ကမ္ဘာအနှံ့ က အစိုးရ ခေါင်းဆောင် များ ထံ ပိုင်တံခွန် ရေး တဲ့ အိတ်ဖွင့် ပေးစာ

လက်ရှိ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ အာဏာရှင် စစ်ကောင်စီ ရဲ့ အကြမ်းဖက် လု ပ်ရပ်များကို ကမ် ဘာ့နိုင်ငံ အနှံ့အပြား မှာ ရှိတဲ့ အစိုးရခေါင်းဆောင်များထံသို့ ပိုင်တံခွန်က လူ မှုကွန်ရက် စာမျက် နှာမှတဆင့် အိတ်ဖွင့်ပေးစာ တစောင် ရေးခဲ့ပါတယ်။

“မြန်မာနိုင်ငံသားတယောက်အနေနဲ့ လေးစားစွာ၊ ရိုကျိုးစွာနဲ့ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲ တော င်းဆိုချင်ပါတယ်။ နေ့စဉ် နေ့တိုင်းပဲ ကျနော့် အသက်ထက် ငယ်တဲ့ ပြည်သူလူထုထဲက လူငယ်လေးတွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင် ရွေးကောက်ခံအစိုးရ CRPH က အကြမ်းဖက် သမားတွေလို့ သတ်မှတ် ထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုကို ခံ နေကြရပါတယ်” လို့ ပိုင်တံခွန်က အစချီ ရေးသားထားပါတယ်။

ဆက်လက်ပြီး “အခြားနိုင်ငံက ကလေးငယ်တွေ၊ လူငယ်တွေ အေးချမ်းစွာ၊ လွတ်လပ် ငြိမ်းချမ်း ပျော်ရွှင်စွာ နေထိုင် နေကြချိန်မှာ ကျနော်တို့နိုင်ငံက လူငယ်တွေဟာ အခြေခံ လူ့အခွင့်အရေး လေးတောင်မှ မရခဲ့ကြပါဘူး။ ဒါ့အပြင် အမှန်တရားဘက်က ရပ်တည်ကြတဲ့ လူငယ်တွေဟာ သတ်ဖြတ်ခံ ကြရပါတယ်။ လွတ်လပ်ခြင်းရဲ့အရိပ်အယောင်တွေ မရရှိခဲ့ ကြပါဘူး။ အားလုံးသိပြီး ကြသလိုပဲ လူငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာခဲ့ကြတာ တလကျော် ကြာနေပြီ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ လက်ခံနိုင်စရာ မရှိအောင် ကြေကွဲ ခံစားရပါတယ်” လို့ ဆိုပါတယ်။

ဒီအိတ်ဖွင့်ပေးစာထဲမှာတော့ တခြားသော နိုင်ငံများမှ ကလေးငယ်များ၊ လူငယ်များ လွတ်လပ်ငြိ မ်းချမ်းစွာ နေထိုင်နေကြချိန်မှာ မြန်မာနိုင်ငံမှ လူငယ်များကတော့ အခြေခံ လူ့အခွင့်အရေးတော င် မရခဲ့ကြဘဲ အမှန်တရားဘက်မှ ရပ်တည်ကြတဲ့ လူငယ်များ သတ်ဖြတ်ခံနေကြရကြောင်း၊ လူ ငယ် အများစုဟာ ပညာရေးနဲ့ ဝေးကွာနေတာဟာ တလ ကျော် ကြာနေပြီ ဖြစ်တဲ့ အကြောင်းများ ပါရှိပါတယ်။

ဒါကြောင့် ပိုင်တံခွန့်အနေနဲ့ ကုလသမဂ္ဂနိုင်ငံများကို စစ်အာဏာရှင် လုပ်ရပ်အား ရှုတ်ချပေးရန် ၊ စစ်အာဏာရှင် ရဲ့လုပ်ရပ်များအား အရေးယူပေးရန်နဲ့ မတရား ဖမ်းဆီးခံထားရတဲ့သူတွေကို လွှ တ် ပေးဖို့ တောင်းဆိုပေးရန် ရေးသားထားပါတယ်။

