေ့သူက ၅၀ ကျော်ပါတယ်။

အသက် ၅၂ နှစ်လူနာဟာ ၅၅ ရက် အတွင်း ပထမဆုံးစတွေ့တဲ့လူနာပါ။ ကြာသပတေးနေ့မှာတွေ့တာပါ။ ပီကင်းအာဏာပိုင်တွေက ထိတွေ့မှုရှိသူတွေကို အသည်းအသန်စလိုက်ပါတယ်။ သောကြာနေ့မှာ နောက်ထပ်နှစ်ယောက်ထပ်တွေ့ပါတယ်။ ပီကင်းအာဏာပိုင်တွေက လော့ဒေါင်း တွေစချပါပြီ။ စနေနေ့မှာ အဲ့ဒီပီကင်း ရဲ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဈေး Xinfadi ကနေ positive ဖြစ်သူ ၄၅ ယောက်ထွက်လာပါတယ်။

သောကြာနေ့မှာပဲ မြောက်ပိုင်းက Liaoning ပြည်နယ် မှာ အသစ်နှစ်ယောက် ထပ်တွေ့ပါတယ်။ ဆက်စပ်လိုက်တော့ ပီကင်းမှာ သောကြာနေ့က တွေ့တဲ့ နှစ်ယောက်က ကူးတာတွေ့ရပါတယ်။ လူနာလို့သတ်မှတ်ထားသူတွေထဲက ၄ ယောက်က အဲ့ဒီ Xinfadi ဈေးမှာ အလုပ်လုပ်နေသူတွေဖြစ်ပြီး ရောဂါလက္ခဏာမပြခင်မှာ အလုပ်လုပ် ခဲ့ကြတာပါ။

အခု အဲ့ဒီဈေးနဲ့ ပတ်သက်ပြီးအလုပ်လုပ်သူ အယောက် ၅၀၀ ကို Test လုပ်ထားတယ်။ အခု Xinfadi ဈေးကနေ ၄၅ ယောက်တွေ့တယ် Haidan ဘက်ကဈေးမှာ ၁ ယောက်တွေ့တယ်။ အားလုံးမှာ ရောဂါလက္ခဏာလုံးဝမပြဘူး။ Xinfadi ဈေးမှာလိုက်စစ်တော့ မြင်သမျှတွေ့သမျှနေရာကနေ နမူနာ sample တွေယူတာပါတယ်။

အဲ့ဒီကနေ ဆော်လမွန်ငါးလှီးတဲ့ စဥ့်နှီးတုံးတွေမှာ ကိုဗစ် ဗိုင်းရပ်စ်ပိုးတွေ့တယ်။ အဲ့ဒီကနေ စားသောက်ဆိုင်တွေမှာ ဆော်လမွန်ငါးဟင်းပွဲ မရောင်းဖို့နဲ့ စူပါမားကတ်တွေက ဆော်မွန်ငါးအသားတွေကို လိုက်သိမ်းပါတယ်။ Xinfadi ဈေးနဲ့ အနီးတစ်ဝိုက်က လူနေအိမ်ယာပေါင်း ၁၁ ခုကို လော့ဒေါင်း ချပြီး အစောင့်တွေ တင်းတင်းကျပ်ကျပ်ချထားပါတယ်။ အားကစားပွဲနဲ့ tour တွေ ပီကင်းကို အဝင်ကို ယာယီရပ်ဆိုင်းထားပါတယ်။

သူငယ်တန်းနဲ့ ၁ တန်းကနေ ၃ တန်းအထိ မူလတန်းကလေးတွေကို အတန်းတွေ ယာယီနားခိုင်း လိုက်ပါတယ်။ စစ်ပွဲကာလလိုပဲ ကြီးကြပ်ကွပ်ကဲရေးစင်တာဖွင့်ပြီး စစ်ဆင်ရေးဆင်နွှဲနေပါတယ်။ စားသောက်ဆိုင်တွေကို Xinfadi ဈေးနဲ့ Jingshen ဈေးက ဝယ်ခဲ့တဲ့ သိုးသားနဲ့ အမဲသားတွေကို Test စစ်ထားမှု စစ်ဆေးခိုင်းတယ်။ အခုအချိန်ထိ ဘယ်ကနေစဖြစ်ပြီး ဘယ်နှစ်ယောက် ကိုကူးစက်စေသလဲဆိုတာ သေချာမသိသေးဘူး။

ဆော်လမွန်ငါးလှီးတဲ့ စဥ့်နှီးတုံးကတွေ့တာဖြစ်ပြီး ဆော်လမွန်ငါးကဖြစ်တာလို့လုံးဝမပြောဘူး။ ပီကင်းဟာ လူနေမှုထူထပ်တဲ့ အတွက် အချိန်မီထိန်းချုပ်မှုသာမလုပ်နိုင်ရင် ဒုတိယဝူဟန်ဖြစ်သွားပါလိမ့်မယ်တဲ့။

ကျနော်တို့ဘာသင်ခန်းစာရသလဲ⁉️ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေမှာ mask မတပ်ပဲ စည်းကမ်းမရှိ ဖြစ်နေတာတွေကိုသတိထားကြ။ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေကနေ ကူးစက်ပြန့်ပွားလွယ်တယ်ဆိုတာ ဒါမျက်မြင်သက်သေပဲ။ အပြင်မှာ တစ်ယောက်နဲ့တစ်ယောက်တွေ့တော့ ၆ ပေအကွာတဲ့။ ဈေးထဲမှာ တိုးဝှေ့ပြီးဖြစ်ချင်တိုင်းဖြစ်နေတာ အများကြီး။ ဈေးတွေမှာ mask ကို မေးချိတ်ထားတဲ့သူနဲ့ တကယ်လုံအောင်တပ်တဲ့သူ ဘယ်သူပိုများမလဲသွားကြည့်။

အခုထိ ပီကင်းက ကိုဗစ်ပိုးတွေ့ ၅၀ ကျော်မှာ ၇ ယောက်ပဲ ရောဂါလက္ခဏာပြသေးတာ။ ဒါဆိုရင် ရောဂါလက္ခဏာမပြပဲ လူကြားထဲမှာဘယ်လောက်ရှိနိုင်သလဲဆိုတာ မျက်မြင်သက်သေပဲ။ အခုအချိန်မှာ ဘာသာရေးနဲ့ အခြားလူစုရုံးမှုတွေကို တားမြစ်ထားလို့ community လူကြားထဲကူးစက်မှုဟာ ဟင်းသီးဟင်းရွက် နဲ့သားငါးဈေးတွေကနေ အဓိကဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ မနက်ဈေးတွေမှာ စည်းကမ်းရှိကြပါ။ မပေါ့ကြပါနဲ့။ မဖြစ်လိုက်နဲ့ ဖြစ်ရင်မလွယ်ပါ။ ဈေးကနေ အိမ်တိုင်းလိုလိုကိုပြန့်သွားနိုင်ပါတယ်။

Richard Myo Thant
14-June-2020