တကၠသိုလ္ ဝင္တန္းေအာင္စာရင္း ကို အြန္လိုင္း စနစ္တစ္မ်ိဳးတည္းနဲ႔သာ ထုတ္ျပန္မည္

တကၠသိုလ္ ဝင္တန္းေအာင္စာရင္း ကို အြန္လိုင္း စနစ္တစ္မ်ိဳးတည္းနဲ႔သာ ထုတ္ျပန္မည္

ဆယ္တန္းေအာင္စာရင္းကို လာေရာက္ၾကည့္ရႈသူမ်ားႏိုင္ တာေၾကာင့္ အကန႔္အသတ္ နဲ႔ ၾကည့္ရႈခြင့္ေပးဖို႔ အခက္အခဲရွိေနပါတယ္။ တကၠသိုလ္ဝင္တန္းေအာင္စာရင္းေတြကို ၾသဂုတ္လေနာက္ပိုင္းမွ ထုတ္ျပန္ေပးသြားဖို႔ ရွိေနၿပီး အြန္လိုင္းစနစ္တစ္မ်ိဳးတည္းနဲ႔သာ ထုတ္ျပန္ေပးမယ္လို႔ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫြန႔္က ေျပာပါတယ္။ ႏွစ္စဥ္ တကၠသိုလ္ဝင္တန္းေအာင္ စာရင္းေတြကို အြန္လိုင္းစနစ္၊ စာသင္ေက်ာင္းေတြမွာ ကပ္တဲ့စနစ္ ဆိုၿပီး စနစ္ ႏွစ္မ်ိဳးနဲ႔ ထုတ္ျပန္ေပး ေနရာ ယခုႏွစ္မွာေတာ့ လူစုလူေဝးေတြ မျဖစ္ေအာင္ Social Distancing (ခပ္ခြာခြာေနျခင္း) ဆိုတဲ့ ကိုဗစ္ ကာကြယ္ေရးကန႔္သတ္ခ်က္ေတြေၾကာင့္ ေအာင္စာရင္း ကို စာသင္ေက်ာင္းေတြမွာကပ္ဖို႔ အခက္အခဲရွိေနတယ္လို႔ ဦးမ်ိဳးၫႊန႔္က ဆိုပါတယ္။

“ေအာင္စာရင္းကို အျပင္မွာ လာၾကည့္တဲ့ သူေတြကမ်ားေတာ့ Social Distancing နဲ႔ လုပ္ဖို႔က အခက္အခဲျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ အြန္လိုင္းသီးသန႔္ပဲ လုပ္ဖို႔စီစဥ္ ထားပါတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ္တိုင္ အျပင္မွာ လာၾကည့္မွ ေက်နပ္ၾကတယ္။ ဒါေပမယ့္ က်န္းမာေရး ဆိုေတာ့ သည္းခံရမွာေပါ့။ ေအာင္စာရင္း ထုတ္ျပန္မယ့္ အခ်ိန္မွာ ကိုဗစ္ကလည္း ၿငိမ္သြားမယ္။ လူစုလူေဝးေတြ မလုပ္ရဘူးဆိုတဲ့ ကန႔္သတ္ခ်က္ေတြမရွိေတာ့ဘူးဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ အရင္လိုပဲ ေက်ာင္းေတြမွာ ကပ္ေပးမွာပါ။ အတိအက်ေတာ့ ေျပာလို႔ မရေသးပါဘူး။ အေျခအေနေပၚ မူတည္ၿပီးဆုံးျဖတ္မွာပါ။ “ လို႔ ဦးမ်ိဳးၫြန႔္ကဆိုပါတယ္။ လက္ရွိေတာ့ တကၠသိုလ္ဝင္တန္း အေျဖလႊာေတြကို တစ္ႏိုင္ငံလုံးကတကၠသိုလ္ ဆယ္ခုမွာ ဇြန္လ ၅ ရက္ကေန ၁၉ ရက္အထိ စစ္ေဆးေနၿပီး ေအာင္စာရင္းေတြကိုေတာ့ ၾသဂုတ္လေနာက္ပိုင္းမွာမွ ထုတ္ျပန္ေပးသြားမွာ ျဖစ္ကာ အခ်ိန္အတိအက်ကို ေၾကညာေပးမယ္ လို႔လည္း ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက ဆိုပါတယ္။

