“လင်းညှို့တာရာ” ရဲ့ ဟောကိန်း နဲ့ ထူးဆန်းစွာ တိုက်ဆိုင်နေတဲ့ စာရေးဆရာ “အကြည်တော်” ကွယ်လွန်ခြင်း

မြန်မာစာပေလောက ရဲ့ လူကြိုက်အများဆုံး စာရေးဆရာ တယောက်ဖြစ်တဲ့ ဆရာအကြည်တော်ဟာ မနေ့ (၉-၁၁-၂၀၂၂) က ည ၈ နာရီ ၂၃ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အတွေးကောင်း အရေးကောင်းတဲ့ စာရေးဆရာတဦး ကွယ်လွန်သွားခဲ့ခြင်းဟာ မြန်မာစာပေလောက ရဲ့ ဆုံးရှုံးမှုကြီး တခု ဖြစ်ပါတယ်။ ဆရာအကြည်တော် ကွယ်လွန်ခြင်းနဲ့ ထူးခြားစွာ တိုက်ဆိုင်နေတာကတော့ မကြာမီအချိန်က အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ဗေဒင်ဆရာ လင်းညှို့တာရာရဲ့ ဟောကိန်းတွေပဲ ဖြစ်ပါတယ်။

အကျဉ်းထောင်အတွင်း ရောက်ရှိနေတာကြောင့် ၂၀၂၂ ခုနှစ်အတွက် ဟောကိန်းတွေ မထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယခင်ဟောကိန်းတွေ ထဲက ကိစ္စရပ်တွေ တခုပြီး တခု ဆက်တိုက် ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။ လူတွေ အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးမယ် ဆိုတဲ့ ဟောကိန်းလည်း မှန်ကုန်ခဲ့တာကို တွေ့ရပါတယ်။ ဟောကိန်းတွေထဲမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေ ကွယ်လွန်မယ်ဆိုတဲ့ ဟောကိန်း တခု ပါဝင်ပြီး တိုက်ဆိုင်စွာပင် ယခု ဆရာ အကြည်တော် ကွယ်လွန်ခဲ့ရပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ဆရာလင်းညှို့တာရာရဲ့ ဟောကိန်းတွေကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

၁။ အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။ ၂။ ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာ တတ်သည်။ ၃။ မြန်မာပြည်ကြီး၏ အမြင့်ဆုံးအဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။

၄။ ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများနှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက်သေဆုံးမှု ဖြစ်မည်။ ၅။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ သတင်းများထိုးတက်အောင်ကို အပြောင်းအလဲ အဆိုးအကောင်းများစွာ ဖြစ်ပေါ်တတ်သည်။ ၆။ တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခုသို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။

၇။ အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။ ၈။ နာမည်ကြီး တန်ခိုးကြီးဘုရားတစ်ဆူပြိုလဲခြင်းသို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။ ၉။ နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက် အသစ်တစ်ခုသို့ ဥပဒေတစ်ရပ် ဖြစ်ပေါ် လာတတ်သည်။

၁၀။ တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်းစသော ရေနှင့်မြေကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။ ၁၁။ ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။ ၁၂။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။

၁၃။ ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက် လာတတ်သည်။ ၁၄။ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။ ၁၅။ ရာဇဝတ်မှုများနှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။

၁၆။ ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာကသိသိသာသာ သိရှိလာတတ်သည်။ ၁၇။ အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။ ၁၈။ ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦးများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။

၁၉။ သိသာထင်ရှားပေါ်ပေါက် လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။ ၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။ အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည် တိုးတက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည် တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။

လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။ ဒီအရာက သာမန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေး တတ်ပါသည်။ စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။ မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း ၂၁ ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွား တတ်ပေသည်။

crd