ခိုင်လုံမှု မရှိတဲ့သတင်းတွေကို အလွယ်တကူရှဲရင်းနဲ့ အမှားတွေ ဖြစ်မှာစိုးလို့ သတင်းမှန်မမှန် စစ်နိုင်မယ့် နည်းလမ်းကို ပြောပြလာတဲ့ မေတိုးခိုင်

ပရိသတ်အချစ်တော်မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေရပြီပဲ ဖြစ်ပါတယ် ။ အဒေါ်ဖြစ်သူရဲ့အားပေးကူညီမှုကို ရရှိထားသလို ကိုယ်ပိုင်အရည်အချင်းလည်းအပြည့်ရှိတဲ့ မေတိုးခိုင်က ငယ်ရွယ်ပေမယ့် စိတ်ဓာတ် ခိုင်မာပြီး ရဲရင့်သူလေး ဖြစ်ပါတယ် ။ ဒါကြောင့် မေတိုးခိုင်က လူထုလှုပ်ရှားမှုတွေမှာဆိုရင် ပြည်သူတွေနဲ့အတူ မမောနိုင်အပန်းနိုင်အောင် ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

မေတိုးခိုင်က ပြည်သူ့ဝန်ထမ်းတွေအတွက် စိတ်ခွန် အားဖြစ်စေမယ့် အားပေးစကားလေးတွေကိုလည်း အမြဲတမ်းပြောကြားပေးနေသလို အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မေတိုးခိုင်က ပြည်သူတွေအတွက် အသုံးဝင်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုလည်း အမြဲလိုလို မျှဝေ ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မေတိုးခိုင်က သတင်းအမှားတွေကြောင့် မလိုအပ်တာတွေမဖြစ်ရအောင် ဆင်ခြင်ရမယ့်နည်းလမ်းတွေကို သုံးသပ်ပြောပြထားတာ ဖြစ်ပါတယ် ။

မေတိုးခိုင်က “ခိုင်လုံမှုမရှိတဲ့သတင်းတွေကို လွယ်လွယ်ကူကူ မရှဲဖို့အတွက် မေတ္တာရပ်ခံပါတယ်…. သတင်းတွေက အရမ်းများတော့ မလိုအပ်တဲ့နေရာကို အာရုံသွားစိုက်မိရင် တကယ်လိုအပ်တဲ့နေရာတွေမှာ အားလျော့သွားတာတွေ ဖြစ်စေမှာမို့ပါ 🙏…..တိကျတဲ့သတင်းတွေက နောက်ကျချင်ကျပါမယ် အချိန် နည်းနည်းယူပြီး စောင့်ပေးပါ…မန္တလေး ဒီနေ့ကျသွားတဲ့သမီးလေးရဲ့သတင်းဆို ကျသွားခါနီးမှာရိုက်ထားတဲ့ပုံပိုင်ရှင်က ဖြေရှင်းလာပါပြီ.. ဖြစ်နိုင်ရင် သတင်းဘယ်လောက်ခိုင်လုံသလဲဆိုတာ တင်တဲ့အကောင့်ပိုင်ရှင်ထိ လိုက်ကြည့်ပေးစေလိုပါတယ်…. ပိုင်ရှင်အကောင့်ရဲ့ history ကိုလိုက်ကြည့်လိုက်ရင် ဒီသတင်းမှန်မမှန်နဲ့ Psywar တင်တဲ့အကောင့်လားဆိုတာ ခွဲခြားသိနိုင်မှာပါ ကျေးဇူးတင်ပါတယ် 🙏” ဆိုပြီး သူမရဲ့Instagram Story မှာ တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေလည်း သတိထားလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -maytoekhine-mtk’s ig story

