ငယ်ဘဝတုန်း အချိန်တွေကိုပြန်လိုချင်ကြောင်း ရင်ဖွင့်လာခဲ့တဲ့ အဆိုတော် “အေးချမ်းမေ”

အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းများစွာကို သီဆိုနေသူ ကတော့ အဆိုတော် အေး ချမ်းမေပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိ ပြည်ပနိုင်ငံမှာနေထိုင်ရင်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့သီချင်းလေးတွေကို အခုထိ အားပေးနားဆင်နေကြဆဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေ အမြဲသိရှိနိုင်အောင် အမြဲလိုလို ဝေမျှပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေချစ်ရတဲ့ အေးချမ်းမေဟာ ဒီကနေ့မှာတော့ သူမရဲ့ ချစ်စရာ ကောင်းတဲ့ ငယ်ဘဝပုံရိပ်လေးကို ပြသလာပါတယ်။ အေးချမ်းမေက သူမငယ်ငယ်ကဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေရင်း “ဒီအချိန်တွေပြန်လိုချင်တယ်။ သြော်.. အသက်တွေကြီးလာပြီပဲ။ ဘယ်နေ့သွားရမလဲမသိ.. ဘဝ.. ဘဝ.. ဘဝ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

အေးချမ်းမေကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကတော့ အရင်အတိုင်းချစ်ခင်အားပေးနေကြဆဲဖြစ်ပြီး သူမရဲ့သီချင်းတွေဟာလည်း လတ်ဆတ်နေဆဲဖြစ်ပါတယ်။အသက်ကြီးပေမယ့်လည်း လှမြဲလှဆဲဖြစ်နေတဲ့ း အေးချမ်းမေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုကြည့်ပြီး တချိန်က အေးချမ်းမေကို သတိရနေကြမယ် ထင်ပါတယ်နော်။

Source: Aye Chan May’s fb