စည်သူပလပ်ကျွတ် လှူဒါန်းတဲ့ဖိနပ်တွေ နဲ့ အတူလိုအပ်တာတွေ ကို လက်လုပ်လက်စားသမားတွေ ဆီ လှူဒါန်းပေး ခဲ့တဲ့ ခိုင်နှင်းဝေ

စည်သူပလပ်ကျွတ် လှူဒါန်းတဲ့ဖိနပ်တွေ နဲ့ အတူလိုအပ်တာတွေ ကို လက်လုပ်လက်စားသမားတွေ ဆီ လှူဒါန်းပေး ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ဇွန်လ (၁၃) ရက်နေ့ ဒီနေ့မှာတော့ တောင်ဒဂုံ နဲ့ စက်မှုဇုန် စည်ပင်ဝန်းထဲမှာရှိတဲ့ လက်လုပ်လက်စား သမားတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ အမြဲလိုလို လိုအပ်တဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အခုလည်း စည်သူပလပ်ကျွတ် ရဲ့ အလှူလေးနဲ့အတူ ထပ်မံလှူဒါန်းမှုတွေပြုလုပ်ခဲ့ပြန်ပါပြီ ။

ဒီနေ့ဇွန်လ (၁၃) ရက်နေ့ မှာ သရုပ်ဆောင် စည်သူပလတ်ကျွတ် ဆီက ဖိနပ် အရံ ၂၀၀ ဝယ်ယူပြီးမိန်းကလေးဝတ် အကျီအထည် ၂၀၀ နှင့်အတူရောင်ပြန် ပါ စည်ပင်ဝတ်စုံ အထည် ၂၀ တို့ကို သူမရဲ့ ဂေဟာအ သစ်လေးဆောက်လုပ်မယ့် နေရာဖြစ်တဲ့ တောင်ဒဂုံ ၁၀၄ ရပ်ကွက်နှင့် စက်မှုဇုံ စည်ပင်ဝန်း ထဲရှိ လက်လုပ် လက်စားများ ၊ ဆိုင်ကယ် ကယ်ရီများ ၊ ဆိုက်ကားဆရာများနဲ့ စည်ပင်ဝန်ထမ်းများကို သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်လို့သိရပါတယ် ။

လူသားများရဲ့ လိုအပ်ချက်တိုင်းကို တထောင့် တနေရာက ဖြည့်စည်းပေးနိုင်တဲ့ လူသား အဖြစ် ဆက်လက်ရှင်သန်ခွင့်ရ ရပါစေလို့လည်း သူမရဲ့ အလှူလေး အတွက် ဆုတောင်းစာလေးရေးသားထား ပါသေးတယ် ။ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ ခိုင်နှင်းဝေ ရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source : Khine Hnin Wai
Credit Cele Gabar