အသက်ပေးခဲ့ရသူတွေအတွက် မီးတွေထွန်းပြီး ဆုတောင်းပေးရင်း ကမ္ဘာမကြေဘူး သီချင်းကို သီဆိုခဲ့တဲ့ ဝါဆိုမိုးဦး နဲ့ ဖြိုးလေး တို့စုံတွဲ

စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦး တို့စုံတွဲကတော့ ပြည်သူတွေ ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။ မြန်မာပြည်သူပြည်သားတွေကတော့ ဆုံးပါးသွားရှာကြပြီဖြစ်တဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ် ဝမ်းနည်းနေကြပြီး မနေ့ည ကတော့ အသက်ပေးခဲ့ရသူတွေ အတွက် ဆုတောင်းပွဲတွေကို နေရာဒေသ ကိုယ်စီမှာ ပြုလုပ်ပေးနေကြတာပဲဖြစ်ပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲကတော့ နွေဦးတော်လှန်ရေး မှာ အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်မီးတွေထွန်းပြီး ဆုတောင်းပေးရင်း ကမ္ဘာမကြေဘူးသီချင်းကို သီဆိုနေခဲ့ပါတယ်။ ဝါဆိုမိုးဦးကတော့ ” ကျဆုံးသွားသော နွေဦးတော်လှန်ရေးသူရဲ့ကောင်းများ ကောင်းရာဘုံ ကိုရောက်ရှိပါစေ “ဆိုပြီး ဆုတောင်းနေတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ဖြိုးလေးကတော့ ” ကျဆုံး ခဲ့သော နွေဦးတော်လှန်ရေး သူရဲကောင်းများ အတွက် ဆုတောင်း “ဆိုပြီး လူမှုကွန်ယက်ထက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက် အသက်ပေးလိုက်ရတဲ့ ရဲရဲတောက်သူရဲကောင်းတွေ အေးငြိမ်းသော ဘုံဘဝကိုရောက်ရှိကြပါစေကြောင်းဆုတောင်းမေတ္တာပို့သပေး လိုက်ရပါတယ်။ သူရဲကောင်းတွေအတွက် ဆုတောင်းပေးရင်း ကမ္ဘာမကြေဘူးသီချင်းကို သီဆိုနေတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦး တို့စုံတွဲရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Phyo Layy / Warso Moe Oo ‘ s Facebook Page

zawgyi





Add a Comment

Your email address will not be published. Required fields are marked *

thirteen + 20 =