ပြည်သူလူထု နဲ့ အတူ တစ်တပ်တအား ပါဝင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ဇော်ဝင်းထွဋ်

ဂီတလောကရဲ့ငွေကြယ်ပွင့်တစ်ပွင့်လို့ ဆိုရလောက်အောင် ထူးခြားတဲ့အနုပညာ အရည်အချင်းတွေ ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အသံကောင်းတဲ့အပြင် တေးသီချင်း ကောင်းကောင်းတွေကိုလည်း ဖန်တီးနိုင်စွမ်းရှိတဲ့ ဇော်ဝင်းထွဋ်ကိုတော့ လူကြီးလူငယ် ကျားမမရွေး နှစ်ခြိုက် အားပေးကြတာ ဖြစ်ပါတယ်။

အမာခံပရိသတ်တွေအများအပြား ပိုင်ဆိုင်ထားတဲ့ ဇော်ဝင်းထွဋ် က ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူရဲ့သီချင်းတွေကလည်း ယနေ့ထိတိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာ ထင်ကျန်နေဆဲ ပါပဲနော်။

လတ်တတော့ မှာတော့ ဇော်ဝင်းထွဋ်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူရပ်တည်နေတာလည်းဖြစ်ပါတယ်။အခုလည်း ဖမ်းဆီးခံခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှုမှာပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit – Cele Zone

Photo – Cele Gabar

zawgyi




Credit – Cele Zone

Photo – Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

17 − 17 =