ချစ်စရာကောင်းတဲ့ ငယ်ဘဝဓာတ်ပုံများ တင်ပေးလိုက်တဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေး “ပိုင်ဖြိုးသု”
|ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်ဖြိုးသု ဟာ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူတူ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။သူမဟာ ပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ခံထားရပြီးတော့ ဘေးကင်းရာကို တိမ်း ရှောင်နေရပါတယ်နော်။လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်လို့လဲ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။
သူမ ရဲ့ခံယူချက်နဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကြောင့် မိဘကအမွေပြတ်စွန့်လွှတ်ခဲ့တာတောင် အမှန်တရားဘက်မှာ ခိုင်ခိုင်မာမာ ရှိနေပါသေးတယ်။အမှန်တရားကို ပြန်လည်ရရှိဖို့အတွက် ကျရာတာဝန်ကိုထမ်းဆောင်ပြီး ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေသူလေးပါ။သူမဟာ ဆေးတက္ကသိုလ်(၁)ရန်ကုန် မြို့မှ ဘွဲ့ရရှိထားသော ဆရာဝန်တစ်ယောက်ဖြစ်ပါ တယ်။
သူမမှာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ညီမချောလေး နိုင်ဖြိုးဥ (ဥဥ) ဆိုတဲ့ တစ်ဦးတည်းသော ညီမလေးရှိပါ တယ်။ပရိသတ်ကြီးလည်း သုသုနဲ့ဥဥတို့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေကို ရှုစားအားပေးကြပါဦးနော်။သုသု ကိုလွမ်းနေတဲ့ ပရိသတ်ကြီးအတွက် သုသု ငယ်ဘဝကပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
crd
zawgyi