R2P ဘယ် အခါ မှာ သုံးနိုင် သလဲ ?

R2P အကြောင်းရေး ချင်တာကြာပါပြီ။

ကိုယ်သဘောပေါက်တာနဲ့ လက်တွေ့နဲ့ မလွဲစေချင်လို့ သိတဲ့သူကိုမေး ဖို့စောင့်နေတာပါ။

မနေ့ကအနောက်တိုင်းသံတမန်အသိုင်းအဝိုင်းက တစ်ယောက်နဲ့စကားပြောဖြစ်ခဲ့ပါတယ်။

အဓိကပြောဖြစ်ခဲ့တာက မြန်မာပြည်က လုံထိန်းတပ်တွေရဲ့ လူမဆန်အောင်ရက်စက် အကြမ်းဖက်မှုတွေနဲ့ R2P အကြောင်းပါ။

👉 R2P မြန်မာပြည် အတွက်သုံးနိုင်ဖို့ အမှန်တကယ်လိုအပ်တာတွေကိုသိမြင်ပြီး ပြည်သူလူထုကဘာလုပ်ပေးရမလဲသိအောင် ဒီ post ကိုရေးပါတယ်။

အရင်ဆုံး R2P သုံးဖို့ဘာလို့အဆင့်ဆင့်လုပ်နေရတာလဲဆိုတာရှင်းပြပါမယ်။ R2P ဟာသမိုင်းကြောင်းရှိပါတယ်။ ၁၉၉၀ ကျော်ကာလကအဖြစ်အပျက်တွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ။

ဒါ့ကြောင့် ၁၉၈၈ တုန်းက R2P အကြောင်းမပြောခဲ့ကြတာပါ။ အခုခေတ်မှာ ၁၉၈၈ တုန်းကနဲ့မတူပဲ R2P အသံကကျယ်လောင်လာပါပြီ။

နိုင်ငံတစ်နိုင်ငံက သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ပြည်ပအရေးအခင်းအတွက်လွှတ်မယ်ဆိုရင် အလွန်ကိုစဉ်းစားရပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုတွေရှိဖို့လိုလို့အဆင့်ဆင့်လုပ်ဆောင်ရပါတယ်။

ကျနော်တို့မြန်မာတွေကိုယ်တိုင်က နိုင်ငံတကာအရေးအခင်းတွေမှာ R2P အကြောင်းဝင်မပြောခဲ့ကြပါ။ တချို့ဆိုသိတောင်မသိခဲ့ပါ။

ရဝမ်ဒါကိစ္စကစလို့ ယီမင်အရေးအခင်းအထိကျနော်တို့သေသေချာချာမသိခဲ့ကြပါ။ ရိုဟင်ဂျာကိစ္စတောင် ကျနော်တို့ကICJ မှာကာကွယ်ပေးဖို့ကြိုးစားခဲ့ကြတာပါ။

R2P ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်။ R2P (Responsible to Protect ) ဟာ “ကာကွယ်ပေးရန်တာဝန်ရှိခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ R2P မှာ Pillars (၃) ချက်ရှိပါတယ်။ ပုံကိုကြည့်ပါ။

Pillar I: The protection responsibilities of the state;

(၁) ႏိုင္ငံ

နိုင်ငံတစ်နိုင်ငံဟာ မိမိနိုင်ငံသားများကို (လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမဆန်သောပြစ်မှုကျူးလွန်ခြင်း၊ မျိုးပြုတ်အောင်ရှင်းခြင်းတို့ရန်မှ) ကာကွယ်ပေးရန် အဓိကတာဝန်ရှိသည်။

(ကိုယ့်ဟာကိုယ်အရင်ကာကွယ်ရမယ်)

Pillar II: International assistance and capacity-building;

(၂) အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက နိုင်ငံတစ်နိုင်ငံကို သူ့နိုင်ငံသားများအား အထက်ပါရန်မှ ကာကွယ်ပေးနိုင်ရန် ကူညီပေးဖို့တာဝန်ရှိသည်။

(ကိုယ့်ဟာကိုယ်ကာကွယ်နိုင်ဖို့နိုင်ငံတကာကအကူအညီပေးဖို့တာဝန်ရှိတယ်)

Pillar III: Timely and decisive response.

