သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဖေဖော်ဝါရီလ (၁၇) ရက် အထိ ချုပ်ရမန် ယူထား
|သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုစစ်ဆေးဖို့
ယူထားတဲ့ ချုပ်ရက် ရမန် ဟာ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်တယ်လို့
လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြော ပါတယ်။
သတင်းမီဒီယာတွေ နဲ့ အွန်လိုင်းပျံနှံခဲ့တဲ့ ရမန် လျှောက်ထားတဲ့ စာရွက်အရ ဒီနေ့ ပြည့်မှာဖြစ်တယ်လို့
သိရတဲ့အတွက် အမှုကို ထုချေဖို့ အတွက် ရှေ့နေပါဝါ တင်ဖို့ ဒက္ခိဏခရိုင်တရားရုံးကို
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့က လာခဲ့ကြတာပါ။
ဒါပေမယ့် ခရိုင်တရားသူကြီး နဲ့ တွေ့တဲ့အခါမှာ ရမန်ပြည့်တဲ့ ရက်ဟာ ဒီနေ့မဟုတ်ဘဲ ဖေဖော်ဝါရီ လ ၁၇ ရက်အထိ
ယူထားတယ်ဆိုတာ ကိုသိခဲ့ရတယ်လို့ ပြောပါတယ်။ ရမန်ပြည့်တဲ့ အခါမှာလည်း ကြားနာ
တာကို ဗီဒီယို ကွန့်ဖရန့်နဲ့သာပြုလုပ် သွားမယ်လို့ ဆိုပါတယ်။
သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အာဏာသိမ်းတဲ့
ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။
အဲဒီနောက် သမ္မတ ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ၊
ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူ ထားတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောပြချက်အရတော့
နိုင်ငံခေါင်းဆောင် ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။
7Day
zawgyi
သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကိုစစ္ေဆးဖို႔
ယူထားတဲ့ ခ်ဳပ္ရက္ ရမန္ ဟာေဖေဖာ္ဝါရီလ ၁၇ ရက္အထိ ျဖစ္တယ္လို႔
လိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာ ပါတယ္။
သတင္းမီဒီယာေတြ နဲ႔ အြန္လိုင္းပ်ံႏွံခဲ့တဲ့ ရမန္ ေလွ်ာက္ထားတဲ့ စာ႐ြက္အရ ဒီေန႔ ျပည့္မွာျဖစ္တယ္လို႔
သိရတဲ့အတြက္ အမႈကို ထုေခ်ဖို႔ အတြက္ ေရွ႕ေနပါဝါ တင္ဖို႔ ဒကၡိဏခ႐ိုင္တရား႐ုံးကို
တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္တို႔က လာခဲ့ၾကတာပါ။
ဒါေပမယ့္ ခ႐ိုင္တရားသူႀကီး နဲ႔ ေတြ႕တဲ့အခါမွာ ရမန္ျပည့္တဲ့ ရက္ဟာ ဒီေန႔မဟုတ္ဘဲ ေဖေဖာ္ဝါရီလ ၁၇ ရက္အထိ
ယူထားတယ္ဆိုတာ ကိုသိခဲ့ရတယ္လို႔ ေျပာပါတယ္။ ရမန္ျပည့္တဲ့အခါမွာလည္း ၾကားနာ
တာကို ဗီဒီယို ကြန႔္ဖရန႔္နဲ႔သာျပဳလုပ္ သြားမယ္လို႔ ဆိုပါတယ္။
သမၼတနဲ႔ေဒၚေအာင္ဆန္းစုၾကည္တို႔ဟာ အာဏာသိမ္းတဲ့
ေဖေဖာ္ဝါရီလ ၁ ရက္ မနက္အေစာပိုင္းမွာ ထိန္းသိမ္းခံခဲ့ရတာပါ။
အဲဒီေနာက္ သမၼတ ကို သဘာဝေဘး အႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒ ၊
ေဒၚေအာင္ဆန္းစုၾကည္ကို ပို႔ကုန္သြင္းကုန္ဥပေဒနဲ႔ အမႈဖြင့္ၿပီး ခ်ဳပ္ရမန္ယူ ထားတာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးတာဝန္ခံ ဦးၾကည္တိုးက ေျပာျပခ်က္အရေတာ့
ႏိုင္ငံေခါင္းေဆာင္ ၂ ဦးလုံးက်န္းမာေရးေကာင္းမြန္ၾကတယ္လို႔ သိရပါတယ္။
7Day