အေဖာက္ ခံရသည္မွာ ပုဂံဘုရား (၁၂) ဆူထဲျဖစ္၊ က်န္ဘုရားမ်ား မူလ ထဲက ဌာပနာ မရွိဟု ဆို

အေဖာက္ ခံရသည္မွာ ပုဂံဘုရား (၁၂) ဆူထဲျဖစ္၊ က်န္ဘုရားမ်ား မူလ ထဲက ဌာပနာ မရွိဟုဆို

ပုဂံရွိ ဌာပနာအေဖာက္ ခံရသည္ဟု ယူဆ ရေသာ ဘုရား (၃၃) ဆူ ကို စစ္ေဆး ခဲ့ရာ ဘုရား (၁၂)ဆူမွာ အမွန္တကယ္ဌာပနာ အေဖာက္ ခံရျခင္းျဖစ္ၿပီး က်န္ (၂၁)ဆူ မွာ မူလကတည္းက ဌာပနာ ထည့္သြင္းခဲ့ျခင္း မရွိဘူးလို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနကေန သိရ ပါတယ္။

ဌာနပနာ ေဖာက္ခံ ရသည့္ ဘုရား (၁၂)ဆူမွာ ဘုရားအမွတ္ (၁၈၈၂)၊ ဘုရားအမွတ္ (၁၈၇၇)၊ ဘုရား အမွတ္ (၁၈၇၅) ဂူပုထိုး၊ ယာယီနံပါတ္ (၁၉၀၆-၁၈၃၉)၊ဘုရားအမွတ္ (၁၈၉၇)၊ ဘုရားအမွတ္ (၇၅၃)၊ ဘုရားအမွတ္ (၇၅၁-က)၊ ဘုရားအမွတ္ (၂၀၆၉ -က)၊ ဘုရားအမွတ္ (၁၅၈၉ -က)၊ ဘုရားအမွတ္ (၁၆၀၆)၊ ဘုရားအမွတ္ (၂၀၇၉ – င)ႏွင့္ ဘုရားအမွတ္ (၂၀၈၂)တို႔ ျဖစ္ပါတယ္။

မူလကတည္းက ဌာပနာ ထည့္သြင္းခဲ့ျခင္း မရွိတဲ့ ဘုရားမွာ ၂၁ ဆူျဖစ္ၿပီး ပုဂံေဒသရွိ ေစတီပုထိုးမ်ားကို ေရွးသု ဦးစီးဌာနက အသစ္ျပဳျပင္မြမ္းမံခဲ့စဥ္ အလႉရွင္မ်ား လႉဒါန္းပူေဇာ္၍ ဌာပနာႏိုင္ရန္အတြက္ (၁-ေပ) ပတ္လည္ခန႔္ ခ်န္ထားခဲ့သည့္ ဘုရားမ်ား ျဖစ္တယ္လို႔ သိရပါတယ္။

“ဌာပနာေတာင္ မသြင္းဘဲ ဒီအတိုင္း ထားခဲ့ၾကတာ ဆိုေတာ့ ဒီအေပၚ မွတ္ခ်က္ျပဳ မေျပာခ်င္ပါဘူး။ငလ်င္လႈပ္တုန္းကဆို အခ်ိဳ႕ဆို ဘာလႉပါ့မယ္။ညာလႉပါ့မယ္ဆိုၿပီး စာရင္းေတြေပး။ေနာက္ ေပၚမလာတာေတြလည္း ရွိတယ္။အခ်ိဳ႕ဆို လႉခ်င္တာေတာင္ စာရင္းမရေတာ့လို႔ မလႉလိုက္ရတာေတာင္ ရွိတယ္”ဟု ေညာင္ဦး မဲဆႏၵနယ္မွ အမွတ္(၂)တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိန္က ေျပာပါတယ္။

