ပုဂံဘုရားများ ဌာပနာ ဖောက်ထွင်း ခံရမှုမှာ နိုင်ငံရေး ပယောဂဖြစ်ပြီး နိုင်ငံရေးသတိရှိရှိဖြင့် ကြိုတင်ကာကွယ်ရမည်ဟု သာသနာရေး ဝန်ကြီး သူရဦးအောင်ကို ပြောကြား

ပုဂံဘုရားများ ဌာပနာ ဖောက်ထွင်း ခံရမှုမှာ နိုင်ငံရေး ပယောဂဖြစ်ပြီး နိုင်ငံရေးသတိရှိရှိဖြင့် ကြိုတင်ကာကွယ်ရမည်ဟု သာသနာရေး ဝန်ကြီး သူရဦးအောင်ကို ပြောကြား

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား ၃၃ ဆူ ဌာပနာ ဖောက်ခံရမှုနှင့်ပတ် သက်၍ ပုဂံဒေသအား ဝိုင်းဝန်းပူးပေါင်းကာ ကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဇွန် ၁၃ ရက် နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပုဂံဘုရားများ ဌာပနာဖောက်ထွင်းခံရမှုမှာ နိုင်ငံရေး ပယော ဂဖြစ်ပြီး နိုင်ငံရေးသတိရှိရှိဖြင့် ကြိုတင်ကာကွယ်ရမည်ဟု သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာ န၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို သည် ဇွန် ၁၃ ရက်နံနက်ပိုင်းက ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေဒေသရှိ ရှေးမူမ ပျက်ပြုပြင်နေသည့် ရှေးဟောင်းစေတီပုထိုး များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နံနက် ၁၀ နာရီတွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ အစည်းအဝေး ခန်းမတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအား ဝိုင်း ဝန်းပူးပေါင်း ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိဌာနဆိုင်ရာများ ၊အဖွဲ့အစည်းများနှင့် တွေ့ ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဒီလ ဇွန် ၈ ရက်မှာ ပုဂံဒေသမှာရှိတဲ့ စေတီ ငါးဆူ၊ နောက် ၉ ရက်နေ့ မှာ ၁၄ ဆူ ဇွန် ၁၀ ရက်မှာ ၁၄ ဆူ ပေါင်း စေတီ ၃၃ ဆူ ဌာပနာ ဖောက်ထွင်းခံရတယ်ဆိုတဲ့ သတင်း တွေ ပျံ့နှံ့လာခဲ့ပါတယ်။ ပထမငါးဆူဆိုတဲ့ နေရာမှာ ဒုတိယဝန်ကြီး ဦးကြည်မင်း ဦးစီးတဲ့ အဖွဲ့နဲ့ဒီကိုလာပြီး ဒီကအကြီးအကဲတွေ တွေ့ ဆုံမေးမြန်းပြီး လိုအပ်တဲ့ စီမံ ကာကွယ်မှုတွေ လုပ်ဖို့ စီစဉ်ထားပေမယ့် စေတီ ၃၃ ဆူ ဖြစ် လာတော့ သမ္မတရုံးက ကျွန်တော်ကိုယ်တိုင် သွားချင်တဲ့ သဘောရှိလို့ လာရောက်ခြင်း ဖြစ်ပါတယ်။ အမှန်တကယ် ဌာပနာ ဖောက်ခံ ရတာ ၁၂ ဆူဖြစ်ပြီးတော့မှ အခြား ၂၁ ဆူက မူလကတည်းက ဌာပနာပိတ်ခဲ့ခြင်းမရှိဘူး။ စေတီ ၃၃ ဆူဆိုတော့ နိုင်ငံတော် အကြီးအကဲ များလည်း စိုးရိမ်သွားပါတယ်”ဟု ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။