“ေအာင္စာရင္းေတြကို ေက်ာင္းေတြ မွာ ကပ္ထားေပးမယ္ ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ သြားၾကည့္ခ်င္ၾကမွာပဲေလ။ အဲဒီအခါ ေရာဂါအတြက္ စိုးရိမ္စရာျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ အြန္လိုင္းစနစ္တစ္မ်ိဳးတည္း နဲ႔ပဲ ထုတ္ျပန္ေပးမယ္ ဆိုရင္ အျပင္မွာ သြားၾကည့္စရာ မလိုေတာ့ပါဘူး။ ေက်ာင္းသားေတြ အတြက္ေရာ မိဘေတြအတြက္ေရာ အဆင္ေျပပါတယ္။” လို႔ တကၠသိုလ္ဝင္တန္းေျဖဆိုထားသူ ေက်ာင္းသားတစ္ဦးရဲ႕ ဖခင္ျဖစ္သူ ကိုထိန္လင္းက ေျပာပါတယ္။ဒါ့အျပင္ အခုႏွစ္ အတြက္ သူငယ္တန္းကေန နဝမတန္းအထိ အေျခခံပညာအတန္း ေအာင္စာရင္းေတြ ကိုလည္း ဇြန္လ ၁၃ ရက္က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သက္ဆိုင္ရာေက်ာင္းေတြမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကိုဗစ္ကာလမွာ ပထမဆုံး ထုတ္ျပန္ေၾကညာခဲ့ရတဲ့ ေအာင္စာရင္း ျဖစ္တာေၾကာင့္ လူစု လူေဝးမျဖစ္ေအာင္ လူ အကန႔္အသတ္နဲ႔သာၾကည့္ရႈခြင့္ရျခင္း၊ ေအာင္စာရင္း ၾကည့္ရာ မွာ တစ္ဦးနဲ႔ တစ္ဦး ၆ ေပျခားႏိုင္ေအာင္ ေနရာသတ္မွတ္ေပးထားျခင္း၊ လာၾကည့္သူေတြကို အပူခ်ိန္တိုင္း ေပးျခင္းစတဲ့ စတဲ့ အစီအစဥ္ေတြနဲ႔ ေဆာင္႐ြက္ေပးခဲ့တယ္ လို႔လည္း သိရပါတယ္။

Credit Duwun

unicode

တက္ကသိုလ် ဝင်တန်းအောင်စာရင်း ကို အွန်လိုင်း စနစ်တစ်မျိုးတည်းနဲ့သာ ထုတ်ပြန်မည်

ဆယ်တန်းအောင်စာရင်းကို လာရောက်ကြည့်ရှုသူများနိုင် တာကြောင့် အကန့်အသတ် နဲ့ ကြည့်ရှုခွင့်ပေးဖို့ အခက်အခဲရှိနေပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို သြဂုတ်လနောက်ပိုင်းမှ ထုတ်ပြန်ပေးသွားဖို့ ရှိနေပြီး အွန်လိုင်းစနစ်တစ်မျိုးတည်းနဲ့သာ ထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင် စာရင်းတွေကို အွန်လိုင်းစနစ်၊ စာသင်ကျောင်းတွေမှာ ကပ်တဲ့စနစ် ဆိုပြီး စနစ် နှစ်မျိုးနဲ့ ထုတ်ပြန်ပေး နေရာ ယခုနှစ်မှာတော့ လူစုလူဝေးတွေ မဖြစ်အောင် Social Distancing (ခပ်ခွာခွာနေခြင်း) ဆိုတဲ့ ကိုဗစ် ကာကွယ်ရေးကန့်သတ်ချက်တွေကြောင့် အောင်စာရင်း ကို စာသင်ကျောင်းတွေမှာကပ်ဖို့ အခက်အခဲရှိနေတယ်လို့ ဦးမျိုးညွှန့်က ဆိုပါတယ်။