(၃) အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း

အကယ်၍နိုင်ငံတနိုင်ငံက မိမိနိုင်ငံသားများကို အထက်ပါရန်များမှ ကာကွယ်ပေးလိုသောဆန္ဒမရှိခြင်း (သို့မဟုတ်) ကာကွယ်ပေးနိုင်မှုမရှိခဲ့ရင် … အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းသည် (သံတမန်ရေးနည်းလမ်း၊ လူသားခြင်း စာနာထောက်ထားမှုအကူအညီနည်း၊ နှင့် အခြားသောငြိမ်းချမ်းသောနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်) အချိန်မီ ပြတ်သားသောအရေးယူမှုကို လုပ်ဆောင်ရမည်။

အကယ်၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် မလုံလောက်ပါက အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းသည် (UN Charter နှင့်အညီ) အင်အားကိုအသုံးပြုခြင်းအပါအဝင် ပိုမိုပြင်းထန်သောအရေးယူမှုများကို လုပ်ဆောင်ရမည်။

(ကိုယ့်ဟာကိုယ်လည်းမကာကွယ်နိုင်ဘူး။ နိုင်ငံတကာကလည်း ဝင်ကာကွယ်ပေးရမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ကိုလွှတ်တာ နောက်ဆုံးအဆင့်ထားပြီး အခြားနည်းနဲ့အရင်ဖြေရှင်းရမယ်)
အဲ့ဒီ Pillars (၃) ချက်အတိုင်းအစဉ်အလိုက်သွားပါတယ်။

သေသေချာချာဖတ်ရင် အရင်ဆုံးကိုယ့်နိုင်ငံကကိုယ့်ပြည်သူကိုတာဝန်အရင်ယူရတယ်။ အဲ့ဒီမှာ နိုင်ငံဆိုတာကိုဖွင့်ဆိုချက်၊ ပြည်သူဆိုတာကိုဖွင့်ဆိုချက်တွေထည့် စဉ်းစားရပါမယ်။ ဒါတွေကို နောက်မှာပြောပါမယ်။ အရင်ဆုံး UN ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေကို မြန်မာပြည်သူတွေကိုကယ်တင်ဖို့ရာအတွက်ခေါ်မယ်ဆိုရင် ခေါ်ဖို့အကြောင်းခိုင်လုံရမယ်၊ ပြီးတော့ ခေါ်တဲ့လူရှိရပါမယ်။

လက်ရှိမြန်မာပြည်အခြေအနေဟာ စစ်ရာဇဝတ်မှုနဲ့ လူမဆန်သောပြစ်မှုများကိုကျူးလွန်ခြင်းတွေမှာ လာကိုက်ညီနေတယ်။ အရင်တုန်းက လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ မျိုးပြုတ်အောင်ရှင်းခြင်းတွေနဲ့ ကမ္ဘာကစွပ်စွဲထားတယ်။ အဲ့ဒီတော့ခေါ်ဖို့အကြောင်းကရပြီဆိုပါစို့။ ခေါ်ဖို့ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းလိုတယ်။

အဲဒီခေါ်တဲ့သူကို ပြည်သူတွေကခေါ်ခွင့်အာဏာအပ်နှင်းပေးရပါမယ်။ ပုံမှန်ကအစိုးရတစ်ရပ်ဟာ တစ်ခုခုကြောင့်သူ့ပြည်သူတွေကိုကာကွယ်ပေးနိုင်ခြင်းမရှိတဲ့အချိန်မှာ နိုင်ငံတကာကို အကူအညီတောင်းတာပါပဲ။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်၊လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တို့နဲ့ ကုလသမဂ္ဂ 🇺🇳ငြိမ်းချမ်းရေးတပ်ဖွဲ့ကိုစေလွှတ်ပါတယ်။

