





(Food Mall)

unicode

ဒီနေ့ လမ်းမှာ တွေ့တဲ့ ဦးလေးကြီး ကို ကူညီလိုက် တဲ့ ညီလေး ကောင်းဆက်သာ။

အသက် ၂၀ သာရှိသေးတဲ့ ညီလေးကောင်းဆက်သာက ဒီနေ့ pizza order တစ်ခုပို့ရင်း လမ်းမှာ ဦးလေးကြီးတစ်ယောက် ကုန်းတံတားတစ်ခုပေါ်မှာ ပစ္စည်းတွေနဲ့ ဆိုက်ကားတွန်းနေတာတွေ့လို့ ဆင်းပြီးကူညီတွန်းပေးခဲ့တယ်။ ဒါကို အစ်မလှနုထွန်းက သူ့ပေ့မှာ တင်ပေးလိုက်ရာက ကျတော်တို့ Food Mall ရုံးက သတိပြု မိလိုက်ပါတယ်။

ဒါနဲ့ သူရုံးပြန်ရောက် လို့ ညီလေး မင်းကူညီနေတဲ့ပုံ ဖေ့စဘွတ်မှာ ပျံ့နေတာတွေ့လား၊ ဘယ်လိုကူညီဖြစ်တာလဲလို့ မေးကြည့်တော့ “ဒီလိုပါပဲ၊ ကျတော့အဖေအရွယ်ကြီး မနိုင်မနင်းနဲ့ ဆိုက်ကားတွန်းနေတာတွေ့လို့ ဆင်းပြီး အပေါ်ရောက်တဲ့ထိ ဝိုင်းတွန်းပေးလိုက်တာပါ” တဲ့။

နေ့စဉ်ပင်ပင် ပန်းပန်း ရုန်းကန်ရင်း နဲ့ တောင် ကူညီတတ်တဲ့ စိတ်ဓါတ်ကတော့ အလွန် လေးစားစရာပါပဲ။ ဒါကြောင့် ဒီနေ့ချက်ချင်းပဲ ညီလေးကောင်းဆက်သာရဲ့ ကူညီတတ်တဲ့စိတ်ဓါတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရုံးမှဆုငွေ ၅၀၀၀၀ ကျပ်ကို ချီးမြှင့်ခဲ့ပါတယ်။

ဓါတ်ပုံ တင်ပေးလိုက်တဲ့ အစ်မလှနုထွန်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အစ်မတင် ထားတဲ့ ပုံလေးကိုလည်း အသုံးပြုခွင့်ပြုပါခင်ဗျာ။

(Food Mall)

Add a Comment

Your email address will not be published. Required fields are marked *

thirteen + 20 =