သူအိပ္တဲ့ ခုတင္ေအာက္ထဲ ကို ေအာက္လမ္းနည္း နဲ႔ အင္းျပားထည့္ထားတာကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတဲ့ ဆုပန္ထြာခင္ပြန္း ရဲ႕ Video

သူအိပ္တဲ့ ခုတင္ေအာက္ထဲ ကို ေအာက္လမ္းနည္း နဲ႔ အင္းျပားထည့္ထားတာကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတဲ့ ဆုပန္ထြာခင္ပြန္း ရဲ႕ Video

ၾကည္ႏူးေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ဖန္တီး တည္ေဆာက္ထားသူကေတာ့ သ႐ုပ္ေဆာင္ မင္းသမီး ဆုပန္ထြာပဲ ျဖစ္ပါတယ္။ သူမဟာ သားေလးေမြးဖြားၿပီး ေနာက္ပိုင္း သ႐ုပ္ေဆာင္နဲ႔ ဂီတအလုပ္ေတြပါ ျပန္လည္လုပ္ကိုင္ေနခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ ဇနီး ေမာင္ႏွံႏွစ္ေယာက္လုံးဟာ အခက္အခဲ၊ အတိုက္အခံေတြ နဲ႔ ႀကဳံလာရတိုင္း ႏွစ္ေယာက္အ တူ ရင္ဆိုင္ေျဖရွင္းတာဟာလည္း ျမင္ရသူတိုင္းကို ၾကည္ႏူးေစတာအမွန္ ပါပဲေနာ္။

အခုမွာလည္း ပန္ပန္ရဲ႕ ခင္ပြန္းျဖစ္သူ ကိုဥကၠာေက်ာ္ရဲ႕ လူမႈ ကြန္ယက္စာမ်က္ႏွာမွာ ပို႔စ္ေလးတစ္ခု ေရးသားထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ” ေတာ္ေတာ္လည္း အာ႐ုံေနာက္ ရပါတယ္။ပဲခူးအိမ္မွာ အလုပ္ကိစၥနဲ႔ ကြၽန္ေတာ္က တပတ္တခါ တေယာက္ထဲ လာအိပ္ရ တယ္။ အိပ္ေနရင္းနဲ႔ အိပ္ယာေပၚမွာ စိတ္ထဲက တမ်ိဳးျဖစ္ လို႔ ဆိုဖာကိုဖယ္ၿပီး ၾကည့္လိုက္ တာ အင္းျပား တျပားထပ္ေတြ႕ျပန္တယ္။

အရင္အိမ္ေထာင္ကြၽန္ေတာ့မွာရွိၿပီး ကြာရွင္းခဲ့တာ တိုင္းသိျပည္သိပါ။ အရင္တုန္းက လ ည္းအဲ့တာမ်ိဳး အင္းျပားေတြေခါင္းအုန္းထဲမွာ ထည့္ထားတာတို႔ဘာမွန္းမသိတဲ့ အ႐ြက္မ်ိဳးစုံ ကုတင္ေပၚက ေခါင္းရင္းမွာထားတာတို႔၊ဓာတ္ပုံကို ႏြားႏို႔နဲ႔ စိမ္ၿပီး ဓာတ္ဆီေလာင္း မီးရႈိ႕တာ တို႔၊ အခန္းထဲမွာ ေျမႀကီးေတြ ထည့္ထားတဲ့ အိတ္ကိုေတြ႕တာတို႔ မ်ိဳးစုံ ျမင္ဖူးခဲ့ပါတယ္။

