ဖတ်ရသူတွေ ရင်ထဲမှာပါ စို့နစ်ပြီး ဝမ်းနည်းသွားစေ တဲ့ ကွယ်လွန်သူ မြသွဲ့သွဲ့ခိုင် အတွက် G Fatt ရဲ့ ဆုတောင်းစကားလေး

ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ကတော့ လက်ရှိ မြန်မာ့ ပြည်တွင်းရေး အတွက် လှုပ်ရှားနေကြတာပဲ ဖြစ်ပါတယ်။ လူငယ် အဆိုတော် G Fatt ကလည်း လက်ရှိ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပြည်သူ့အစိုးရကို ဖမ်းစီးထားတဲ့ စစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။မနေ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာတော့ နေပြည်တော် သပြေကုန်းမှာ ဆန္ဒပြရင်း ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်သွားတဲ့ မြသွဲ့သွဲ့ခိုင်တစ်ယောက် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး G Fatt က သူ့ရဲ့ညီမအရွယ်သာရှိသေးတဲ့ မြသွဲ့သွဲ့ခိုင်အတွက် အခုလိုပဲ ဆုတောင်းပေးထားတာကိုတွေ့ရပါတယ်။

“ညီမလေးရေ သံသရာက မလွတ်သရွေ့ ဒီလိုနိုင်ငံမှာ လူပြန် မဝင်စားပါစေနဲ့ေ တော့ကွယ် . အကိုတို့ ညီမလေးကို အာဇာနည်အဖြစ် လေးစားဂုဏ်ပြုနေမှာပါ ညီမလေးက ၁၉နှစ်တဲ့..ဘဝမှာ ကိုယ်ရူးသွပ်ချင်ရာကို တစ်စိုက်မက်မက်ရူးသွပ်လို့ရတဲ့အရွယ်ပေါ့ကွယ်ကောင်းရာဘုံဘဝမှာ ရောက်ရှိ နားခိုပါစေကွယ်။ အကိုပြုဖူးသမျှ ကုသိုလ်တွေ အမျှပါကွယ် မိသားစု နဲ့ထပ်တူကြေကွဲရပါတယ် .. ညီမလေး အော်ဟစ်တောင်းတ ခဲ့တဲ့ ဒီမိုကရေစီ ၊ သမ္မတကြီးနဲ့ အမေစု လွတ်မြောက်ရေး အစ်ကိုတို့ ဆက်တိုက်ပွဲဝင်တောင်းဆိုသွားမယ်ညီမလေးရေ ..”ဆိုပြီး ဆုတောင်းပေးထား တာကို တွေ့ရပါတယ်။

G Fatt ကတော့ ကွယ်လွန်သူ လေး မြသွဲ့သွဲ့ခိုင် အတွက် ဆုတောင်း ပေးထားတဲ့ ဆုတောင်း စကားလေးကတော့ ဖတ်ရသူတွေရင်ထဲ မှာပါ စို့နစ်ပြီး ဝမ်းနည်းသွားစေတာ အမှန်ပါပဲ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: G Fatt’s fb
Credit:Cele Connections

zawgyi




Source: G Fatt’s fb

Add a Comment

Your email address will not be published. Required fields are marked *

four × 3 =