“လႈိင္သာယာ မီးေလာင္မႈ မွာ ေသဆုံး ခဲ့ရတဲ့ (၁၇) ႏွစ္ အ႐ြယ္ မိန္းကေလး”

လႈိင္းသာယာ အမွတ္ ၉ ရပ္ကြက္ BOC မီးေလာင္ျဖပြား ခဲ့မႉ႔ မွာေသဆုံးသြားတဲ့ ညီမငယ္ေလးရွင္းသန္႔ျဖဴ ေကာင္းရာသုဂတိလားပါေစကြယ္

လႈိင္သာယာၿမိဳ႕နယ္တြင္ ေနအိမ္ တစ္လုံး မီးေလာင္ကြၽမ္း ခဲ့သျဖင့္ ေျမးအဘြားႏွစ္ဦး ေသဆုံးမႈ ဇြန္ ၁၂ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။

ဇြန္ ၁၂ ရက္၊ နံနက္ ၅ နာရီခြဲေက်ာ္ခန္႔တြ င္ လႈိင္သာယာၿမိဳ႕နယ္၊ အမွတ္ ၉ ရပ္ကြက္၊ မိုးမခလမ္းရွိ ေနအိမ္တစ္အိမ္ တြင္ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားေၾကာင္း သတင္းရ သျဖင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ အျခားတာဝန္ရွိသူမ်ား သြားေရာက္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈမွာ level 1 အဆင့္ျဖစ္ေသာ္ လည္း အဆိုပါေနအိမ္ ရွိ အသက္ ၅၅ ႏွစ္ႏွင့္ အသက္ ၁၇ ႏွစ္အ႐ြယ္ မိန္းကေလး တို႔မွာ ေရခ်ိဳးခန္းအတြင္း မီးခိုးမႊန္ကာ ေသဆုံး ခဲ့ေၾကာင္း သိရသည္။

“၁၇ ႏွစ္အ႐ြယ္ ေကာင္မေလး နဲ႔ သူ႔အဖြားတို႔က ေသဆုံးသြား ပါတယ္။ ၿပီးေတာ့ အဲ့အိမ္က ေလျဖတ္ေနတဲ့ အဘိုးတစ္ေယာက္ ကိုလည္း လႈိင္သာယာထဲမွာရွိတဲ့ အဖြဲ႕တစ္ဖြဲ႕က ကယ္ထုတ္ေပး ခဲ့ပါတယ္။ ဘယ္လိုေသဆုံးလဲေတာ့ မသိပါဘူး။ မီးေလာင္ဒဏ္ရာေတြေတာ့ ေတြ႕ပါတယ္” ဟု ေသဆုံးသူ ႏွစ္ဦးအား ေဆး႐ုံသို႔ သယ္ေဆာင္ေပးခဲ့သည့္ ေ႐ႊဥေဒါင္း လူမႈကူညီ ကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ေသဆုံးခဲ့သည့္ ေဒၚ….(၅၅)ႏွစ္ ႏွင့္ မ…(၁၇) ႏွစ္တို႔အား ေ႐ႊဥေဒါင္းလူမႈ ကူညီ ကယ္ဆယ္ေရးအသင္းမွ ယာဥ္ျဖင့္ ေဆး႐ုံသို႔ တင္ေဆာင္ေပးခဲ့ၿပီး မီးေလာင္ကြၽမ္းရာေနရာသို႔ မီးသတ္ယာဥ္ ၉ စီးႏွင့္ သေႏၶတပ္ဖြဲ႕ဝင္ ၈၁ ဦး၊ အရန္မီးသတ္ ၄၃ ဦးျဖင့္ ၿငိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းသည့္ ေနအိမ္မွာ ေပ ၂၀ ေပ ၆၀ ၿခံအတြင္း ေဆာက္ ထားသည့္ အာစီႏွစ္ထပ္အိမ္ ျဖစ္ၿပီး ဘုရားစင္ေပၚတြင္ ဖေယာင္းတိုင္ ျဖင့္ ဘုရားမီးပူေဇာ္ရာမွ စတင္ေလာင္ကြၽမ္း ခဲ့ျခင္း ျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕မွ စုံစမ္းသိရွိရသည္။ အဆိုပါ ျဖစ္စဥ္အား လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ-၂၈၅/၃၀၄-က ျဖင့္ အိမ္ရွင္အမ်ိဳးသားအား အမႈဖြင့္ထားေၾကာင္း မီးသတ္တပ္ဖြဲ႕မွ စုံစမ္းသိရွိရသည္။