ငါေနေနတဲ့ အိမ္ကိုေတာင္ အေသးမဆို တဲ့ အေျခာက္မကိုလႊတ္ၿပီး ေအာက္လမ္းနဲ႔လုပ္ခဲ့ တာယၾတာေတြ ဘာေတြ ေအာက္လမ္းေတြ ေဗဒင္ေတြ မ်ိဳးစုံလုပ္ေနၾကတာလည္း အမ်ိဳးစုံ ႀကဳံဖူး ေတြ႕ဖူး ျမင္ဖူးခဲ့ပါတယ္။ငါ့ အေမခ်စ္ေအာင္ဆိုပဲဘာရည္႐ြယ္ခ်က္ေတြလည္း ေတာ့မသိ ဘူး….ဒီ အင္းျပားကို ၾကည့္ရတဲ့ ပုံကလည္း ရွိေနတာ ေတာ္ေတာ္ၾကာေနတဲ့ပုံပါပဲ…သံေခ်းလို ေတြေတာင္တက္လို႔

အိပ္ခါနီး မဟာသမယသုတ္ဖြင့္ၿပီးအိပ္တတ္ တာေလးက ကယ္သြားတယ္လိုပဲ ထင္ပါတယ္။ ဒါမ်ိဳးေတြ အယုံအၾကည္လည္းမရွိဘူး။ စိတ္လည္းမဝင္စားဘူး။ဒီ Post ရဲ႕ အစပိုင္းမွာေရး ထား တဲ့ အတိုင္းေတာ္ေတာ္ အာ႐ူံေနာက္တာေတာ့ အမွန္ပဲ#ဒီလိုေစာက္႐ူးအလုပ္ ေတြ လုပ္ လို႔နင့္ကိုငါ့ဘဝနဲ႔ လဲၿပီးကြာရွင္းခဲ့တာ

#ဘာပဲေျပာေျပာအိပ္ယာေအာက္က ေတြ႕တဲ့အင္းျပးမို႔ေကာင္းတဲ့ဟာေတ့မျဖစ္ႏိုင္ဘူး ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ပန္ပန္ကလည္း ” သနားစရာေကာင္းတဲ့ ေယာက္်ား။ေဖေဖ့ ဘက္က အၿမဲတမ္း၊တစ္သက္လုံး ပါရမီျဖည့္ရင္းရွိေနေပးမယ္။ ဘဝမွာေကာင္းေကာင္းဆိုး ဆိုး အတူတူ တစ္သက္လုံး ရွိေနေပးမယ္။ေဖေဖ့ဘဝကို သနားခ်စ္ခ်စ္တာ လည္းပါပါတယ္။

Fighting ေဖေဖ။

မေကာင္းတာလုပ္တဲ့သူ မေကာင္းတဲ့လမ္းကိုေလ်ာက္ ရမွာပါပဲ။” ဆိုၿပီး မွတ္ခ်က္ေပး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ အတြက္ တင္ဆက္ေပးလိုက္ ရပါ တယ္ေနာ္။

Source and Photo Crd- Su Pan Htwar’s and Okkar Kyaw’s Facebook Account

unicode

သူအိပ်တဲ့ ခုတင်အောက်ထဲ ကို အောက်လမ်းနည်း နဲ့ အင်းပြားထည့်ထားတာကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ ဆုပန်ထွာခင်ပွန်း ရဲ့ Video

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီး တည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ သားလေးမွေးဖွားပြီး နောက်ပိုင်း သရုပ်ဆောင်နဲ့ ဂီတအလုပ်တွေပါ ပြန်လည်လုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ ဇနီး မောင်နှံနှစ်ယောက်လုံးဟာ အခက်အခဲ၊ အတိုက်အခံတွေ နဲ့ ကြုံလာရတိုင်း နှစ်ယောက်အ တူ ရင်ဆိုင်ဖြေရှင်းတာဟာလည်း မြင်ရသူတိုင်းကို ကြည်နူးစေတာအမှန် ပါပဲနော်။

အခုမှာလည်း ပန်ပန်ရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ရဲ့ လူမှု ကွန်ယက်စာမျက်နှာမှာ ပို့စ်လေးတစ်ခု ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” တော်တော်လည်း အာရုံနောက် ရပါတယ်။ပဲခူးအိမ်မှာ အလုပ်ကိစ္စနဲ့ ကျွန်တော်က တပတ်တခါ တယောက်ထဲ လာအိပ်ရ တယ်။ အိပ်နေရင်းနဲ့ အိပ်ယာပေါ်မှာ စိတ်ထဲက တမျိုးဖြစ် လို့ ဆိုဖာကိုဖယ်ပြီး ကြည့်လိုက် တာ အင်းပြား တပြားထပ်တွေ့ပြန်တယ်။

