မြန်မာနိုင်ငံ အတွက် တစ်ကမ္ဘာလုံးကို မေတ္တာ ရပ်ခံလိုက်တဲ့ အောင်လအန်ဆန်း

မြန်မာ့စပါးအုံးမြွေလို့ ပရိသတ်တွေက ခေါ်ဆိုကြတဲ့ အောင်လ အန်ဆန် ကတော့ လက်ရှိ မြန်မာ့ ပြည်တွင်းရေး နဲ့ ပက်သတ်ပြီး အစောပိုင်း မှာ ဘာကိုမှလှုပ်ရှားမှုမပြခဲ့တာကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်ခြင် းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်တဲ့ အောင်လ အန်ဆန် ကတော့ ဒီကနေ့မှာတော့ အာဏာသိမ်းခံရတဲ့ (၁၆) ရက်အတွင်းက အဖြစ်အပျက် တွေကို ပြောပြရင်း ကမ္ဘာကြီး အနေနဲ့ မြန်မာ့နိုင်ငံသား တွေရဲ့ အသံကို နားစွင့်ပေးဖို့ မေတ္တာရပ်ခံ လာတာကို တွေ့ရပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတာ ဒီနေ့နဲ့ဆို ၁၆ ရက်ရှိပါပြီ။ ဒီအခြေအနေ ပေါ် ချက်ချင်း ဆိုသလို ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ရဲ ဝန်ထမ်းတွေကပါ CDM လှုပ်ရှားမှုနဲ့အတူ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တွန်းလှန်နေကြပါတယ်။

မမျှော်လင့်စွာပဲဒီရက်တွေမှာနေပြည်တော်၊ မန္တလေးစတဲ့မြို့တွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်း ာတွေက ပိုပြီး ဆိုးရွားလာနေတာ တွေ့ရပါတယ်။ပြီးခဲ့တဲ့ ရက် ကပဲ ကျွန်တော့်မွေးရပ်မြေမြစ်ကြီးနား မှာလည်းပြည်သူတွေပစ်ခတ် နှိမ်နှင်းခံခဲ့ရပါသေးတယ်။ ဒါတင်မကဘူး အာဏာထိန်းသိမ်း တဲ့ အခြေအနေကို ထိပါးခြိမ်းခြောက်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးလို့ရမယ့် ဥပဒေတွေ ကိုပါထပ်ပြီးထုတ်ပြန်တယ်။ ပြည်တွင်းက လူတော်တော် များများလည်း ညကြီးမိုးချုပ် တွေမှာအကြောင်းပြချက်မရှိပဲ ဖမ်းဆီးခံနေရသလို အင်တာနက်သုံးစွဲတာတွေကိုပါထိန်းချုပ်ကန့်သတ်ထားတာ တွေရှိနေတယ်။

အဲ့ဒီအပြင်ဒီကာလမျိုးမှာ အကျဉ်းသား နှစ်သောင်း ကျော်လွှတ်ပေးပြီးတော့ အဲ့ဒီလွတ်လာတဲ့အထဲက တချို့က သာမာန်ပြည် သူတွေလုံခြုံအေးချမ်းမှုကိုအနှောက် အယှက်ဖြစ်မယ့်အပြုအမူတွေလုပ်လာနေကြတယ်။” “လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပါတီတွင်းက ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း ထိမ်းသိမ်း ခံနေရပြီး သူတို့နဲ့ပတ်သက်တဲ့ သတင်းတိတိကျကျတောင်မှ ကျွန်တော်တို့ မကြားရသေးဘူး။ဒီအခြေနေတွေအားလုံးအပေါ်မှာ ကျွန်တော် စိတ်မကောင်းကြီးစွာဖြစ်ရပါတယ်။မြန်မာနိုင်ငံက ဒီမိုကရေစီအရသာကို ခံစားရတာနှစ် အနည်းငယ်ပဲရှိပါသေးတယ်။ အခုတော့ဒါတွေ အားလုံးက လက်ရှိအခြေအနေမှာပျက်စီးခဲ့ရပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံသားတွေတညီတည်းရှိနေတဲ့ဆန္ဒတွေက ဒီအာဏာသိမ်းမှုကို နောက်ပြန်လှည့်ပေးဖို့ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့နဲ့ ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တစ်ကမ္ဘာလုံးကို မေတ္တာရပ်ခံချင်တာက ဒီအခြေအနေမှာ မြန်မာနိုင်ငံသားတွေရဲ့အသံကို နားစွင့်ပေးဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်အသွင်ကူးပြောင်းနိုင်ဖို့အတွက် သူတို့အကူအညီတွေပြသပေးဖို့ပါ။” “ဒီအခြေအနေကို ငြိမ်းချမ်းစွာ တွန်းလှန်ဖို့ကြိုးစားကြတဲ့ ဘယ်လှုပ်ရှားမှု ကို မဆို ကျွန်တော်ထောက်ခံ အားပေးပါတယ်။နောက်ထပ် ကျွန်တော် တိုက်တွန်းချင်တာက နိုင်ငံသားကောင်းပီသစွာ ယဉ်ကျေးမှုရှိရှိတုံ့ပြန်ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ မိမိတို့ဆန္ဒရှိရာကို ဆက်လက် ထုတ်ဖေါ်ပေးဖို့ပါ။ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ရန်လိုမှုနဲ့စရင် ရန်လိုမှုနဲ့ပဲ ကြုံကြရလိမ့်မယ်။