အဲ့ဒီမှာ (the State) နိုင်ငံဆိုတာကို အစိုးရနဲ့ကိုယ်စားပြုစဉ်းစားပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုကြည့်ရင် … အာဏာသိမ်းစစ်ကောင်စီဟာ ဘယ်နိုင်ငံကမှအသိအမှတ်မပြုထားလို့ တရားဝင် အစိုးရမမြောက်သေးပါ။ သူကိုယ်တိုင်က ပြည်သူတွေအပေါ် လူမဆန်အောင်ရက်စက်ကြမ်း ကြုတ်နေလို့ ပြည်သူတွေက သူ့ရန်ကကာကွယ်ရန်အလို့ငှာ R2P နဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေကိုလွှတ်ပေးဖို့ အကူအညီတောင်းရမှာဖြစ်ပါတယ်။

အဲ့ဒီလိုအကူအညီတောင်းဖို့ ပြည်သူတွေရဲ့ကိုယ်စားပြုအဖွဲ့အစည်းလိုပါတယ်။ ဒါကြောင့် CRPH လို့ခေါ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအရေးကြီးတာပါ။ ပြည်သူတွေရဲ့ တရားဝင်ဆန္ဒမဲနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ဟာပြည်သူ့ကိုယ်စားပြုအဖွဲ့ဖြစ်လာပါတယ်။

အဲ့ဒီပြည်သူ့ကိုယ်စားပြု CRPH ကို နိုင်ငံတကာမှာ တရားဝင်အစိုးရတစ်ရပ်ဖြစ်အောင်ဝိုင်းတွန်းပေးဖို့လိုပါတယ်။ ပြည်သူကလက်ခံပေမယ့် နိုင်ငံတကာကလက်ခံဖို့လိုပါတယ်။ 👉 ဘာကြောင့်လဲဆိုတော့ ပြည်သူက နိုင်ငံတကာကအကူအညီကိုတောင်းခံမှာကိုး။

ပြည်သူလူထုက CRPH ကို တရားဝင်အောင်ဘယ်လိုဝန်းရံရမလဲဆိုရင် … CRPH ရဲ့ဦးဆောင်မှုနောက်ကို လိုက်ပါဆောင်ရွက်ရမယ်။ ပြည်သူလူထုကိုဆန့်ကျင်တဲ့ စစ်ကောင်စီကို တရားမဝင်အောင်ဝိုင်းလုပ်ပေးရပါမယ်။

စစ်ကောင်စီကိုတရားမဝင်အောင်ဘယ်လိုလုပ်မှာလဲ❓ CDM လို့ခေါ်တဲ့ အကြမ်းမဖက်ပဲစစ်ကောင်စီယန္တရားနဲ့ မပူးပေါင်းခြင်း၊ စစ်ကောင်စီကိုအလိုမရှိကြောင်း၊ CRPH ကိုသာထောက်ခံကြောင်းဆန္ဒပြခြင်း၊ စတာတွေနဲ့ စစ်ကောင်စီကိုတရားမဝင်အောင် ဝိုင်းလုပ်ပေးရပါတယ်။

CRPH ကိုယ်တိုင်ကလည်း မိမိတို့ရဲ့အခြေခိုင်မာလာဖို့ အားစိုက်ကြိုးစားပေးရပါမယ်။ CRPH နဲ့ပြည်သူလူထုကအတူတူတွဲနေတယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်လည်း ကိုမင်းကိုနိုင်က CRPH ကိုထောက်ခံဝိုင်းရံကြဖို့ ပြည်သူလူထုကိုပန်ကြားနေတာပါ။ ပြည်သူလူထုဆိုတဲ့နေရာမှာ တောင်ပေါ်မြေပြန့် ပြည်သူအားလုံးအကုန်ပါပါတယ်။

ဒါကြောင့် CRPH က အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေကိုပါ ထောက်ခံဖို့စည်းရုံးရပါမယ်။ တိုင်းရင်းသားတွေအနေနဲ့ကလည်း စစ်ကောင်စီသာအာဏာရသွားရင် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပိုဝေးသွားမှာမို့ အရေးကြီးတဲ့ အခြေအနေမှာ CRPH ကိုထောက်ခံပေးဖို့လိုပါတယ်။ နောက်တစ်ခုက CRPH ဟာ နိုင်ငံတကာနဲ့ပိုချိတ်ဆက်နိုင်ဖို့လိုပါတယ်။