လက္ရွိတြင္ ပုဂံေဒသကို ရဲတပ္ရင္း မ်ားျဖင့္ လုံၿခဳံေရးရယူေနသည့္ အျပင္ ဌာပနာမ်ား ေဖာက္ထြင္းခိုးယူသည့္ကိစၥကိုလည္း တာဝန္ရွိသူမ်ားက စုံစမ္း ေဖာ္ထုတ္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

crd : whitesone

unicode

အဖောက် ခံရသည်မှာ ပုဂံဘုရား (၁၂) ဆူထဲဖြစ်၊ ကျန်ဘုရားများ မူလ ထဲက ဌာပနာ မရှိဟု ဆို

ပုဂံရှိ ဌာပနာအဖောက် ခံရသည်ဟု ယူဆရသော ဘုရား (၃၃) ဆူ ကို စစ်ဆေး ခဲ့ရာ ဘုရား (၁၂)ဆူမှာ အမှန်တကယ်ဌာပနာ အဖောက် ခံရခြင်းဖြစ်ပြီး ကျန် (၂၁)ဆူ မှာ မူလကတည်းက ဌာပနာ ထည့်သွင်းခဲ့ခြင်း မရှိဘူးလို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကနေ သိရ ပါတယ်။

ဌာနပနာ ဖောက်ခံ ရသည့် ဘုရား (၁၂)ဆူမှာ ဘုရားအမှတ် (၁၈၈၂)၊ ဘုရားအမှတ် (၁၈၇၇)၊ ဘုရားအမှတ် (၁၈၇၅) ဂူပုထိုး၊ ယာယီနံပါတ် (၁၉၀၆-၁၈၃၉)၊ဘုရားအမှတ် (၁၈၉၇)၊ ဘုရားအမှတ် (၇၅၃)၊ ဘုရားအမှတ် (၇၅၁-က)၊ ဘုရားအမှတ် (၂၀၆၉ -က)၊ ဘုရားအမှတ် (၁၅၈၉ -က)၊ ဘုရားအမှတ် (၁၆၀၆)၊ ဘုရားအမှတ် (၂၀၇၉ – င)နှင့် ဘုရားအမှတ် (၂၀၈၂)တို့ ဖြစ်ပါတယ်။

မူလကတည်းက ဌာပနာ ထည့်သွင်းခဲ့ခြင်း မရှိတဲ့ ဘုရားမှာ ၂၁ ဆူဖြစ်ပြီး ပုဂံဒေသရှိ စေတီပုထိုးများကို ရှေးသု ဦးစီးဌာနက အသစ်ပြုပြင်မွမ်းမံခဲ့စဉ် အလှူရှင်များ လှူဒါန်းပူဇော်၍ ဌာပနာနိုင်ရန်အတွက် (၁-ပေ) ပတ်လည်ခန့် ချန်ထားခဲ့သည့် ဘုရားများ ဖြစ်တယ်လို့ သိရပါတယ်။

“ဌာပနာတောင် မသွင်းဘဲ ဒီအတိုင်း ထားခဲ့ကြတာဆိုတော့ ဒီအပေါ် မှတ်ချက်ပြု မပြောချင်ပါဘူး။ငလျင်လှုပ်တုန်းကဆို အချို့ဆို ဘာလှူပါ့မယ်။ညာလှူပါ့မယ်ဆိုပြီး စာရင်းတွေပေး။နောက် ပေါ်မလာတာတွေလည်း ရှိတယ်။အချို့ဆို လှူချင်တာတောင် စာရင်းမရတော့လို့ မလှူလိုက်ရတာတောင် ရှိတယ်”ဟု ညောင်ဦး မဲဆန္ဒနယ်မှ အမှတ်(၂)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောပါတယ်။

လက်ရှိတွင် ပုဂံဒေသကို ရဲတပ်ရင်း များဖြင့် လုံခြုံရေးရယူနေသည့် အပြင် ဌာပနာများ ဖောက်ထွင်းခိုးယူသည့်ကိစ္စကိုလည်း တာဝန်ရှိသူများက စုံစမ်း ဖော်ထုတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

8 + three =