ၿခိမ့္ေကကို ကို ႏွိမ္လို စိတ္တဲ့စိတ္ နဲ႔ စတာ မဟုတ္ေၾကာင္း ျပန္လည္ ေျဖရွင္းခဲ့တဲ့ ယုန္ေလး

ၿခိမ့္ေကကို ကို ႏွိမ္လို စိတ္တဲ့စိတ္ နဲ႔ စတာ မဟုတ္ေၾကာင္း ျပန္လည္ ေျဖရွင္းခဲ့တဲ့ ယုန္ေလး

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ယုန္ေလး မေန႔ညကတင္လိုက္တဲ့ ပို႔စ္တစ္ ခုေၾကာင့္ ပရိသတ္ေတြကေတာ့ ေတာ္ေတာ္ေလးသေဘာက်ခဲ့ရပါေသးတယ္။ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာမွ လူသိမ်ားလာခဲ့သူ ၿခိမ့္ေကကို Selfie ႐ိုက္ထားတဲ့ပုံတစ္ပုံနဲ႔အတူ သူ႔ပုံေလးပါတြဲဖက္ၿပီး “ဆရာ ၿခိမ့္ ကို အားက် ေနတဲ့ ေမာင္ေမာင္ယုန္ ကိုႀကီးၿခိမ့္က သားကို ၿဖဲတယ္ဗ်ာ I Ph ႀကီးနဲ႔ လက္စြပ္ႀကီးနဲ႔ အဲ့ဒါေၾကာင့္ ေဆာ္ၾကည္တာေပါ့ ” ဆိုၿပီး အ႐ႊန္းေဖာက္ကာ ေရးသားမွ်ေဝခဲ့ပါတယ္။

ၿခိမ့္ေကကို ကေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရာ မွ လူသိမ်ား လာသူျဖစ္ၿပီး သူယုံၾကည္ရာ ဂီတ ခရီးလမ္းကို ေလွ်ာက္လွမ္းေနသူပါ။ အားေပးသူေတြအျပင္ ေဝဖန္တိုက္ခိုက္သူေတြပါ မ်ားတာေၾကာင့္ ပရိသတ္တခ်ိဳ႕ကေတာ့ ယုန္ေလးကို တမင္ႏွိမ္တာမလား.. အ႐ူးဘုံေျမာက္ျပန္ၿပီ စတဲ့မွတ္ခ်က္တခ်ိဳ႕ကို ေပးခဲ့ၾကၿပီး ယုန္ေလးကေတာ့ အခုလို ပို႔စ္တင္ခဲ့တဲ့ အေပၚမွာ “သူ႔ကို ညီလို ခင္လို႔ OG မွာေဘာလုံး ကန္ရင္ေတာင္ ေခၚကန္ၿပီး ကြၽန္ေတာ္ထြက္ေပးတာပါ… သူ႔မွ မဟုတ္ဘူး ဘဝ မွာ ဘယ္သူ႔ကိုမွ ႏွိမ္ခ်ၿပီး မဆက္ဆံဖူးပါ” “5 s မေျပာနဲ႔ ဘာ I Ph မွ မကိုင္ဖူးဘူး .ခင္တဲ့ သူေတြတိုင္းသိတယ္” “အ႐ူးဘုံ ေျမာက္တာလားခင္လို႔ စတာလား ဆိုတာ ခြဲျခား တတ္ပါေစ” စတဲ့မွတ္ခ်က္တခ်ိဳ႕ကို ျပန္လည္ေရးသားခဲ့ပါတယ္။

ယုန္ေလးကေတာ့ သူကိုယ္တိုင္းလည္း ဟိတ္ဟန္ ထုတ္မေနတတ္သူတစ္ေယာက္အျဖစ္ သူငယ္ခ်င္းေတြၾကားမွာ အၿမဲလိုလို စေနာက္ခံရေလ့ရွိသူပါ။ ပြဲအခမ္းအနားတခ်ိဳ႕ကိုေတာင္ ဂ်ပန္ရာဘာဖိနပ္နဲ႔သြားေလ့ရွိတဲ့ယုန္ေလးကေတာ့ Iphone လက္စြပ္ေတြနဲ႔ မိမိုက္ေနလြန္းတဲ့ ၿခိမ့္ေကကို ကို ခင္မင္စိတ္ နဲ႔ စေနာက္ခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ ပရိသတ္ႀကီးေရာ ဘယ္သူ႔ စတိုင္က ပိုမိသလဲ မွတ္ခ်က္ ေပးခဲ့ပါဦး။

crd : panpyoelat

unicode

ခြိမ့်ကေကို ကို နှိမ်လို စိတ်တဲ့စိတ် နဲ့ စတာ မဟုတ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့တဲ့ ယုန်လေး

