ခင်ပွန်း ဖြစ်သူ လူမင်းအတွက် စိတ်ပူပြီးငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ် ဆိုတဲ့ ခင်စံပယ်ဦး
အကယ်ဒမီသရုပ်ဆောင်လူမင်းကိုတော့ လွန်ခဲ့တဲ့လ ၂၀ ရက် စနေနေ့ညကပဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းစီးသွားခဲ့တာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ခင်စံပယ်ဦးအနေနဲ့လည်း ခင်ပွန်းဖြစ်သူကို စိုးရိမ်နေပြီး မျက်ရည်ခမ်းအောင်ကို ငိုနေရတယ်လို့ဆိုပါတယ်။
ခင်စံပယ်ဦးက လူမှုကွန်ရက်ကနေ ယောကျာ်းရယ် မိန်းမမှာ ယောကျ်ားအတွက် စိတ်ပူပြီးငိုရလွန်းလို့ မျက်ရည်တွေတောင်ခမ်းတော့မယ်ဒါပေမယ့်လည်း မယိုင်လဲသွားအောင်တော့ကြိုးစားပြီးအားတင်းထားပါတယ် လို့ ခံစားချက်ကိုရေးထားတာပဲဖြစ်ပါတယ်။ အဆိုပါpost လေးအောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကလည်း ထပ်တူ ခံစားရကြောင်းဖော်ပြပေးခဲ့ကြပါတယ်။
လူမင်း အပါအဝင်အနုပညာရှင် ၆ ဦး ကို သူတို့ရဲ့ ကျော်ကြားမှု အရှိန်အဝါကိုသုံးပြီး ဝန်ထမ်းတွေ သပိတ်မှောက်ဆန္ဒပြကြအောင် လှုံ့ဆော်တယ် ဆိုတဲ့ စွဲချက်နဲ့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ သရုပ်ဆောင် လူမင်းနဲ့အတူ ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊ ဝိုင်း၊ ဏကြီး နဲ့ အဆိုတော် အနဂ္ဂတို့ ပါဝင်ပါတယ်။
crd
zawgyi
Add a Comment
Your email address will not be published. Required fields are marked *
seventeen + five =