“ကျနော် အမှန်အတိုင်း ရိုးသားစွာ ကုလသမဂ္ဂနိုင်ငံများကို တောင်းဆိုပါတယ်။ ဒီစစ်အာဏာရှင် ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပေးပါ။ ဝမ်းနည်းဖွယ် လုပ်ရပ်တွေအတွက် အရေးယူပေးပါ။ ပြီးတော့ မတရား ဖမ်းဆီးခံ ပြည်သူတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပေးပါ ခင်ဗျာ” လို့ ပိုင်တံခွန် က ရေးသားထားပါတယ်။

စစ်တပ်မှ အာဏာ စတင်သိမ်းခဲ့တဲ့ ရက်စကတည်းက နိုင်ငံ့အရေးကို မခံမရပ်နိုင်ဘဲ ပြည်သူများ ဘက် မှ ရပ်တည်ကာ တက်ကြွစွာ ပါဝင် လှုပ်ရှားနေတဲ့ ပိုင်တံခွန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ စစ်တပ်မှ လိုက်လံ ရှာဖွေ ဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့အကြောင်းများ လူမှုကွန်ရက် စာမျက်နှာ ပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ ပိုင်တံခွန်ဟာ လုံခြုံဘေးကင်းစွာ ရှိနေပြီး မတရားတဲ့ လုပ်ရပ်များအား နိုင်ငံတကာမှ သိစေရန် ပြည်သူများဘက်မှ ရပ်တည် ပေးလျက် ရှိပါတယ်။

crd

zawgyi

လက္ရွိ ျမန္မာႏိုင္ငံ မွာ ျဖစ္ေပၚေနတဲ့ အာဏာရွင္ စစ္ေကာင္စီ ရဲ႕ အၾကမ္းဖက္ လု ပ္ရပ္မ်ားကို ကမ္ ဘာ့ႏိုင္ငံ အႏွံ႔အျပားမွာ ရွိတဲ့ အစိုးရေခါင္းေဆာင္မ်ားထံသို႔ ပိုင္တံခြန္က လူ မႈကြန္ရက္ စာမ်က္ ႏွာမွတဆင့္ အိတ္ဖြင့္ေပးစာ တေစာင္ ေရးခဲ့ပါတယ္။

“ျမန္မာႏိုင္ငံသားတေယာက္အေနနဲ႔ ေလးစားစြာ၊ ႐ိုက်ိဳးစြာနဲ႔ ရင္ထဲကေန လႈိက္လႈိက္ လွဲလွဲ ေတာ င္းဆိုခ်င္ပါတယ္။ ေန႔စဥ္ ေန႔တိုင္းပဲ က်ေနာ့္ အသက္ထက္ ငယ္တဲ့ ျပည္သူလူထုထဲက လူငယ္ေလးေတြဟာ ျမန္မာႏိုင္ငံရဲ႕ တရားဝင္ ေ႐ြးေကာက္ခံအစိုးရ CRPH က အၾကမ္းဖက္ သမားေတြလို႔ သတ္မွတ္ ထားတဲ့ အာဏာသိမ္း စစ္တပ္ရဲ႕ ရက္ရက္စက္စက္ သတ္ျဖတ္မႈကို ခံ ေနၾကရပါတယ္” လို႔ ပိုင္တံခြန္က အစခ်ီ ေရးသားထားပါတယ္။

ဆက္လက္ၿပီး “အျခားႏိုင္ငံက ကေလးငယ္ေတြ၊ လူငယ္ေတြ ေအးခ်မ္းစြာ၊ လြတ္လပ္ ၿငိမ္းခ်မ္း ေပ်ာ္႐ႊင္စြာ ေနထိုင္ေနၾကခ်ိန္မွာ က်ေနာ္တို႔ႏိုင္ငံက လူငယ္ေတြဟာ အေျခခံ လူ႔အခြင့္အေရး ေလးေတာင္မွ မရခဲ့ၾကပါဘူး။ ဒါ့အျပင္ အမွန္တရားဘက္က ရပ္တည္ၾကတဲ့ လူငယ္ေတြဟာ သတ္ျဖတ္ခံ ၾကရပါတယ္။ လြတ္လပ္ျခင္းရဲ႕အရိပ္အေယာင္ေတြ မရရွိခဲ့ ၾကပါဘူး။ အားလုံးသိၿပီး ၾကသလိုပဲ လူငယ္ အမ်ားစုဟာ ပညာေရးနဲ႔ ေဝးကြာခဲ့ၾကတာ တလေက်ာ္ ၾကာေနၿပီ ျဖစ္ပါတယ္။ ဒါဟာ လုံးဝ လက္ခံႏိုင္စရာ မရွိေအာင္ ေၾကကြဲ ခံစားရပါတယ္” လို႔ ဆိုပါတယ္။