ပရိသတ်တွေရဲ့အချစ်တော်ယုန်လေး မနေ့ညကတင်လိုက်တဲ့ ပို့စ်တစ် ခုကြောင့် ပရိသတ်တွေကတော့ တော်တော်လေးသဘောကျခဲ့ရပါသေးတယ်။ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ လူသိများလာခဲ့သူ ခြိမ့်ကေကို Selfie ရိုက်ထားတဲ့ပုံတစ်ပုံနဲ့အတူ သူ့ပုံလေးပါတွဲဖက်ပြီး “ဆရာ ခြိမ့် ကို အားကျ နေတဲ့ မောင်မောင်ယုန် ကိုကြီးခြိမ့်က သားကို ဖြဲတယ်ဗျာ I Ph ကြီးနဲ့ လက်စွပ်ကြီးနဲ့ အဲ့ဒါကြောင့် ဆော်ကြည်တာပေါ့ ” ဆိုပြီး အရွှန်းဖောက်ကာ ရေးသားမျှဝေခဲ့ပါတယ်။

ခြိမ့်ကေကို ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ မှ လူသိများ လာသူဖြစ်ပြီး သူယုံကြည်ရာ ဂီတ ခရီးလမ်းကို လျှောက်လှမ်းနေသူပါ။ အားပေးသူတွေအပြင် ဝေဖန်တိုက်ခိုက်သူတွေပါ များတာကြောင့် ပရိသတ်တချို့ကတော့ ယုန်လေးကို တမင်နှိမ်တာမလား.. အရူးဘုံမြောက်ပြန်ပြီ စတဲ့မှတ်ချက်တချို့ကို ပေးခဲ့ကြပြီး ယုန်လေးကတော့ အခုလို ပို့စ်တင်ခဲ့တဲ့ အပေါ်မှာ “သူ့ကို ညီလို ခင်လို့ OG မှာဘောလုံး ကန်ရင်တောင် ခေါ်ကန်ပြီး ကျွန်တော်ထွက်ပေးတာပါ… သူ့မှ မဟုတ်ဘူး ဘဝ မှာ ဘယ်သူ့ကိုမှ နှိမ်ချပြီး မဆက်ဆံဖူးပါ” “5 s မပြောနဲ့ ဘာ I Ph မှ မကိုင်ဖူးဘူး .ခင်တဲ့ သူတွေတိုင်းသိတယ်” “အရူးဘုံ မြောက်တာလားခင်လို့ စတာလား ဆိုတာ ခွဲခြား တတ်ပါစေ” စတဲ့မှတ်ချက်တချို့ကို ပြန်လည်ရေးသားခဲ့ပါတယ်။

ယုန်လေးကတော့ သူကိုယ်တိုင်းလည်း ဟိတ်ဟန် ထုတ်မနေတတ်သူတစ်ယောက်အဖြစ် သူငယ်ချင်းတွေကြားမှာ အမြဲလိုလို စနောက်ခံရလေ့ရှိသူပါ။ ပွဲအခမ်းအနားတချို့ကိုတောင် ဂျပန်ရာဘာဖိနပ်နဲ့သွားလေ့ရှိတဲ့ယုန်လေးကတော့ Iphone လက်စွပ်တွေနဲ့ မိမိုက်နေလွန်းတဲ့ ခြိမ့်ကေကို ကို ခင်မင်စိတ် နဲ့ စနောက်ခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ ပရိသတ်ကြီးရော ဘယ်သူ့ စတိုင်က ပိုမိသလဲ မှတ်ချက် ပေးခဲ့ပါဦး။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

3 × five =