အရင်အိမ်ထောင်ကျွန်တော့မှာရှိပြီး ကွာရှင်းခဲ့တာ တိုင်းသိပြည်သိပါ။ အရင်တုန်းက လ ည်းအဲ့တာမျိုး အင်းပြားတွေခေါင်းအုန်းထဲမှာ ထည့်ထားတာတို့ဘာမှန်းမသိတဲ့ အရွက်မျိုးစုံ ကုတင်ပေါ်က ခေါင်းရင်းမှာထားတာတို့၊ဓာတ်ပုံကို နွားနို့နဲ့ စိမ်ပြီး ဓာတ်ဆီလောင်း မီးရှို့တာ တို့၊ အခန်းထဲမှာ မြေကြီးတွေ ထည့်ထားတဲ့ အိတ်ကိုတွေ့တာတို့ မျိုးစုံ မြင်ဖူးခဲ့ပါတယ်။

ငါနေနေတဲ့ အိမ်ကိုတောင် အသေးမဆို တဲ့ အခြောက်မကိုလွှတ်ပြီး အောက်လမ်းနဲ့လုပ်ခဲ့ တာယတြာတွေ ဘာတွေ အောက်လမ်းတွေ ဗေဒင်တွေ မျိုးစုံလုပ်နေကြတာလည်း အမျိုးစုံ ကြုံဖူး တွေ့ဖူး မြင်ဖူးခဲ့ပါတယ်။ငါ့ အမေချစ်အောင်ဆိုပဲဘာရည်ရွယ်ချက်တွေလည်း တော့မသိ ဘူး….ဒီ အင်းပြားကို ကြည့်ရတဲ့ ပုံကလည်း ရှိနေတာ တော်တော်ကြာနေတဲ့ပုံပါပဲ…သံချေးလို တွေတောင်တက်လို့

အိပ်ခါနီး မဟာသမယသုတ်ဖွင့်ပြီးအိပ်တတ် တာလေးက ကယ်သွားတယ်လိုပဲ ထင်ပါတယ်။ ဒါမျိုးတွေ အယုံအကြည်လည်းမရှိဘူး။ စိတ်လည်းမဝင်စားဘူး။ဒီ Post ရဲ့ အစပိုင်းမှာရေး ထား တဲ့ အတိုင်းတော်တော် အာရူံနောက်တာတော့ အမှန်ပဲ#ဒီလိုစောက်ရူးအလုပ် တွေ လုပ် လို့နင့်ကိုငါ့ဘဝနဲ့ လဲပြီးကွာရှင်းခဲ့တာ

#ဘာပဲပြောပြောအိပ်ယာအောက်က တွေ့တဲ့အင်းပြးမို့ကောင်းတဲ့ဟာတေ့မဖြစ်နိုင်ဘူး ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပန်ပန်ကလည်း ” သနားစရာကောင်းတဲ့ ယောက်ျား။ဖေဖေ့ ဘက်က အမြဲတမ်း၊တစ်သက်လုံး ပါရမီဖြည့်ရင်းရှိနေပေးမယ်။ ဘဝမှာကောင်းကောင်းဆိုး ဆိုး အတူတူ တစ်သက်လုံး ရှိနေပေးမယ်။ဖေဖေ့ဘဝကို သနားချစ်ချစ်တာ လည်းပါပါတယ်။

Fighting ဖေဖေ။

မကောင်းတာလုပ်တဲ့သူ မကောင်းတဲ့လမ်းကိုလျောက် ရမှာပါပဲ။” ဆိုပြီး မှတ်ချက်ပေး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက် ရပါ တယ်နော်။

Source and Photo Crd- Su Pan Htwar’s and Okkar Kyaw’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

two × four =