ထို့ပြင် “ဒါက နိုင်ငံရေးပယောဂလိုမျိုး ဖြစ်နေပါတယ်။ အဲဒါကို ကျွန်တော်တို့က နိုင်ငံရေးသတိရှိရှိနဲ့ ကြိုတင်ကာကွယ်ဖို့ပဲဖြစ် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုစာရင်းအရ ဘုရား ၃၃ ဆူ ဌာပနာဖောက်ခံရတယ်။ ဒီလို ဌာပနာတိုက်လေးတွေ ဖောက်ခံရတယ်ဆိုတဲ့ ကိစ္စဟာ ဒါသည် ဌာပနာပစ္စည်း ရယူလိုတဲ့သဘောရိုးမဟုတ်ပဲနဲ့ နိုင်ငံရေး ပယောဂပါတဲ့ သဘောမျိုးဖြစ်နေတယ်လို့ အဲလိုပဲ သုံးသပ်ပါ တယ်။ အထက်ကလည်း အဲလိုပဲ သုံးသပ်ပါ တယ်။ ဒါကို ကျွန်တော်တို့ နိုင်ငံရေးအသိလုံခြုံ ရေးအသိနဲ့ရှေ့လျှောက် ဒီလိုနှောင့်ယှက် ဖျက်ဆီးမှုမျိုးမခံရအောင် ဘယ်လိုကာကွယ် မလဲဆိုတာကို အခုအစည်းအဝေး မှာတက် ရောက်လာတဲ့ အကြီးအကဲများအနေနဲ့ ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးကြပါ”ဟု သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

“အခုတော့ First Information အနေ နဲ့သူတို့ကို ပြန်တင်ပြထား ပြီဖြစ်ပါတယ်။ အခု လို ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိ၊ရပ်ဖ များ NGO အဖွဲ့အစည်းများနဲ့ တွေ့ဆုံရခြင်း က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ရေ ရှည်စနစ်တကျ စီမံခန့်ခွဲမူရင်းနဲ့ ကာကွယ် စောင့်ရှောက်မှုတွေ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်မှုတွေ ကျွန်တော်တို့ စီမံနိုင်မှုအတွက်ကို အဓိက ဖြစ်ပါတယ်။ ကျွန်တော်တို့ သာသနာ ရေးဝန်ကြီးဌာနအနေနဲ့ကျတော့ ဝန်ထမ်း အင်အား၊ လုံခြုံရေးအင်အား နည်းပါးပါ တယ်။ ခုလို COVID19 ကပ်ရောဂါဖြစ်ပွား နေတဲ့အချိန်ကာလမှာ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်ခြင်းမရှိတဲ့အချိန် လူသူ ပြတ်လပ်တဲ့ အချိန်မှာ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ပူးပေါင်း ကူညီဆောင်ရွက်ပေးတဲ့ ညောင်ဦးခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ဧည့်လမ်းညွန်အသင်းနဲ့ ဒေသနေပြည်သူ များရပ်မိရပ်ဖများကို ကျေးဇူးတင်ပါတယ်” ဟု သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဇွန် ၈ ရက်မှ ဇွန် ၁၀ ရက်အထိ သက်ဆိုင် ရာဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်း များပါဝင်သော အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေးမှု အရ ဌာပနာဖောက်ထွင်းခံခဲ့ရသည့် ဘုရား ၃၃ ဆူရှိခဲ့ပြီး ယင်းထဲမှ ဘုရား ၂၁ ဆူမှာ ဌာပ နာမသွင်းရသေးသည့် ဘုရားများဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

ဘုရားများ ဌာပနာဖောက်ထွင်းခံရ ကြောင်း ဇွန် ၈ ရက်မှသိရှိရပြီး အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေးရာမှာ အဆိုပါ ဇွန် ၈ ရက် တွင် ဘုရားငါးဆူဖောက်ထွင်းခံရကြောင်း တွေ့ရှိရပြီး ဌာပနာဖောက်ထွင်းခံရသည့် ဘုရားငါးဆူ၏ ကျန်ရှိခဲ့သောဌာပနာများကို ထိုနေ့မှာပင် ပြန်လည်၍ ဌာပနာပိတ်ခြင်းလုပ် ငန်းဆောင်ရွက်ခဲ့ကြောင်း၊ ဇွန် ၉ ရက်တွင် ဘုရား ၁၄ ဆူနှင့်ဇွန် ၁၀ ရက်တွင် ဘုရား ၁၄ ဆူဌာပနာဖောက်ထွင်းခံမှုဖြစ်ပွားခဲ့မှုကို တွေ့ ရှိရကြောင်း၊ အဆိုပါနေ့များ၌ တွေ့ရှိရသော ဌာပနာဖောက်ထွင်းခံရသည့် ဘုရားများ၏ ကျန်ရှိဌာပနာများ ကိုမူ စနစ်တကျ မှတ်တမ်း တင်သိမ်းဆည်းထားရှိပြီး နောက်ပိုင်းတွင် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အတူ ဌာပနာပိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ခရစ်ဒက် ……eleven

Add a Comment

Your email address will not be published. Required fields are marked *

9 − four =