အမေရိကားမှာ ကျောင်းတက်ဖို့ဝင်ခွင့်ဖြေတာ အောင်မြင်ခဲ့တဲ့ သမီးလေးကြောင့် ဝမ်းသာဂုဏ်ယူနေတဲ့ “မေကဗျာ”

Posted on

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်မေကဗျာက America မှာ ကျောင်းတက် ဖို့ ဝင်ခွင့်ဖြေတာ အောင်မြင်ခဲ့တဲ့သမီးလေးကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အကြောင်းကိုအခုလို ပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်မေကဗျာက Congrulations သဲလေး America မှာကျောင်းတက်ဖို့အတွက် ၄ နှစ်တက် ရမဲ့ကျောင်းကို ကုန်ကျစရိတ်သက်သာအောင်စာကြိုးစားပီးဝင်ဖြေတာ ခုတော့ ၃ နှစ်နဲ့ကျောင်းပီး အောင်တက်ခွင့်ရခဲ့ပီ၊ သူငယ်ချင်း ၃ ယောက်ဝင်ဖြေတာ သူတယောက်ပဲတက်ခွင့်ရလို့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်နေရတယ်၊ သူ့မှာမပျော်နိုင်ဘူး သူ့သူငယ်ချင်းတွေကိုပဲ အားပေးနေသောသဲလေး။

ဘဝမှာဒီထက်မကထူးချွန်ထက်မြတ်တဲ့ သမီးရတနာလေးဖြစ်ပါစေ သူ့မှာ တော်တော်ကြိုးစားပီးဖြေခဲ့ရတယ် မိသားစု ကမဖြေနိုင်မှာစိတ်ပူမှာစိုးလို့ မပူဖို့ကိုလည်းပြောရသေး ညသန်ခေါင်အချိန်တွေဖြေရတော့ ပင်ပန်း ဖွားပူကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘုရားတွေရှိခိုးပုတီးတွေစိပ် ခုတော့ရင်အေးရပါပီ ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

crd

zawgyi




crd