ဆန္ဒပြပွဲ မသွားခင် သင့်ဖုန်း ကို လုံခြုံအောင် လုပ် ဒါတွေ မဖြစ်မနေ လုပ်သွားပါ (အများသိအောင် ရှယ်ထားပေးပါ)
ဆန္ဒပြပွဲမသွားခင် သင့်ဖုန်းကိုဘယ်လို လုံခြုံအောင်လုပ်မလဲ ?
ဒီရက်ပိုင်း risk များတဲ့သူ တွေအနေနဲ့ ဖုန်းရဲ့ Lock ကို Fingerprint , Face ID , Pattern Lock တွေနဲ့လုံးဝမထားသင့်ပါ။
Passcode/PIN (ဂဏန်း ၆ လုံး) ဖြင့်သာ ထားပါ။ (မှတ်ပုံတင် နံပါတ်မထားရ ၊ ကိုယ်တစ်ယောက်ပဲသိမယ့် ဂဏန်း ၆ လုံးသတ်မှတ်ပါ)
iPhone မှာဆိုရင် Passcode ၁၀ ကြိမ်ထက် မှားရိုက်မိမယ် ဆိုရင် ဖုန်းတွင်း Data အကုန်ပျက်စေမယ့် Erase data ကို on ထားပါ။
(iOS setting > Face ID & Passcode > Erase data ‘on’)
Android မှာဆိုရင် Lock Screen setting/Password & security ထဲမှာ auto factory reset
(၁၅ ကြိမ်ထက်မှား ရိုက်မိရင် Data အကုန်ပျက် )ဆိုတဲ့ feature ပါတယ် ။ အဲဒါကို on ထား ရပါမယ်။
နောက်ပြီး Settings” > “Security & location” > “Advanced” > “Encryption & credentials” > “Encrypt phone ကိုလည်း on ထားပါ။
ဘာ Noti မှ Lock Screen မှာပေါ်မနေရန် All Notification ကို Lock Screen မှာ မပေါ်အောင်လုပ်ထားပါ။
ဖုန်းထဲမှာ နံပါတ် အသစ်နဲ့ တခြား SIM card ကိုထည့်သွားပါ (နံပါတ်အသစ်ကို မိသားစုထံ ပြောခဲ့ပါ) ။ Main SIM card ကိုဖြုတ်ပြီးအိမ်မှာထားခဲ့ပါ။
Thet Naing Soe
zawgyi
Thet Naing Soe