“စိုင်းထီးဆိုင်” ဝင်စားတာလို့ ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ “အာဟာဟိန်း” ရဲ့ အ ကြောင်း (ဗီဒီယိုဖိုင်)

Posted on

အဆိုတော်ကြီး ဦးစိုင်းထီးစိုင်ဟာ မသိတဲ့သူမရှိလောက်အောင် ဂီတလောကကိုအုပ်စိုးနိုင်ခဲ့တဲ့ အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ် ။ သီချင်းကောင်းများစွာကို ရေးသားသီဆိုခဲ့ပြီး အခုလက်ရှိအချိန်ထိတောင် ဦးထီးရဲ့သီချင်းတွေဟာ ပရိသတ်တွေကြားမှာ နားဆင်ခံစားလို့မဝဖြစ်နေဆဲပါ။ ဦးထီးရဲ့သီချင်းတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေဟာ အဆိုတော်အာကာဟိန်း ရဲ့ ဦးထီးသီချင်း Cover Song တွေကိုလည်း အားပေးနှစ်သက်လာခဲ့ကြပါတယ်။ ဦးထီးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့အကြောင်းကို အာကာဟိန်းက Hall of Fame နဲ့ Interview မှာ အခုလိုပဲပြောပြလာခဲ့ပါတယ်။

“ဂီတကို ကိုးနှစ်သားအရွယ်တည်းက ဝါသနာပါပါတယ်။ဦးထီးသီချင်းကို အရင်စဆိုပါတယ်။ ကြိုက်ရတဲ့ အကြောင်းရင်းက ဦးထီးရဲ့အသံ၊ဦးထီးရဲ့ဆိုပုံဆိုဟန်တွေကိုကြိုက်လို့ပါခင်ဗျ ကျွန်တော့်အဖေနားထောင်တာတွေ့တော့ ကျွန်တော်လည်းနားထောင်ရင်းကြိုက်သွားတာပါ ဦးထီးသီချင်းကို ဒီခေတ်ကာလသီချင်းတွေထက်ပိုကြိုက်ပါတယ် ဦးထီးအသံက ကြည်ပြီးတော့ နားထောင် လို့ ကောင်းလို့ပါခင်ဗျ”လို့ပြောသွားခဲ့ပါတယ်။ ဂီတကိုလေ့ကျင့်ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း “သီချင်းကို ညပိုင်းပိုလေ့ကျင့်ပါတယ်။

ဦးထီးသီချင်းထဲမှာ စိတ်ညှို့ရှင်သီချင်းကို အရင်ဆုံးစဆိုဖြစ်ပါတယ်။ ဆိုဖို့အတွက်က တစ်ယောက်တည်းလေ့ကျင့်တာပါ ဆရာမရှိပါဘူး အတီးပိုင်းတွေပဲ ဆရာရှိပါတယ် ဦးထီးသီချင်းတွေက တော်တော်များများ ရပါတယ်။ သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော်အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်ခင်ဗျ”လို့ဖြေခဲ့ပါတယ်။ အာကာဟိန်း ရဲ့ မိခင်ဖြစ်သူကလည်း “ကိုယ်ဝန်စရှိတော့ ထူးထူးခြားခြား အိပ်မက်မက်ဖူးတယ် အစ်မတို့မြို့ရဲ့ အရှေ့မှာ စစ်တောင်းမြစ်ရှိတယ် စစ်တောင်းမြစ် ဟိုဘက်အရှေ့ဘက်ကမ်းမှာ ခင်တန်းလေးဘုန်းကြီးကျောင်းရှိတယ်။

ဘုန်းကြီးက ပျံလွန်မူတော်ကြာပြီ သူ့ကိုကိုယ်ဝန်စရှိတော့ အဲ့ဒီခင်တန်းလေးဘုန်းကြီးဆရာတော်ကြီးကို အိပ်မက်တွေမက်တယ် အိပ်မက်ထဲမှာ ဆရာတော်ကြီးကို ခြေဆုပ်လက်နယ်ပြုနေတာပေါ့နော် သူ့အဖေကြီးကလည်းပြောတယ် ဒီကလေးလေးက လူဝင်စားလေးလားမသိဘူးတဲ့ ထူးခြားလို့လေ အဲ့ဒီလိုမျိုးတော့ အိပ်မက်မက်ဖူးတယ်”လို့ ပြောခဲ့ပါတယ်။ ပရိသတ်ကြီးရော ဦးထီးသီချင်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်လား? အာကာဟိန်းရဲ့ ဦးထီးသီချင်းပြန်လည် သီဆိုထားတာလေးတွေကို နားထောင်အားပေးရင်း ဘယ်လိုခံစားရတယ်ဆိုတာကို မျှဝေပေးခဲ့ပါဦးနော်..

mdatenews