မျက်ရည်ယို ဗုံး အန္တရာယ် နှင့် တကယ် လို့ တိုက်ခိုက်ခံရပြီ ဆိုရင် ဘယ်လို ကာကွယ် မလဲ…?
|မီးခိုးငွေ့တွေ၊ မီးသွေးမွှေး လို့ မီးခိုးရင်တောင်
မျက်ရည်က အလိုလို ကျ လာတယ်။
ဒီ မီးခိုးတွေ ကလည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။
ဒါဆို နိုင်ငံတကာ သတင်းတွေ ထဲမှာ တွေ့နေရတဲ့
ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ ရှိတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ မျက်ရည် ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင်
လုပ်ရမလဲဆိုတာကို ဖတ်ကြည့် လိုက်နော်။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ
ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစားပါ။ နာက်င္တဲ့ ခံစားမႈကို ခံစားရေစႏိုင္တဲ့
ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို

ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မျက်စိကွယ်တာ၊ ရေတိမ် လိုမျိုး ကျန်းမာရေး
ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေကို အလွန်အကျွံ ထိတွေ့
ရှူရှိုက်မိမယ်ဆိုရင် လည်ချောင်း၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာမျိုး
ခံစားရနိုင်ပါတယ်။ မ်က္လုံး – မျက်ရည်ကျမယ်။ ပူစပ်ပူလောင် ဖြစ် မယ်။
နီမြန်းမယ်။ အမြင်အာရုံ ဝေဝါးမယ်။ နှာခေါင်း – နှာရည်ကျမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ ရောင်ရမ်းမယ်။
ပါးစပ် – ပူစပ်ပူလောင်ဖြစ်မယ်။
မအီမသာဖြစ်မယ်။ မျိုချရခက်မယ်။ သွားရည်တွေကျမယ်။ အဆုတ် – ရင်ဘတ် ထဲက တင်းကျပ်လာမယ်။ ချောင်းဆိုးမယ်။ မွန်းမယ်။
အသက်ရှူရင် အသံကျယ်လာမယ်။
အသက်ရှူတာ ပြတတေင်းပြတ်တောင်းဖြစ်လာမယ်။
အေရျပား – လောင်မယ်။ အဖုအပိမ့်ထမယ်။
အခြား ပြဿနာတွေ – အော့အန်မယ်။ မအီမသာဖြစ်မယ်။ ဓာတ်ငွေ့ရှိတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပါ။
မျက်ရည်ယို ဓာတ်ငွေ့ရှိတဲ့နေရာကနေ ခပ်မြင့်မြင့်ကို တက်ပါ၊
မျက်လုံး နဲ့ မျက်နှာကို ရေနဲ့ သေချာ ဆေးချပါ။
တတ်နိုင်သမျှ ရေများများနဲ့ ဆက်တိုက်ဆေးချပါ။
မျက်နှာကို လေတိုက်ခံ လို့လည်း ရပါတယ်။ အဝတ်အစား တွေကို ချက်ချင်း လဲပါ။
ရေချိုးချပါ။ ခေါင်းလျှော်ချဖို့ မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့ အခါ ခေါင်း ကို အရှေ့ဘက်ကို ကိုင်းပြီး လျှော်ချပေးပါ။
CRD_HSWon