zawgyi

ပရိသတ္အခ်စ္ေတာ္မင္းသမီးေခ်ာ အိျႏၵာေက်ာ္ဇင္ရဲ႕ တူမေခ်ာေလးျဖစ္တဲ့ ေမတိုးခိုင္ကေတာ့ အႏုပညာလမ္းေၾကာင္းထက္မွာ ေအာင္ျမင္စြာေလွ်ာက္လွမ္းေနရၿပီပဲ ျဖစ္ပါတယ္ ။ အေဒၚျဖစ္သူရဲ႕အားေပးကူညီမႈကို ရရွိထားသလို ကိုယ္ပိုင္အရည္အခ်င္းလည္းအျပည့္ရွိတဲ့ ေမတိုးခိုင္က ငယ္႐ြယ္ေပမယ့္ စိတ္ဓာတ္ ခိုင္မာၿပီး ရဲရင့္သူေလး ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ေမတိုးခိုင္က လူထုလႈပ္ရွားမႈေတြမွာဆိုရင္ ျပည္သူေတြနဲ႔အတူ မေမာႏိုင္အပန္းႏိုင္ေအာင္ ပါဝင္အားျဖည့္ေပးေနတာ ျဖစ္ပါတယ္ ။

ေမတိုးခိုင္က ျပည္သူ႔ဝန္ထမ္းေတြအတြက္ စိတ္ခြန္ အားျဖစ္ေစမယ့္ အားေပးစကားေလးေတြကိုလည္း အၿမဲတမ္းေျပာၾကားေပးေနသလို အားလုံးနဲ႔အတူ ရပ္တည္ေနတာလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေမတိုးခိုင္က ျပည္သူေတြအတြက္ အသုံးဝင္ၿပီး မွန္ကန္တဲ့ သတင္းအခ်က္အလက္ေတြကိုလည္း အၿမဲလိုလို မွ်ေဝ ေပးေနတာ ျဖစ္ပါတယ္ ။ အခုလည္း ေမတိုးခိုင္က သတင္းအမွားေတြေၾကာင့္ မလိုအပ္တာေတြမျဖစ္ရေအာင္ ဆင္ျခင္ရမယ့္နည္းလမ္းေတြကို သုံးသပ္ေျပာျပထားတာ ျဖစ္ပါတယ္ ။

ေမတိုးခိုင္က “ခိုင္လုံမႈမရွိတဲ့သတင္းေတြကို လြယ္လြယ္ကူကူ မရွဲဖို႔အတြက္ ေမတၱာရပ္ခံပါတယ္…. သတင္းေတြက အရမ္းမ်ားေတာ့ မလိုအပ္တဲ့ေနရာကို အာ႐ုံသြားစိုက္မိရင္ တကယ္လိုအပ္တဲ့ေနရာေတြမွာ အားေလ်ာ့သြားတာေတြ ျဖစ္ေစမွာမို႔ပါ 🙏…..တိက်တဲ့သတင္းေတြက ေနာက္က်ခ်င္က်ပါမယ္ အခ်ိန္ နည္းနည္းယူၿပီး ေစာင့္ေပးပါ…မႏၲေလး ဒီေန႔က်သြားတဲ့သမီးေလးရဲ႕သတင္းဆို က်သြားခါနီးမွာ႐ိုက္ထားတဲ့ပုံပိုင္ရွင္က ေျဖရွင္းလာပါၿပီ.. ျဖစ္ႏိုင္ရင္ သတင္းဘယ္ေလာက္ခိုင္လုံသလဲဆိုတာ တင္တဲ့အေကာင့္ပိုင္ရွင္ထိ လိုက္ၾကည့္ေပးေစလိုပါတယ္…. ပိုင္ရွင္အေကာင့္ရဲ႕ history ကိုလိုက္ၾကည့္လိုက္ရင္ ဒီသတင္းမွန္မမွန္နဲ႔ Psywar တင္တဲ့အေကာင့္လားဆိုတာ ခြဲျခားသိႏိုင္မွာပါ ေက်းဇူးတင္ပါတယ္ 🙏” ဆိုၿပီး သူမရဲ႕Instagram Story မွာ တင္ထားတာ ျဖစ္ပါတယ္ ။ ကဲ ပရိသတ္ေတြလည္း သတိထားလို႔ရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Photo Credit -maytoekhine-mtk’s ig story

Add a Comment

Your email address will not be published. Required fields are marked *

one × 5 =