မြန်မာ ဆန်ဆန် အမြဲဝတ်ပြီး ဆန္ဒမပြ နိုင်တာကို နားလည် ပေးဖို့ “မြနှင်းရည်လွင်” ဆို

ပြီးခဲ့တဲ့ရက်ပိုင်းက “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ ထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင် ရဲ့ မြန်မာဝတ်စုံ နဲ့ ပုံဟာ ဆိုရှယ်မီဒီယာပေါ် မှာ လူ ပြောများပြီး သဘောကျ နှစ်သက်ခဲ့ကြပါတယ်။

“ကျမ ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက အမေစုကို လေးစား အားကျခဲ့သူပါ။ အမြဲ အမေ့လို မြန်မာဆန်ဆန် ဝတ်ချင်တာပေါ့။ ဒါပေမဲ့ အခုလို ဆန္ဒတွေ ဖော်ထုတ်နေတဲ့အချိန် အခြေအနေ အရ ဝတ်သင့်တဲ့အချိန် ကျမ ဝတ်တယ်။ တခြားအချိန်တွေလည်း ရာသီဥတု အပူနဲ့ အပြင်မှာ အ ကြာကြီး ဟိုသွားဒီသွား၊ ဟိုပြေးရဒီပြေးရ၊ ဟိုလမ်းကူး ဒီလမ်းကူး လုပ်နေရတဲ့ အတွက် ကျမအ တွက် ပေါ့ပါးတာကို ဝတ်ရပါတယ်။ အဲဒီအတွက် နားလည်ပေးပါ။ အမေစုလို ပုံစံပြင်ဆင်ပြီး မြန် မာဆန်ဆန် အမြဲ မဝတ်ထားနိုင်တာကို ခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်ရှင်” လို့ မြနှင်းရည် လွင်က ပြောပါတယ်။

အဆိုပါ ဆန္ဒပြမှုကိုတော့ MRTV-4 မှ သရုပ်ဆောင်များက စုစည်းကာ မြန်မာ အင်္ကျီများ ဝတ် ဆ င် ၍ ဖမ်းဆီးခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အမြဲတ မ်း ပန်းပန်နေနိုင်လိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“နှိုင်းယှဉ်လို့ ဘယ်လိုမှ မရတဲ့ အမေစုကို ကျမ အတု မခိုးသလို ဆံပင်ပုံ၊ အဝတ်အစားကြောင့် ဆင်သွားတာမျိုးပဲ ရှိပါတယ်။ ဒါကြောင့်လည်း အခုလို ထူးခြားအောင် ဝတ်ဆင်တာပါ။ အဲ့တော့ ထိရောက်တဲ့နည်းတွေ စဉ်းစားပြီး ကျမတို့တွေ ဆန္ဒဖော်ထုတ်နေရတဲ့အတွက် အမှားပါခဲ့ရင် လ ည်း သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။ ကျေးဇူး တင်ပါတယ်ရှင့်” လို့ မြနှင်းရည် လွင် က ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေ အနေနဲ့လည်း ဆန္ဒ ထုတ်ဖော်မှုများ စတင်စဉ်ကတည်း က လမ်းပေါ်မှာ ပဋ္ဌာန်းရွတ်ဖတ်ခြင်းများ၊ တရားထိုင်ခြင်း၊ အမျှဝေခြင်းစတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထု တ် ဖော်ခြင်းများကို ဘယ်သူ့ကိုမှ ထိခိုက်ခြင်း မရှိဘဲ လုပ်နေတာ ဖြစ်ပါတယ်။

အာဏာရှင် စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကိုတော့ နေ့စဉ် ရက်ဆက်လိုလို ပြုလုပ်နေ ကြပြီး အနုပညာရှင်များကလည်း ပြည်သူထဲက ပြည်သူ ဖြစ်တဲ့အတွက် ပါဝင်နေကြတာဖြစ်တယ် လို့ သိရပါတယ်။

Source:Irrwady

zawgyi

ၿပီးခဲ့တဲ့ရက္ပိုင္းက “ေဗဒါပ်ံ အံကိုခဲ ပန္းပန္လ်က္ပဲ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပတဲ့ ထဲမွာ ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္ ရဲ႕ ျမန္မာဝတ္စုံ နဲ႔ ပုံဟာ ဆိုရွယ္မီဒီယာေပၚ မွာ လူ ေျပာမ်ားၿပီး သေဘာက် ႏွစ္သက္ခဲ့ၾကပါတယ္။

