ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေး ဝတ်ကာ နှင်းဆီပန်းကို ပန်လျက် ပြည်သူ့ လှုပ်ရှားမှုမှာ အားနဲ့မာန်နဲ့ ပါဝင်ခဲ့တဲ့ ခေးဆက်သွင်

ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင် ကတော့ လက်တလောမှာ ဖြစ်ပွားနေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်အားကြိုးမာန်တက် ပါဝင်ခဲ့တာကို ချပြလာတာပဲ ဖြစ်ပါတယ်။ ဗီဒီယို ခေတ်ကတည်းက အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေ အားပေးထောက်ခံ မှု ရရှိလာကာ ယခုအခါမှာတော့ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင် နေပြီပဲ ဖြစ်ပါတယ်။

ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင် မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ ရင်ထဲ ရောက်ရှိလာခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ TikTokမင်းသမီးလားလို့ ထင်ရလောက်အောင် ခေးဆက်သွင် တစ်ယောက်ဟာ အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ လက်တလောမှာလည်း အနုပညာ အလုပ်တွေ ကို ရပ်နားထားပြီး ပြည်သူ့လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ကာ အင်အား ဖြည့်ပေးနေတာ ပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ ကိုယ်တိုင်ဦးဆောင်ကာ အားကြိုး မာန်တက် ပါဝင် ဖြစ်ခဲ့တဲ့ ပုံလေးတွေ ကိုချပြလာတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ နှင်းဆီပန်းကို ခေါင်းမှာ ပန်လျက် ရိုးရှင်းလှတဲ့ မြန်မာဝတ်စုံလေးဝတ်ကာ ခေးဆက်သွင် တစ်ယောက်ဟာ ကျက်သရည်ရှိရှိ လှပတင့်တယ်နေတာ ပဲ ဖြစ်ပါတယ်။ ဒီနေ့ပါဝင်ခဲ့တဲ့ ပုံလေးတွေနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ” ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ… အမေစုအတွက် ဘာတွေပဲကြုံလာကြုံလာ အမြဲအောင်ပန်းပန်နေစေရမယ်ဆိုတဲ့ အတိတ်နမိတ်နဲ့ ဒီနေ့တိုက်ခဲ့ကြတယ်….” ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲ ဖြစ်ပါတယ်နော်…..။

Photo credit – Khay Sett Thwin’s FB account

zawgyi