အဲ့လိုချိတ်ဆက်ဖို့လည်း CRPH က နေ့မအားညမအားလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ CRPH ဟာ အစိုးရအဖွဲ့အစည်းတစ်ခုနီးပါးအသက်ဝင်လာလေ အာဏာသိမ်းစစ်ကောင်စီဟာ အသက်ငင်လာလေပါပဲ။ နောက်တစ်ခုသိထားဖို့က ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီမှာကန့်ကွက်သူတွေရှိလာရင်ဘယ်လိုလုပ်မလဲ❓ ယူဂိုစလားဗီးယားပြဿနာမှာ ရုရှားဟာဆဗ့်လူမျိုးတွေနဲ့ညီအကိုရင်းလိုနေပြီး ရပ်တည်ပေးခဲ့တာကို ကုလသမဂ္ဂက မရရအောင်ဝင်ခဲ့ပါတယ်။

အဲ့ဒီတုန်းကရုရှားကြောင့် အချိန်တွေကြာခဲ့ရပါတယ်။ အနှစ်ချုပ်ပြောရရင် …

▪️R2P အတွက် လက်နက်ကိုင်တပ်တွေလွှတ်ရမှာမို့ အဆင့်ဆင့်လုပ်ဆောင်ရတာဖြစ်ပါတယ်။

▪️R2P ခေါ်နိုင်လောက်တဲ့အကြောင်းတွေကတနေ့တခြားပိုမိုခိုင်လုံလာနေပါတယ်။

ပြည်သူလူထုက စစ်ရာဇဝတ်မှုအချက်အလက်တွေပိုမိုကူညီစုဆောင်းပေးကြရပါမယ်။

▪️ပြည်သူလူထုနဲ့ CRPH ကတသားတည်းဖြစ်ရပါမယ်။

▪️CRPH ဟာအစိုးရတစ်ရပ်အဖြစ်အသက်ဝင်လာဖို့ ပြည်သူလူထုကအစွမ်းကုန်ပံ့ပိုးကူညီရပါမယ်။

▪️CRPH ကိုအာဏာလွန်ဆွဲမယ့် စစ်ကောင်စီကျရှုံးအောင် CDM ကိုအားစိုက်လုပ်ဆောင်ရပါမယ်။

▪️ပြည်သူလူထုနဲ့ပူးပေါင်းလာမယ့်သူတိုင်းကို ဝင်ရောက်ပူးပေါင်းနိုင်ဖို့လမ်းဖွင့်ထားရပါမယ်။

▪️မြန်မာ့အရေးအခင်းမှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အလုပ်မဖြစ်လောက်ဘူးလို့ ရီပို့တာတွေက နမိတ်ပြနေပြီးဖြစ်တယ်။

သူတို့မှာဒီအခြေအနေမှာ ဒီထက်ပိုပြောခွင့်မရှိဘူး။

▪️အခုလက်ရှိအခြေအနေမှာ CRPH က ပြည်သူလူထုကိုကာကွယ်ပေးဖို့မဖြစ်နိုင်လို့ R2P ခေါ်ရမှာ။

Dr Sasa လုပ်နေပြီ။ သူတရားဝင်ဖို့ ဦးကျော်မိုးထွန်းတရားဝင်ဖို့လိုတယ်။

▪️R2P ဟာရှုပ်ထွေးတဲ့အတွက်သေသေချာချာသဘောပေါက်ဖို့၊ လုပ်သင့်တာကိုတွန်းလုပ်ဖို့လိုတယ်။

▪️ထိုင်ဆဲနေလို့အလုပ်မဖြစ်တာကိုသိထားကြပါ။

လုပ်သင့်တာကိုအသေအချာတွန်းလုပ်နိုင်ဖို့ နားလည်သူများကလမ်းပြပေးဖို့လိုပါတယ်။

Crd _ Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *

2 + twenty =