စည်ပင်ဝန်ထမ်းတွေ အတွက် ဆန်နဲ့ဆီ တွေ ပေးဝေ လှူဒါန်းကာ တက်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှား နေတဲ့ နေဆန်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ဇာတ်ကားတွေ များစွာ ရိုက်ကူးထားသလို ယနေ့အချိန်ထိ ပရိသတ် အားပေးချစ်ခင်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်နေတဲ့ သရုပ်ဆောင်နေဆန်းကိုတော့ အားလုံးသိကြမှာပါနော်..။ နေဆန်းကတော့ “ချစ်တီး” ထမင်းဆိုင်ကို ဖွင့်လှစ် ထားပြီး လက်ရှိအခြေအနေတွေ နဲ့ ပတ်သက်ပြီးတော့လည်း လူထုလှုပ်ရှားမှုတွေပြုလုပ်ကာ ပြည်သူတွေ နဲ့အတူ တစ်သားတည်းရပ်တည်နေတာကိုလည်း တွေ့မြင်ကြရမှာပါနော်..။ ဒီကနေ့လေးမှာ နေဆန်းတို့မိသားစုတွေဟာ တာဝန်သိပြီးပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ဝန်ထမ်း အချို့အတွက် စားသောက်ကုန် တွေ လှူဒါန်းကာ တက်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားပါဝင်အားဖြည့်နေတာ တွေ့ရပါတယ်နော်..။

ပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ စည်ပင်ဝန်ထမ်းများအတွက် ဇလွန်လူငယ်များအဖွဲ့က လှူဒါန်း ကြတဲ့ အယောက်(၅၀)စာ ဆန်နဲ့ဆီ တွေပေးဝေလှူဒါန်းခဲ့ကြတာဖြစ်ပြီး ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။ “စည်ပင် CDM ဝန်ထမ်းများအတွက် အယောက်(50)စာ ဆန်(3)ပြည် ဆီ(50)သား (27.2.2021)ယနေ့အလှူ ကျပ် (350000)တန်ဖိုးရှိ ဆန်နှင့်ဆီ ကို ဇလွန်လူငယ်အဖွဲ့မှလှူဒါန်းပါတယ်

ကုသိုလ် အမျှ အမျှ အမျှ ပါ။ 🙏🙏🙏🙏🙏..” ဆိုပြီး အလှူပုံရိပ်လေးတွေကို ဝေမျှထား တာ ဖြစ်ပါတယ်နော်..။ အခုလို ပြည်သူတွေအတွက် တစ်တပ်တစ်အားပါဝင်အားဖြည့်လှုပ်ရှားနေတဲ့ နေဆန်းတို့ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေကလည်း ကျေနပ်နှစ်သက်နေကြမှာ အသေအချာပါပဲနော်..။

Photo Ctedit – Chaw Su’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *

twenty − seven =