“အောင်စာရင်းကို အပြင်မှာ လာကြည့်တဲ့ သူတွေကများတော့ Social Distancing နဲ့ လုပ်ဖို့က အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းသီးသန့်ပဲ လုပ်ဖို့စီစဉ် ထားပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင် အပြင်မှာ လာကြည့်မှ ကျေနပ်ကြတယ်။ ဒါပေမယ့် ကျန်းမာရေး ဆိုတော့ သည်းခံရမှာပေါ့။ အောင်စာရင်း ထုတ်ပြန်မယ့် အချိန်မှာ ကိုဗစ်ကလည်း ငြိမ်သွားမယ်။ လူစုလူဝေးတွေ မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေမရှိတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ အရင်လိုပဲ ကျောင်းတွေမှာ ကပ်ပေးမှာပါ။ အတိအကျတော့ ပြောလို့ မရသေးပါဘူး။ အခြေအနေပေါ် မူတည်ပြီးဆုံးဖြတ်မှာပါ။ “ လို့ ဦးမျိုးညွန့်ကဆိုပါတယ်။ လက်ရှိတော့ တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေကို တစ်နိုင်ငံလုံးကတက္ကသိုလ် ဆယ်ခုမှာ ဇွန်လ ၅ ရက်ကနေ ၁၉ ရက်အထိ စစ်ဆေးနေပြီး အောင်စာရင်းတွေကိုတော့ သြဂုတ်လနောက်ပိုင်းမှာမှ ထုတ်ပြန်ပေးသွားမှာ ဖြစ်ကာ အချိန်အတိအကျကို ကြေညာပေးမယ် လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆိုပါတယ်။

“အောင်စာရင်းတွေကို ကျောင်းတွေ မှာ ကပ်ထားပေးမယ် ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ချင်ကြမှာပဲလေ။ အဲဒီအခါ ရောဂါအတွက် စိုးရိမ်စရာဖြစ်နိုင်တယ်။ ဒါကြောင့် အွန်လိုင်းစနစ်တစ်မျိုးတည်း နဲ့ပဲ ထုတ်ပြန်ပေးမယ် ဆိုရင် အပြင်မှာ သွားကြည့်စရာ မလိုတော့ပါဘူး။ ကျောင်းသားတွေ အတွက်ရော မိဘတွေအတွက်ရော အဆင်ပြေပါတယ်။” လို့ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူ ကိုထိန်လင်းက ပြောပါတယ်။ဒါ့အပြင် အခုနှစ် အတွက် သူငယ်တန်းကနေ နဝမတန်းအထိ အခြေခံပညာအတန်း အောင်စာရင်းတွေ ကိုလည်း ဇွန်လ ၁၃ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာကျောင်းတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ပထမဆုံး ထုတ်ပြန်ကြေညာခဲ့ရတဲ့ အောင်စာရင်း ဖြစ်တာကြောင့် လူစု လူဝေးမဖြစ်အောင် လူ အကန့်အသတ်နဲ့သာကြည့်ရှုခွင့်ရခြင်း၊ အောင်စာရင်း ကြည့်ရာ မှာ တစ်ဦးနဲ့ တစ်ဦး ၆ ပေခြားနိုင်အောင် နေရာသတ်မှတ်ပေးထားခြင်း၊ လာကြည့်သူတွေကို အပူချိန်တိုင်း ပေးခြင်းစတဲ့ စတဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးခဲ့တယ် လို့လည်း သိရပါတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *

one × two =