ပြည်သူလုထု ရဲ့ အနာဂတ်တွေ လှပဖို့အတွက် ရုံး၊ဌာနတွေရဲ့ ဝန်ထမ်း အိမ်ရာတွေကို သွားပြီး အနူးအညွတ် မေတ္တာရပ်ခံခဲ့ကြတဲ့ အူဝဲတို့ ဇနီးမောင်နှံ

အကယ်ဒမီဆု တွေကို ဆွတ်ခူး ရရှိထားကြတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံဟာဆိုရင် အနုပညာလောကမှာ ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြပါတယ်။ပြေတီဦးနဲ့အူဝဲတို့က ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားကြပြီးယနေ့အချိန်ထိတိုင် အနုပညာစန်းတွေမကျသွားသေးဘဲ ဆထက်ထမ်းပိုး အောင်မြင်နေကြဆဲ ဖြစ်ပါတယ်နော်။ ပြေတီဦးနဲ့အူဝဲတို့မှာ သမီးတစ်ယောက်၊ သားတစ်ယောက်လည်း ထွန်းကားထားတာဖြစ်လို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပြေတီဦးကလည်း မိသားစု အပေါ်မှာ နွေးထွေးကြင်နာမှုအပြည့်နဲ့ အမြဲပျော်ရွှင်အောင်ထားပေးတာကြောင့်အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်နော်။ ပြေတီဦးနဲ့အူဝဲတို့က စိတ်တူကိုယ်တူနဲ့ အမြဲတမ်းတိုင်တိုင်ပင်ပင်ရှိကြလို့ ရှေ့သွားနောက်လိုက်ညီကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာဆိုရင်လည်း အူဝဲတို့ဇနီးမောင်နှံနှစ်ယောက်က အများနည်းတူ အနာဂတ်အတွက်ရင်ဆိုင်နေကြပြီး ပြည်သူလူထုနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိနေတာဖြစ်ပါတယ်နော်။

အူဝဲနဲ့ပြေတီဦးတို့ကလည်း ပြည်သူတွေ နဲ့ တစ်သားတည်းရှိတဲ့ အနုပညာရှင်တွေဖြစ်ကြတာကြောင့် နေ့တိုင်းလမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အားပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ဒါ့အပြင် ဖေဖော်ဝါရီ(၁၄)ရက်နေ့ကလည်းအူဝဲတို့အနုပညာရှင်တစ်စုက ရုံး၊ဌာနတွေရဲ့ ဝန်ထမ်းအိမ်ရာကိုသွားပြီး ပြည်သူလူထု ရဲ့အနာဂတ်တွေ လှပဖို့အတွက် အနူးအညွတ်မေတ္တာရပ်ခံခဲ့ကြတာဖြစ်ပါတယ်။အူဝဲတို့အနုပညာရှင်တွေကတော့ ပြည်သူတွေရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်နေကြလို့ သူတို့ရဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Photo Credit:Eaindra Kyaw Zin’s Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

seventeen − six =