ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ တန်ဆောင်တိုင်ပွဲတော်ကို ဆင်နွှဲခဲ့တဲ့ပုံရိပ်တွေကိုပြသလာတဲ့ မင်းသမီး “ချောရတနာ”

Posted on

ပရိသတ်အချစ်တော် အကယ်ဒမီ မင်းသမီးချောလေး ချောရတနာကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ခေတ္တရပ်နားထားပြီး ချစ်ရတဲ့ သားသား မီးမီးတို့နဲ့အတူ မိသားစုကိုအချိန်ပေးနေတာပဲဖြစ်ပါတယ် ။ ချစ်စရာသားလေးနဲ့သမီးလေးတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ပရိသတ်တွေကိုအမြဲလိုလို မျှဝေပေးနေတာပဲဖြစ်ပါတယ် ။ ချောရတနာက အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုပေမယ့် အပျိုလေးတစ်ယောက်လို နုနယ် လှပနေဆဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ချောရတနာက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ဇာတ်လမ်းတွဲတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ ချောရတနာက သူမရဲ့ သမီးလေး CoCo နဲ့ အမှတ်တရပုံတွေကို ပရိသတ်တွေဆီ ပြသလာပါတယ်။

ချောရတနာက အရှက်အကြောက်ကြီးတဲ့ သမီးလေးနဲ့ အတူတူ ရှမ်းအကျႌဆင်တူလေးဝတ်ပြီး သားအမိနှစ်ယောက်တည်း ရှားရှားပါးပါးပုံလေးကို ပရိသတ်တွေဆီ အခုလိုပဲ မျှဝေပေး လာခဲ့တာကို တွေ့ရပါတယ်။ ချောရတနာရဲ့သမီးလေး CoCo ကတော့ အမေနဲ့တူသလို အဖေနဲ့လည်းတူတဲ့ သမီးချောလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချောရတနာတို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။

Source: Chaw Yadanar’s fb