“က်မ ကိုယ္တိုင္လည္း ငယ္ငယ္ ကတည္းက အေမစုကို ေလးစား အားက်ခဲ့သူပါ။ အၿမဲ အေမ့လို ျမန္မာဆန္ဆန္ ဝတ္ခ်င္တာေပါ့။ ဒါေပမဲ့ အခုလို ဆႏၵေတြ ေဖာ္ထုတ္ေနတဲ့အခ်ိန္ အေျခအေန အရ ဝတ္သင့္တဲ့အခ်ိန္ က်မ ဝတ္တယ္။ တျခားအခ်ိန္ေတြလည္း ရာသီဥတု အပူနဲ႔ အျပင္မွာ အ ၾကာႀကီး ဟိုသြားဒီသြား၊ ဟိုေျပးရဒီေျပးရ၊ ဟိုလမ္းကူး ဒီလမ္းကူး လုပ္ေနရတဲ့ အတြက္ က်မအ တြက္ ေပါ့ပါးတာကို ဝတ္ရပါတယ္။ အဲဒီအတြက္ နားလည္ေပးပါ။ အေမစုလို ပုံစံျပင္ဆင္ၿပီး ျမန္ မာဆန္ဆန္ အၿမဲ မဝတ္ထားႏိုင္တာကို ခြင့္လႊတ္ နားလည္ေပးေစခ်င္ပါတယ္ရွင္” လို႔ ျမႏွင္းရည္ လြင္က ေျပာပါတယ္။

အဆိုပါ ဆႏၵျပမႈကိုေတာ့ MRTV-4 မွ သ႐ုပ္ေဆာင္မ်ားက စုစည္းကာ ျမန္မာ အက်ႌမ်ား ဝတ္ ဆ င္ ၍ ဖမ္းဆီးခံထားရေသာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဟာ အၿမဲတ မ္း ပန္းပန္ေနႏိုင္လိမ့္မယ္ ဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

“ႏႈိင္းယွဥ္လို႔ ဘယ္လိုမွ မရတဲ့ အေမစုကို က်မ အတု မခိုးသလို ဆံပင္ပုံ၊ အဝတ္အစားေၾကာင့္ ဆင္သြားတာမ်ိဳးပဲ ရွိပါတယ္။ ဒါေၾကာင့္လည္း အခုလို ထူးျခားေအာင္ ဝတ္ဆင္တာပါ။ အဲ့ေတာ့ ထိေရာက္တဲ့နည္းေတြ စဥ္းစားၿပီး က်မတို႔ေတြ ဆႏၵေဖာ္ထုတ္ေနရတဲ့အတြက္ အမွားပါခဲ့ရင္ လ ည္း သည္းခံခြင့္လႊတ္ နားလည္ေပးေစခ်င္ပါတယ္။ ေက်းဇူး တင္ပါတယ္ရွင့္” လို႔ ျမႏွင္းရည္ လြင္ က ေျပာပါတယ္။

အဆိုပါ ဇာတ္လမ္းတြဲ သ႐ုပ္ေဆာင္ေတြ အေနနဲ႔လည္း ဆႏၵ ထုတ္ေဖာ္မႈမ်ား စတင္စဥ္ကတည္း က လမ္းေပၚမွာ ပ႒ာန္း႐ြတ္ဖတ္ျခင္းမ်ား၊ တရားထိုင္ျခင္း၊ အမွ်ေဝျခင္းစတဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵထု တ္ ေဖာ္ျခင္းမ်ားကို ဘယ္သူ႔ကိုမွ ထိခိုက္ျခင္း မရွိဘဲ လုပ္ေနတာ ျဖစ္ပါတယ္။

အာဏာရွင္ စနစ္ ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈမ်ား ကိုေတာ့ ေန႔စဥ္ ရက္ဆက္လိုလို ျပဳလုပ္ေန ၾကၿပီး အႏုပညာရွင္မ်ားကလည္း ျပည္သူထဲက ျပည္သူ ျဖစ္တဲ့အတြက္ ပါဝင္ေနၾကတာျဖစ္တယ္ လို႔ သိရပါတယ္။

Source:Irrwady

Add a Comment

Your email address will not be published. Required fields are marked *

five − 1 =