ဒီအိတ္ဖြင့္ေပးစာထဲမွာေတာ့ တျခားေသာ ႏိုင္ငံမ်ားမွ ကေလးငယ္မ်ား၊ လူငယ္မ်ား လြတ္လပ္ၿငိ မ္းခ်မ္းစြာ ေနထိုင္ေနၾကခ်ိန္မွာ ျမန္မာႏိုင္ငံမွ လူငယ္မ်ားကေတာ့ အေျခခံ လူ႔အခြင့္အေရးေတာ င္ မရခဲ့ၾကဘဲ အမွန္တရားဘက္မွ ရပ္တည္ၾကတဲ့ လူငယ္မ်ား သတ္ျဖတ္ခံေနၾကရေၾကာင္း၊ လူ ငယ္ အမ်ားစုဟာ ပညာေရးနဲ႔ ေဝးကြာေနတာဟာ တလ ေက်ာ္ ၾကာေနၿပီျဖစ္တဲ့ အေၾကာင္းမ်ား ပါရွိပါတယ္။

ဒါေၾကာင့္ ပိုင္တံခြန႔္အေနနဲ႔ ကုလသမဂၢႏိုင္ငံမ်ားကို စစ္အာဏာရွင္ လုပ္ရပ္အား ရႈတ္ခ်ေပးရန္ ၊ စစ္အာဏာရွင္ ရဲ႕လုပ္ရပ္မ်ားအား အေရးယူေပးရန္နဲ႔ မတရား ဖမ္းဆီးခံထားရတဲ့သူေတြကို လႊ တ္ ေပးဖို႔ ေတာင္းဆိုေပးရန္ ေရးသားထားပါတယ္။

“က်ေနာ္ အမွန္အတိုင္း ႐ိုးသားစြာ ကုလသမဂၢႏိုင္ငံမ်ားကို ေတာင္းဆိုပါတယ္။ ဒီစစ္အာဏာရွင္ ရဲ႕ လုပ္ရပ္ေတြကို ရႈတ္ခ်ေပးပါ။ ဝမ္းနည္းဖြယ္ လုပ္ရပ္ေတြအတြက္ အေရးယူေပးပါ။ ၿပီးေတာ့ မတရား ဖမ္းဆီးခံ ျပည္သူေတြကို ခ်က္ခ်င္း လႊတ္ေပးဖို႔ ေတာင္းဆိုေပးပါ ခင္ဗ်ာ” လို႔ ပိုင္တံခြန္ က ေရးသားထားပါတယ္။

စစ္တပ္မွ အာဏာ စတင္သိမ္းခဲ့တဲ့ ရက္စကတည္းက ႏိုင္ငံ့အေရးကို မခံမရပ္ႏိုင္ဘဲ ျပည္သူမ်ား ဘက္ မွ ရပ္တည္ကာ တက္ႂကြစြာ ပါဝင္ လႈပ္ရွားေနတဲ့ ပိုင္တံခြန္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက ရဲတပ္ဖြဲ႕နဲ႔ စစ္တပ္မွ လိုက္လံ ရွာေဖြ ဖမ္းဆီးဖို႔ ႀကိဳးပမ္းေနတဲ့အေၾကာင္းမ်ား လူမႈကြန္ရက္ စာမ်က္ႏွာ ေပၚ မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

လက္ရွိ အခ်ိန္ထိေတာ့ ပိုင္တံခြန္ဟာ လုံၿခဳံေဘးကင္းစြာ ရွိေနၿပီး မတရားတဲ့ လုပ္ရပ္မ်ားအား ႏိုင္ငံတကာမွ သိေစရန္ ျပည္သူမ်ားဘက္မွ ရပ္တည္ ေပးလ်က္ ရွိပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *

six + nineteen =