ပြည်သူတွေ နဲ့ အတူ တစ်သားထဲ ရပ်တည်ကာ လူထုလှုပ်ရှားမှု မှာ တက်တက်ကြွကြွ နဲ့ ပါဝင် ခဲ့တဲ့ ပက်ထရစ်ရှာ


မင်းသမီးချောလေး ပက်ထရစ်ရှာ ကတော့ ဘိုဆန် တဲ့မျက်နှာလေးနဲ့ တစ်မူထူးခြားစွာ လှနေသူလေး ဖြစ်ပါတယ် ။ ညှို့အားပြင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ရှာရှာရဲ့ ခန္ဓာကိုယ်လေးက အမိုက်စားဖြစ်နေသလို အသားအရည်ကလည်း ဖြူဖွေးလှပနေသူလေးပါနော်။ ဒါကြောင့်လည်း ပက်ထရစ်ရှာက ယောက်ျားလေး ပရိသတ်တွေရဲ့ အပြတ်အသတ် အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ် ။

ရှာရှာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး လူငယ်တစ်ယောက်ပီပီ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို တတ်နိုင်သရွေ့လုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။သူရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

အခုလည်း ပြည်သူပရိသတ်တွေနဲ့အတူ လမ်းပေါ်ထွက်ကာ နေပူထဲ မှာ မမောပန်းနိုင်အောင် တက်တက်ကြွကြွ နဲ့ လှုပ်ရှားမှု ပြုလုပ်နေတာဖြစ်ပါတယ်။ ပုံလေးတွေကြည့်ပြီး လေးစားအားရမိတာ အမှန်ပါပဲနော်။ချစ်ပရိသတ်ကြီးလည်း ရှာရှာရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ပြန်ဝေမျှပေးလိုက်ပါရစေနော်။

Source & Photo Credit : Sue Sha Naing Facebook Page

zawgyi