ဒါတွေကိုကျော်ဖြတ် ဖို့အတွက် တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ အာရုံ စူးစိုက်မှုရှိဖို့ပဲလိုပါတယ်။ဒီလိုအခြေအနေမှာ ကျွန်တော်တို့နိုင်ငံသားတွေအားလုံးဘေးကင်းစေဖို့ ကျွန်တော်ဆက်ပြီးဆုတောင်းနေပါမယ်။ Stay strong and God Bless the people of Myanmar!” ဆိုပြီး အင်္ဂလိပ်ဘာသာစကားနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာ ဖြစ်ပါတယ်။

အောင်လအန်ဆန် ကတော့ ကချင်တိုင်းရင်းသား တစ်ယောက်အဖြစ် စစ်အကြမ်း ဖက်မှုတွေကို ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာလည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ အသံကို နားစွင့်ပေးဖို့ နိုင်ငံတကာ ကို မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးသာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Aung La Nsang(Burmese Python)’s fb
Credit:Cele Connections

zawgyi

ျမန္မာ့စပါးအုံးေႁမြလို႔ ပရိသတ္ေတြက ေခၚဆိုၾကတဲ့ ေအာင္လ အန္ဆန္ ကေတာ့ လက္ရွိ ျမန္မာ့ ျပည္တြင္းေရး နဲ႔ ပက္သတ္ၿပီး အေစာပိုင္း မွာ ဘာကိုမွလႈပ္ရွားမႈမျပခဲ့တာေၾကာင့္ ပရိသတ္အခ်ိဳ႕ရဲ႕ ေဝဖန္ျခင္ းကို ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ကမာၻ႔ခ်န္ပီယံ တစ္ေယာက္ျဖစ္တဲ့ ေအာင္လ အန္ဆန္ ကေတာ့ ဒီကေန႔မွာေတာ့ အာဏာသိမ္းခံရတဲ့ (၁၆) ရက္အတြင္းက အျဖစ္အပ်က္ ေတြကို ေျပာျပရင္း ကမာၻႀကီး အေနနဲ႔ ျမန္မာ့ႏိုင္ငံသား ေတြရဲ႕ အသံကို နားစြင့္ေပးဖို႔ ေမတၱာရပ္ခံ လာတာကို ေတြ႕ရပါတယ္။ “ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တပ္မေတာ္က အာဏာသိမ္းတာ ဒီေန႔နဲ႔ဆို ၁၆ ရက္ရွိပါၿပီ။ ဒီအေျခအေန ေပၚ ခ်က္ခ်င္း ဆိုသလို ျပည္သူေတြ၊ အစိုးရဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ ေရွ႕ေနေတြနဲ႔ရဲ ဝန္ထမ္းေတြကပါ CDM လႈပ္ရွားမႈနဲ႔အတူ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းနဲ႔ တြန္းလွန္ေနၾကပါတယ္။

မေမွ်ာ္လင့္စြာပဲဒီရက္ေတြမွာေနျပည္ေတာ္၊ မႏၲေလးစတဲ့ၿမိဳ႕ေတြမွာ ဆႏၵျပသူေတြကို ၿဖိဳခြင္း ာေတြက ပိုၿပီး ဆိုး႐ြားလာေနတာ ေတြ႕ရပါတယ္။ၿပီးခဲ့တဲ့ ရက္ ကပဲ ကြၽန္ေတာ့္ေမြးရပ္ေျမျမစ္ႀကီးနား မွာလည္းျပည္သူေတြပစ္ခတ္ ႏွိမ္ႏွင္းခံခဲ့ရပါေသးတယ္။ ဒါတင္မကဘူး အာဏာထိန္းသိမ္း တဲ့ အေျခအေနကို ထိပါးၿခိမ္းေျခာက္တဲ့ ဘယ္သူ႔ကိုမဆို ဖမ္းဆီးလို႔ရမယ့္ ဥပေဒေတြ ကိုပါထပ္ၿပီးထုတ္ျပန္တယ္။ ျပည္တြင္းက လူေတာ္ေတာ္ မ်ားမ်ားလည္း ညႀကီးမိုးခ်ဳပ္ ေတြမွာအေၾကာင္းျပခ်က္မရွိပဲ ဖမ္းဆီးခံေနရသလို အင္တာနက္သုံးစြဲတာေတြကိုပါထိန္းခ်ဳပ္ကန႔္သတ္ထားတာ ေတြရွိေနတယ္။

