KNU နဲ့ အနုပညာ ရှင်များ ပူးပေါင်း လိုက်တယ် ဆို တဲ့ ကောလဟာလ သတင်းတွေ နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင် ပြောပြလာခဲ့တဲ့ မင်းမော်ကွန်း

ပရိသတ်ကြီးရေ တစ်နေ့ထပ်တစ်နေ့ လူထုလှုပ်ရှားမှာ ဘက်ပေါင်းစုံက ပြည်သူ ပြည်သားတွေ နဲ့ နိုင်ငံ့ဝန်ထမ်းများ ၊ အနုပညာရှင်များစွာ ပိုမို ပါဝင်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ ယခုလို အနုပညာရှင်တွေက တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ အားမာန်တက်ကြွစွာ လုပ်ဆောင်ရင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က လူမှု ကွန်ယက်ပေါ် မှာ အနုပညာရှင်များ နဲ့ KNU တို့ ပူပေါင်းလိုက်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မင်းမော်ကွန်းကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ပရိသတ်တွေကို ယခုလိုပြန်လည်ဖြေရှင်ပြောပြ လာခဲ့ပါတယ်။

မနေ့က ကျွန်တော်နဲ့ ဓါတ်ပုံရိုက်တဲ့ အဖွဲ့အစည်းသည် တကယ့်KNU အစစ်ဖြစ်ကြောင်းသိရပါတယ်……ကျွန်တော် တို့ နေ့လည် ၁၂ နာရီ ဗိုလ်ချုပ်ကို အလေးပြုနေတဲ့အချိန်ရောက်လာကြပါတယ်….ကျွန်တော်က ကိုယ့်ဟာကိုထမင်းစားနေတဲ့အချိန်ဖြစ်လို့ ဘာအဖွဲ့အစည်းမှန်း အတုမှန်းအစစ်မှန်းမသိလိုက်ပါဘူး ဓါတ်ရိုက်ချင်တယ်ဆိုလို့ရိုက်လိုက်ယုံပဲ ရှိပါတယ်…ဒီထက်ဘာမှမပိုပါဘူး ဒါကိုတစ်ဘက်က အနုပညာရှင်နဲ့ KNU ပူးပေါင်းတယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပြည်သူနဲ့ရန်တိုက်တာပါ ခုဏကမှ ကျွန်တော်တို့ရဲ့ဦးဆောင်သူကဖုန်းဆက် ရှင်းပြမှ အစစ်မှန်းသိတာပါ…..

ပူးပေါင်းရအောင်ကလည်း ကျွန်တော်တို့ အနုပညာရှင်တွေက လက်နက်ကိုင်အဖွဲ့အစည်းထဲလည်း ဝင်မှာမဟုတ်သလို မည်သည့် အကြမ်းဘက်မှု အနိုင်ကျင့်မှုကိုမှလက်မခံတာပါ။ဒါကြောင့်လည်း လမ်းပေါ်ထွက်နေတာပါတိုင်းပြည်အပေါ်လည်းဘယ်တုန်းကမှ ဘယ်တော့မှ သစ္စာမဖေါက်ပါခင်မျာ….ကျွန်တော်ဆက်ချီတက်နေဦးမယ်…..ပြည်သူနဲ့တစ်သားထဲရှိနေပါမယ်…..မနက်ဖြန်ကိုမီဒီယာကတစ်ဆင့်အားလုံးသိအောင်ထပ်ရှင်းပါမယ်….အရေးတော်ပုံအောင်ရမည် ” ဆိုပြီး ဖြေရှင်းရေးသားဖော်ပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: Source – Kyaw Kyaw Htay Lwin fb account

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

nine + ten =