နာမည်ကြီး လူကြိုက်များနေတဲ့ သီချင်းလေး တစ်ပုဒ်ကို တူမလေး နဲ့ အပြိုင်အားရပါးရဒွန့်ပြလိုက်တဲ့ ပိုပိုရဲ့ video

နာမည်ကြီး လူကြိုက်များနေတဲ့ သီချင်းလေး တစ်ပုဒ်ကို တူမလေး နဲ့ အပြိုင်အားရပါးရဒွန့်ပြလိုက်တဲ့ ပိုပိုရဲ့ video

တေးသံရှင်မလေး ပိုပိုကတော့ ဂီတလမ်းကြောင်းထက်မှာ ထွန်းတောက်အောင်မြင်နေ တဲ့ ငွေကြယ်ပွင့်လေးတစ်ပွင့်ဆိုရင်လည်း မမှားပါဘူးနော်။ ပိုပိုက “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့သီချင်းခွေလေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ရအောင်မြင်လာခဲ့ပြီး ဆက်တိုက်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပိုပို ရဲ့ကြိုးစားအားထုတ်မှုတွေက အရာထင်ပြီး တစ်ကိုယ်တော် တေးအယ်ဘမ်တွေထွက်ရှိခဲ့ရုံသာမက တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ကျင်းပနိုင် ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပိုပိုက တေးသီချင်းအသစ်တွေဆက်တိုက်ဖန်တီးနေသလို သီချင်းဗီဒီယို အသစ်လေးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါး စတိုင်လေးနဲ့ လူငယ်ဆန်ဆန် ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ ပိုပိုက အခုလည်းအိမ်မှာနေရင်း တူမလေးနဲ့အတူ ကနေတာပဲ ဖြစ်ပါတယ်။ ပိုပိုက လတ်တလောမှာနာမည်ကြီး လူကြိုက်များနေတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ အပီအပြင်ကပြလိုက်တာလည်း ဖြစ်ပါတယ်။

ပိုပိုတို့တူအရီးနှစ်ယောက် ကတော့ ကကွက်ဆန်းလေးတွေနဲ့အားရပါးရဒွန့်နေကြတာကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ပိုပိုက ” အပြင်မှာ ခပ်တည်တည်နေ တဲ့ မင်းတို့ Idol က အိမ်မှာ တူမတွေနဲ့ ဆို ဘယ်လိုနေလဲ? နပေါလေး ” ဆိုပြီး အကဗီဒီယိုလေးကို တင် ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် တူမလေးနဲ့အတူ ပျော်ပျော်ပါးပါးကနေတဲ့ ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

video …

Source & Video Credit- “ပိုပို” Facebook Page

Add a Comment

Your email address will not be published. Required fields are marked *

five × 3 =