လူထုလှုပ်ရှားမှုမှာ ပါ၀င်ရင်း မျက်လုံး တစ်ဖက်ဆုံးရှုံးပြီး တစ်လုံးကုသမှု ခံယူနေရတဲ့ မင်းသူရ အတွက် အလှူငွေသွား ရောက်လှူဒါန်းခဲ့တဲ့ ဘေဘီမောင်

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲက ပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င် အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် ဘေဘီမောင်နဲ့သားဂန်းလည်းအပါအ၀င်ဖြစ်ပါတယ်…..။

လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကို ဆက်တိုက်ဆိုသလို မြို့နယ် အနှံ့အပြားမှာပြင်းပြင်းထန်ထန်လုပ်ဆောင်လာကြတာကိုတွေ့မြင်ရပါတယ်။ ဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်လာတာနဲ့အမျှ ပြည်သူတွေဘက်မှာလဲ ထိခိုက်ကျဆုံးမှုတွေဖြစ်ပေါ်နေတာကိုလည်း ပရိသတ်တွေသိမြင်ကြမယ် ထင်ပါတယ်နော်…..။

မကြာသေးမီ‌လည်း ဘေဘီမောင်က “ဆုံးသွားတဲ့မောင်လေးဖိုးချစ်ကိုဝင်ဆွဲရင်း မျက်လုံးတစ်ဖက်ကျွတ်ပီး တစ်လုံးဒဏ်ရာခဲ့တဲ့ မောင်းလေးမင်းသူရ နေအိမ်သို့ စေတနာရှင်များလှူဒါန်းထားသောငွေ ၅သိန်း၉သောင်းနှင့် ကျမဘေဘီမောင်မှလှူဒါန်းသောငွေ၆သောင်း စုစုပေါင်းငွေ ၆၅၀၀၀၀ ကို မောင်လေးမင်းသူရ မိသားစုထံ အမေ ဆီသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူပေးခဲ့ပါတယ်ရှင့်🙏🏻​ဘေဘီနဲ့အတူပါဝင်လှူပေးကြတဲ့စေတနာရှင်များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည်🙏🏻🙏🏻🙏🏻 မောင်လေးမင်းသူရရဲ့ကုသမူ့ခံယူနေရသော မျက်လုံးတစ်ဖက်ကိုလည်းအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါအုံးနော်😔🙏🏻🙏🏻🙏🏻…” ဆိုပြီးရေးသားကာ အလှူသွားလုပ်ခဲ့တဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Baby Maung’s Facebook acc

zawgyi

လက္ရွိျမန္မာႏိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနအတြင္းမွာ အႏုပညာရွင္ေတြအေနနဲ႔လည္း ျပည္သူထဲက ျပည္သူေတြပဲျဖစ္တာမလို႔ တတ္ႏိုင္တဲ့ဘက္ကေန ပရိသတ္ေတြနဲ႔တစ္သားတည္းရပ္တည္ကာ လႈပ္ရွားမႈေတြ ျပဳလုပ္ေနၾကတာကို ပရိသတ္ေတြအေနနဲ႔လည္း ေတြ႕ျမင္ၾကမယ္ထင္ပါတယ္ေနာ္။ အခုလိုမ်ိဳးအားႀကိဳးမာန္တက္နဲ႔ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ပါ၀င္ အားျဖည့္ေနတဲ့သူေတြထဲမွာဆိုရင္ ေဘဘီေမာင္နဲ႔သားဂန္းလည္းအပါအ၀င္ျဖစ္ပါတယ္…..။

လူထုလႈပ္ရွားမႈေတြအားေကာင္းလာတာနဲ႔အမွ် တစ္ဖက္မွာလည္း ၿဖိဳခြင္းမႈေတြကို ဆက္တိုက္ဆိုသလို ၿမိဳ႕နယ္ အႏွံ႔အျပားမွာျပင္းျပင္းထန္ထန္လုပ္ေဆာင္လာၾကတာကိုေတြ႕ျမင္ရပါတယ္။ ၿဖိဳခြင္းမႈေတြ ဆက္တိုက္လုပ္လာတာနဲ႔အမွ် ျပည္သူေတြဘက္မွာလဲ ထိခိုက္က်ဆုံးမႈေတြျဖစ္ေပၚေနတာကိုလည္း ပရိသတ္ေတြသိျမင္ၾကမယ္ ထင္ပါတယ္ေနာ္…..။

မၾကာေသးမီ‌လည္း ေဘဘီေမာင္က “ဆုံးသြားတဲ့ေမာင္ေလးဖိုးခ်စ္ကိုဝင္ဆြဲရင္း မ်က္လုံးတစ္ဖက္ကြၽတ္ပီး တစ္လုံးဒဏ္ရာခဲ့တဲ့ ေမာင္းေလးမင္းသူရ ေနအိမ္သို႔ ေစတနာရွင္မ်ားလႉဒါန္းထားေသာေငြ ၅သိန္း၉ေသာင္းႏွင့္ က်မေဘဘီေမာင္မွလႉဒါန္းေသာေငြ၆ေသာင္း စုစုေပါင္းေငြ ၆၅၀၀၀၀ ကို ေမာင္ေလးမင္းသူရ မိသားစုထံ အေမ ဆီသို႔ ကိုယ္တိုင္ကိုယ္က်သြားေရာက္လႉေပးခဲ့ပါတယ္ရွင့္🙏🏻​ေဘဘီနဲ႔အတူပါဝင္လႉေပးၾကတဲ့ေစတနာရွင္မ်ားကိုလည္းအထူးပင္ေက်းဇူးတင္ရွိပါသည္🙏🏻🙏🏻🙏🏻 ေမာင္ေလးမင္းသူရရဲ႕ကုသမူ႔ခံယူေနရေသာ မ်က္လုံးတစ္ဖက္ကိုလည္းအျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစလို႔ ဆုေတာင္းေပးပါအုံးေနာ္😔🙏🏻🙏🏻🙏🏻…” ဆိုၿပီးေရးသားကာ အလႉသြားလုပ္ခဲ့တဲ့ပုံေလးေတြကို တင္ေပးလာပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-Baby Maung’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

14 − three =