ဆန္ဒပြတဲ့ ပြည်သူတွေ ကြွေလွင့်ခဲ့ရတာ အနုပညာရှင်တွေကြောင့် လို့ စွပ်စွဲပြောဆိုနေတဲ့ သူတွေကို ပြန်လည် ဖြေရှင်းလိုက်တဲ့ ပိုးကြာဖြူခင်

မင်းသမီး ချောလေး တစ်ယောက် ဖြစ် တဲ့ ပိုးကြာဖြူခင် က တော့ လတ်တလော မှာ ဆိုရင် ပြည်သူ့ ပရိသတ် တွေနဲ့ အတူ စိတ်ရော ကိုယ်ပါ တက် တက်ကြွကြွ နဲ့ ရပ်တည် ပေးတဲ့ အနုပညာ တွေ ထဲမှာ တစ်ယောက် အပါ အဝင် ပဲ ဖြစ် ပါ တယ် ။ ဒါ့ အပြင် ပိုးကြာဖြူခင် တို့ မိသားစု က တော့ လမ်းမပေါ် က ပြည်သူ တွေ အတွက် တက်နိုင် တဲ့ ဘက်နေ စားသောက် စရာ လေးတွေ ကို လည်း နေ့စဉ် ဆိုသလို လှူဒါန်း ပေးနေ တာလည်း တွေ့ရ ပါ တယ် ။ ယခုမှာ တော့ အနုပညာ ရှင်တွေ ကြောင့် လမ်းမ ပေါ်မှာ ပြည်သူ တွေ သေဆုံးကြ နေရတာ ဆိုပြီး ပြောဆို နေကြ တဲ့ လူတချို့ ကို မင်းသမီး ချောလေး ပိုးကြာဖြူခင် က ပြန်လည် ရှင်းပြ လာခဲ့ပါတယ် ။

” ကျွန်မ ပြောမယ် နော် တချို့ တစ်ခန်းလွတ် နေတဲ့ သူတွေ ကျွန်မ ပိုစ့်အောက် မှာ ကွန်မန့် တွေ လာလာ ရေးကြ တယ် … နင် တို့ အနုပညာ ရှင်တွေ ဖင် မယား ကြနဲ့ နင်တို့ ကြောင့် လူ တွေ လမ်းထွက် လို့ သေကုန် ကြတာ တဲ့ အမှန် တရား ကို မြတ်နိုး တဲ့ ပြည်သူ တွေက ကျွန်မ တို့ ပြောမှထွက်ကြမဲ့သူတွေလား ….ကျွန်မတို့ ဆော်ဩ မှ မဟုတ်ဘူး ကျွန်မတို့ကတောင် ပြည်သူတွေရဲ့ ဦးဆောင်မှု နောက်ကို အမှီမရမက လိုက်နေရတဲ့ သူတွေပါ ကျေးဇူးပြုပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူ တွေ ကို မစော်ကားကြပါနဲ့ အခုချိန် မှာ မင်းသားတွေ မင်းသမီးတွေ ဘာတွေ ညာတွေ ဆိုတာ အရေးကြီးတော့လို့လား …။

ကျွန်မတို့ အားလုံးက အတူတူပဲ လေ အတူ တိုက်ပွဲဝင်ကြတယ်….. ငိုလည်း အတူတူ ၊ ပျော်လည်း အတူတူပဲ အမှန်တရားအတွက် တိုက်ပွဲဝင်နေ တဲ့ အချိန် ကိုယ့်အသက်ကို တောင် ကိုယ် ပြန်မ ကြည့်နိုင် တော့ဘူး အခုချိန် မှာ အားလုံး ရဲရင့်နေကြ တာကို Psycho လာ မထည့် ကြ ပါနဲ့ တစ်ချိန် အရေး တော်ပုံ အောင်မြင် သွားတဲ့အခါ အားလုံး စံစား ကြရမှာပါ အဲ့ဒီ့ အခါကျမှ ပြောဆို နေကြသူတွေ အားလုံး ကိုယ့်လိပ်ပြာ ကိုယ် လုံနိုင် ကြပါစေ ” ဆို ပြီး ရေးသား ဖော်ပြ ထား ပါ တယ် ။ ပရိသတ် ကြီးရေ အနုပညာရှင် တွေကြောင့် ပြည်သူ တွေ သေဆုံးရ တယ်ဆိုပြီး ပြောနေတဲ့ အပေါ် ပြန်လည်ရှင်းပြ ထားတဲ့ ပိုးကြာဖြူခင် ရဲ့ ရေးသား ထား တဲ့ စာလေး ကို ကူးယူ ဖော်ပြပေး လိုက်ပါ တယ် ။

Photo credit : Poe Kyar Phyu Khin fb page
Credit

zawgyi




Credit

Add a Comment

Your email address will not be published. Required fields are marked *

eighteen − two =