အဲ့ဒီအျပင္ဒီကာလမ်ိဳးမွာ အက်ဥ္းသား ႏွစ္ေသာင္း ေက်ာ္လႊတ္ေပးၿပီးေတာ့ အဲ့ဒီလြတ္လာတဲ့အထဲက တခ်ိဳ႕က သာမာန္ျပည္ သူေတြလုံၿခဳံေအးခ်မ္းမႈကိုအေႏွာက္ အယွက္ျဖစ္မယ့္အျပဳအမူေတြလုပ္လာေနၾကတယ္။” “ေလာေလာဆယ္မွာ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ပါတီတြင္းက ေခါင္းေဆာင္ေတြ၊ အစိုးရအဖြဲ႕ဝင္ေတြလည္း ထိမ္းသိမ္း ခံေနရၿပီး သူတို႔နဲ႔ပတ္သက္တဲ့ သတင္းတိတိက်က်ေတာင္မွ ကြၽန္ေတာ္တို႔ မၾကားရေသးဘူး။ဒီအေျခေနေတြအားလုံးအေပၚမွာ ကြၽန္ေတာ္ စိတ္မေကာင္းႀကီးစြာျဖစ္ရပါတယ္။ျမန္မာႏိုင္ငံက ဒီမိုကေရစီအရသာကို ခံစားရတာႏွစ္ အနည္းငယ္ပဲရွိပါေသးတယ္။ အခုေတာ့ဒါေတြ အားလုံးက လက္ရွိအေျခအေနမွာပ်က္စီးခဲ့ရပါတယ္။

လတ္တေလာမွာ ျမန္မာႏိုင္ငံသားေတြတညီတည္းရွိေနတဲ့ဆႏၵေတြက ဒီအာဏာသိမ္းမႈကို ေနာက္ျပန္လွည့္ေပးဖို႔ ဖမ္းဆီးခံထားရတဲ့ေ႐ြးေကာက္ခံေခါင္းေဆာင္ေတြကို ျပန္လႊတ္ဖို႔နဲ႔ ဒီမိုကေရစီစနစ္ကိုျပန္လည္ထူေထာင္ဖို႔ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တစ္ကမာၻလုံးကို ေမတၱာရပ္ခံခ်င္တာက ဒီအေျခအေနမွာ ျမန္မာႏိုင္ငံသားေတြရဲ႕အသံကို နားစြင့္ေပးဖို႔နဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ျပန္လည္အသြင္ကူးေျပာင္းႏိုင္ဖို႔အတြက္ သူတို႔အကူအညီေတြျပသေပးဖို႔ပါ။” “ဒီအေျခအေနကို ၿငိမ္းခ်မ္းစြာ တြန္းလွန္ဖို႔ႀကိဳးစားၾကတဲ့ ဘယ္လႈပ္ရွားမႈ ကို မဆို ကြၽန္ေတာ္ေထာက္ခံ အားေပးပါတယ္။ေနာက္ထပ္ ကြၽန္ေတာ္ တိုက္တြန္းခ်င္တာက ႏိုင္ငံသားေကာင္းပီသစြာ ယဥ္ေက်းမႈရွိရွိတုံ႔ျပန္ဖို႔၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း နဲ႔ မိမိတို႔ဆႏၵရွိရာကို ဆက္လက္ ထုတ္ေဖၚေပးဖို႔ပါ။ ဆႏၵထုတ္ေဖာ္တဲ့ေနရာမွာ ရန္လိုမႈနဲ႔စရင္ ရန္လိုမႈနဲ႔ပဲ ႀကဳံၾကရလိမ့္မယ္။

ဒါေတြကိုေက်ာ္ျဖတ္ ဖို႔အတြက္ တည္တည္ၿငိမ္ၿငိမ္ရွိဖို႔နဲ႔ အာ႐ုံ စူးစိုက္မႈရွိဖို႔ပဲလိုပါတယ္။ဒီလိုအေျခအေနမွာ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြအားလုံးေဘးကင္းေစဖို႔ ကြၽန္ေတာ္ဆက္ၿပီးဆုေတာင္းေနပါမယ္။ Stay strong and God Bless the people of Myanmar!” ဆိုၿပီး အဂၤလိပ္ဘာသာစကားနဲ႔ သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာထားတာ ျဖစ္ပါတယ္။

ေအာင္လအန္ဆန္ ကေတာ့ ကခ်င္တိုင္းရင္းသား တစ္ေယာက္အျဖစ္ စစ္အၾကမ္း ဖက္မႈေတြကို ငယ္စဥ္ကတည္းက ႀကဳံေတြ႕ခဲ့ဖူးသူျဖစ္ၿပီး လက္ရွိမွာလည္း ျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ျမန္မာတို႔ရဲ႕ အသံကို နားစြင့္ေပးဖို႔ ႏိုင္ငံတကာ ကို ေမတၱာရပ္ခံလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးသာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုကၸါတယ္ေနာ္။

Source: Aung La Nsang(Burmese Python)’s fb
Credit:Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

one × 4 =