ဘုရား ႐ုပ္ပြားေတာ္ ဖ်က္ဆီး ခံရျပန္ၿပီ (ၿမိတ္မွာ မေန႔ညက ျဖစ္သြား တာပါ)

ဘုရား ႐ုပ္ပြားေတာ္ ဖ်က္ဆီး ခံရျပန္ၿပီ (ၿမိတ္မွာ မေန႔ညက ျဖစ္သြား တာပါ)

ၿမိတ္ေပၚေတာ္မူ ဘုရားရင္ျပင္မွာ ထားရွိတဲ့ ဘုရား႐ုပ္ပြားေတာ္ ဖ်က္ဆီးခံရ၊ တရားခံကို ဖမ္းမိ

ၿမိတ္ၿမိဳ႕၊ ကလြင္ေက်း႐ြာအုပ္စု ၊ ေပၚေတာ္မူကုန္းရင္ျပင္ တြင္ တည္ထားပူေဇာ္ေန တဲ့ ဒီပကၤရာ ဘုရား႐ုပ္ပြားေတာ္အား ဇြန္လ ၁၃ ရက္ေန႔၊ ည ၈ နာရီခြဲခန႔္ကအမည္မသိအမ်ိဳးသား တစ္ဦးမွ တြန္းလွဲဖ်က္ဆီးခဲ့ေၾကာင္းသိရပါတယ္။

ေပၚေတာ္မူဘုရား ရင္ျပင္တြင္ ပူေဇာ္ထားတဲ့ ဒီပကၤရာဘုရား႐ုပ္ပြားေတာ္အား အမည္မသိ အမ်ိဳးသားတစ္ဦးက ပလႅင္ေပၚမွတြန္းခ်ခဲ့တာေၾကာင့္ ဘုရားဦးေခါင္းေတာ္ျပဳတ္ထြက္ၿပီး ဘယ္ဘက္လက္က်ိဳးပဲ့သြားေၾကာင္းသိရပါတယ္ ။

ဘုရား႐ုပ္ပြားေတာ္ အား တြန္းခ် ဖ်က္ဆီးသူအား ဖမ္းဆီးရမိေရး ကလြင္ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕ ပူးေပါင္းၿပီး ရွာေဖြစုံစမ္းခဲ့ရာ ညတြင္းခ်င္း ဖမ္းမိ ခဲ့ေၾကာင္း သိရပါတယ္။ မည္သည့္ အေၾကာင္းေၾကာင့္ ဘုရား႐ုပ္ပြားေတာ္ကို ဖ်က္ဆီးခဲ့တယ္ဆိုတာကို စုံစမ္း ေမးျမန္းေနေၾကာင္း သိရ ပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)

unicode

ဘုရား ရုပ်ပွားတော် ဖျက်ဆီး ခံရပြန်ပြီ (မြိတ်မှာ မနေ့ညက ဖြစ်သွား တာပါ)

မြိတ်ပေါ်တော်မူ ဘုရားရင်ပြင်မှာ ထားရှိတဲ့ ဘုရားရုပ်ပွားတော် ဖျက်ဆီးခံရ၊ တရားခံကို ဖမ်းမိ

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ၊ ပေါ်တော်မူကုန်းရင်ပြင် တွင် တည်ထားပူဇော်နေ တဲ့ ဒီပင်္ကရာ ဘုရားရုပ်ပွားတော်အား ဇွန်လ ၁၃ ရက်နေ့၊ ည ၈ နာရီခွဲခန့်ကအမည်မသိအမျိုးသား တစ်ဦးမှ တွန်းလှဲဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။

ပေါ်တော်မူဘုရား ရင်ပြင်တွင် ပူဇော်ထားတဲ့ ဒီပင်္ကရာဘုရားရုပ်ပွားတော်အား အမည်မသိ အမျိုးသားတစ်ဦးက ပလ္လင်ပေါ်မှတွန်းချခဲ့တာကြောင့် ဘုရားဦးခေါင်းတော်ပြုတ်ထွက်ပြီး ဘယ်ဘက်လက်ကျိုးပဲ့သွားကြောင်းသိရပါတယ် ။

ဘုရားရုပ်ပွားတော် အား တွန်းချ ဖျက်ဆီးသူအား ဖမ်းဆီးရမိရေး ကလွင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ရှာဖွေစုံစမ်းခဲ့ရာ ညတွင်းချင်း ဖမ်းမိ ခဲ့ကြောင်း သိရပါတယ်။ မည်သည့် အကြောင်းကြောင့် ဘုရားရုပ်ပွားတော်ကို ဖျက်ဆီးခဲ့တယ်ဆိုတာကို စုံစမ်း မေးမြန်းနေကြောင်း သိရ ပါတယ်။

မြတ်ထွဋ် (မြိတ်)