crd : panpyoelat

unicode

“လှိုင်သာယာ မီးလောင်မှု မှာ သေဆုံး ခဲ့ရတဲ့ (၁၇) နှစ် အရွယ် မိန်းကလေး”

လှိုင်းသာယာ အမှတ် ၉ ရပ်ကွက် BOC မီးလောင်ဖြပွား ခဲ့မှူ့ မှာသေဆုံးသွားတဲ့ ညီမငယ်လေးရှင်းသန့်ဖြူ ကောင်းရာသုဂတိလားပါစေကွယ်.. လှိုင်သာယာမြို့နယ်တွင် နေအိမ် တစ်လုံး မီးလောင်ကျွမ်း ခဲ့သဖြင့် မြေးအဘွားနှစ်ဦး သေဆုံးမှု ဇွန် ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဇွန် ၁၂ ရက်၊ နံနက် ၅ နာရီခွဲကျော်ခန့်တွ င် လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ မိုးမခလမ်းရှိ နေအိမ်တစ်အိမ် တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရ သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုမှာ level 1 အဆင့်ဖြစ်သော် လည်း အဆိုပါနေအိမ် ရှိ အသက် ၅၅ နှစ်နှင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေး တို့မှာ ရေချိုးခန်းအတွင်း မီးခိုးမွှန်ကာ သေဆုံး ခဲ့ကြောင်း သိရသည်။

“၁၇ နှစ်အရွယ် ကောင်မလေး နဲ့ သူ့အဖွားတို့က သေဆုံးသွား ပါတယ်။ ပြီးတော့ အဲ့အိမ်က လေဖြတ်နေတဲ့ အဘိုးတစ်ယောက် ကိုလည်း လှိုင်သာယာထဲမှာရှိတဲ့ အဖွဲ့တစ်ဖွဲ့က ကယ်ထုတ်ပေး ခဲ့ပါတယ်။ ဘယ်လိုသေဆုံးလဲတော့ မသိပါဘူး။ မီးလောင်ဒဏ်ရာတွေတော့ တွေ့ပါတယ်” ဟု သေဆုံးသူ နှစ်ဦးအား ဆေးရုံသို့ သယ်ဆောင်ပေးခဲ့သည့် ရွှေဥဒေါင်း လူမှုကူညီ ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သည့် ဒေါ်….(၅၅)နှစ် နှင့် မ…(၁၇) နှစ်တို့အား ရွှေဥဒေါင်းလူမှု ကူညီ ကယ်ဆယ်ရေးအသင်းမှ ယာဉ်ဖြင့် ဆေးရုံသို့ တင်ဆောင်ပေးခဲ့ပြီး မီးလောင်ကျွမ်းရာနေရာသို့ မီးသတ်ယာဉ် ၉ စီးနှင့် သန္ဓေတပ်ဖွဲ့ဝင် ၈၁ ဦး၊ အရန်မီးသတ် ၄၃ ဦးဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့် နေအိမ်မှာ ပေ ၂၀ ပေ ၆၀ ခြံအတွင်း ဆောက် ထားသည့် အာစီနှစ်ထပ်အိမ် ဖြစ်ပြီး ဘုရားစင်ပေါ်တွင် ဖယောင်းတိုင် ဖြင့် ဘုရားမီးပူဇော်ရာမှ စတင်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ အဆိုပါ ဖြစ်စဉ်အား လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၀၄-က ဖြင့် အိမ်ရှင်အမျိုးသားအား အမှုဖွင့်ထားကြောင်း မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

crd : panpyoelat