အထွေထွေ သပိတ် မှာ ပြည်သူလူထု နဲ့ အတူ တက်တက်ကြွကြွ နဲ့ ကြွေးကြော်ရင်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ် နေကြတဲ့ အနုပညာရှင်များ
|ပရိသတ်ကြီးရေ ခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နေရာအနှံ့ အပြားမှာ ပြည်သူတွေ သန်းနဲ့ချီပြီးလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။
အနုပညာရှင်တွေ တော်တော်များများ ကလည်း ပြည်သူတွေနဲ့အတူ ပါဝင်ရပ်တည်ခဲ့တာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေနေ့စဉ်တိုင်းပြုလုပ်ခဲ့ကြတာပါ။
ဒီနေ့မှာတော့ သန်းချီစုဝေး အမေစုလွန်မြောက်ရေး ဆိုတဲ့ အထွေထွေသပိတ် ကို ရန်ကုန်မြို့ရဲ့အထင်ကရနေရာဖြစ်တဲ့ဆူးလေ မှာပြုလုပ်ခဲ့ရာ ပြည်သူပေါင်းများစွာနဲ့ အနုပညာရှင်များကလည်း အတူတူရပ်တည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အားရစရာ လူထုကြီးနဲ့အတူ အနုပညာရှင်တွေရဲ့ ပုံရိပ်တွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ေ ဝမျှပေးလိုက်ပါတယ်။
Credit– Cele Zone
zawgyi
Credit– Cele Zone
Photo – Cele Gabar