လက်ရှိ ဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေ ကြောင့် လူတိုင်းရဲ့စိတ်ထဲမှာ ခံစားနေရတဲ့အကြောင်းလေးတွေ ကို ဖွင့်ဟ ပြောပြလာခဲ့တဲ့ ပန်းရောင်ခြယ်
|အဆိုတော်မလေး ပန်းရောင်ခြယ် ကတော့ ဖခင်ဖြစ်သူ ဂရေဟမ်ရဲ့ ဂီတ အမွေတွေကို အပြည့်အဝ ဆက်ခံရရှိထားပြီး သီချင်းလေးတွေကိုလည်း ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ဂီတလှုပ်ရှားမှုတွေသာမကဘဲ ရုပ်သံဇာတ်လမ်းတွဲ တွေလည်း ပါဝင် ရိုက်ကူး သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းသူ တစ်ယောက် ဖြစ်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးနေတဲ့ အဆိုတော်တစ်ဦးဖြစ်တာကြောင့် အားလုံးကလည်း ချစ်နေကြရတာပါ။
ပန်းရောင်ဟာ လူထုလှုပ်ရှားမှုတွေ မှာလည်း လိုချင်တဲ့ပန်းတိုင်ရောက်အောင် ပြည်သူတွေနဲ့အတူရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေပြီး သူတို့အတွက်လုပ်ပေးတဲ့ ဆုတောင်း ပွဲတွေမှာလည်း ကိုယ်တိုင်သွားရောက်ဦးညွတ်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်လလုံးလုံး စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရပြီး လုံခြုံမှုမရှိတော့တဲ့ လက်ရှိအခြေအနေတွေကိုလည်း ပန်းရောင်ခြယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။
” မနက်ထလည်း ဒီစိတ် ညအိပ်လည်း ဒီစိတ် .. တစ်လရှိပြီ ပြည်သူတွေ စိတ်မအေးချမ်းရ စိတ်မလုံခြုံရ တစ်ချက်ဒေါသထွက်လိုက် တစ်ချက်ငိုရလိုက် တစ်ချက်ကလေး အင်အားတွေပြည့်သွားလိုက် တစ်ချက်ကလေး စိုးရိမ်စိတ်တွေကြီးသွားရလိုက် တစ်ချက်တစ်ချက်လည်း အိမ်မက်ကြီး များလားပေါ့ ဒါပေမယ့် it’s too real .. အိမ်မက်ဆိုးမဟုတ်ဘူး ဘဝတွေက ဒီနေ့ လူသေစာရင်း 0 ဆိုရင်ပဲ ဒီညကျ သက်ပြင်းလေးတစ်ချက်ချရင်း မနက်ဖြန်အတွက် ရင်ပြန်ပူရ ဒါဟာ ပုံမှန်ဖြစ်သွားလို့မဖြစ်ဘူး ဖြစ်သွားစရာအကြောင်းလည်း မရှိဘူး အားနာနာနဲ့ပဲ အားတင်း ထားကြပါလို့ ပြောချင်ပါတယ် အချင်းချင်း စည်းလုံးမှု ရိုင်းပင်းကူညီမှုကတော့ တကယ်အံ့မခန်းပါ ဂုဏ်ယူရပါတယ် အားလုံးဘေးကင်းကျန်းမာကြပါစေ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေး ကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Pan Yaung Chel’s Facebook Page
zawgyi