အားလုံးက ချစ်ခင်လေးစားကြတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီး က ဒီလိုပါ ….

အားလုံးက ချစ်ခင်လေးစားကြတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီး က ဒီလိုပါ ….

ဘုန်းဘုန်း ဆရာတော် ဦးကောဝိဒ ကိုယ်တို င်ကြုံ တွေ့မြင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးကို ဘုန်းဘုန်းကိုယ်တိုင် ချရေးထားတာလေးပါ။ပြန်လည်မျှဝေပေးပါတယ်။Photo မူရင်း credit ပေးပါတယ်။” ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ အမျိုးသမီး က “ဒီလို” ပါ။EU ဥရောပသမဂ္ဂ က ၁၉၉၀ ပြည့်နှစ်မှာ ချီးမြင့်ထားတဲ့ Sakharov လူ့အခွင့်ရေးကို ၂၂ အောက်တိုဘာလက Strasbourg မြို့ ပြင်သစ်နိုင်ငံမှာ ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့အသည်းစွဲ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်မှ လက္ခံရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီ ဆုပေးပွဲ အခမ်းနားကို ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ ဆွစ်ဇာလန် စတဲ့ နိုင်ငံတွေက ဗမာပြည်သားတွေလဲ (အစီစဉ် မပါခဲ့ပေမယ့်) တက်ခွင့် ရခဲ့ပါတယ်။ နောက်ဆုံးတန်း အပေါ်ဆုံးတန်းက ထိုင်ပြီး အားပေးခဲ့ရပါတယ်။“ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဗမာနိုင်ငံသူ နိုင်ငံသားတွေ အဲဒီပရိတ်သတ် ထဲ မှာ ရှိတယ်ဆိုတာ သူမ မမြင်တွေ့နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ကိုရွှေတွေက ဇွဲမလျှော့ပဲ တာဝန်ရှိသူတွေ နဲ့ လုံခြုံရေး တာဝန်ရှိသူတွေကို နားပူနားဆာလုပ်ပြီး ဒေါ်အောင်ဆန်စုကြည်နဲ့ တွေ့ခွင့်ရအောင် တောင်းဆိုကြပါလေရော။သို့သော် တာဝန်ရှိသူတွေက ဒကာမကြီးဒေါ်စုနှင့် တွေ့ခွင့်ပေးဖို့ အစီစဉ်မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အစီစဉ်တွေနဲ့သူ ပြည့် နေကြောင်း ရှင်းပြသော်လည်း ကိုရွှေတို့ရဲ့ မလျှော့သော နားပူနားဆာလုပ်မူကြောင့် ဒေါ်အောင်ဆန်းစုကြည်အား သူတို့ သွားရောက်ပြီး အကျိုးအကြောင်း ပြောကြရပါတော့တယ်။အဲဒီအခါ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ ဗမာပြည်သူတွေ ဆိုရင် သူတွေ့ချင်ပါတယ်လို့ ပြောတော့၊ လုံခြုံရေးတွေက ဦးဇင်းတို့ကို ၅မိနစ် ၁၀မိနစ်ခန့်တွေ့နိုင်ကြောင်း သူတို့က အချက်ပြတာနဲ့ ရပ်ကြ လို့ပြောပါတယ်။

အစီစဉ်မရှိတဲ့ တွေ့ဆုံပွဲမို့ ဘာထိုင်ခုံ ဘာစားပွဲမှ ခင်းမထားပါဘူး၊ ဒကာမကြီး သူ့ရဲ့ အစည်းဝေးခန်း၊ နားနေခန်း ကနေ အစောင့်အကြပ်တွေနဲ့ အခန်းပြင်ဘက်ထွက်အလာမှာ၊ လာတွေ့ကြတဲ့ ဗမာမိသားစုများက သီတင်းကျွတ်အခါ ကြုံနေတာမို့ အမေ့ကို ကန်တော့ချင်ပါတယ်၊ဆုံးမသြဝါဒလေးလဲ ပြောပေးပါလို့ တောင်းဆိုကြတော့၊ “ကောင်းပြီလေ” ဆိုပြီး မဆိုင်းမတွ ဘာအခင်း မှ ခင်းမထားတဲ့ လူသွားလမ်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး၊ “အားလုံးထိုင်ကြ ဒို့ ဦးဇင်းတွေကို အရင် ကန်တော့ကြရအောင်” ဆိုပြီး ဦးဇင်းတို့ကို ရိုကျိုးစွာ ပုဆစ်တုပ်ပြီး ကန်တော့ပါတော့တယ်။

အဲဒီ အချိန် အနားမှာရပ်နေကြတဲ့ တာဝန်ရှိသူတွေ အစောင့်အကြပ် တွေဟာ တွေဝေပြီးသွားပါတယ်၊ သူတို့ရဲ့ မျက်လုံးတွေက “ဘာတွေဖြစ်ကုန်ပြီလဲ” ဆိုတဲ့ မေးခွန်းအသွင်ကို ဆောင်နေပါတော့တယ်၊ကမ္ဘာကျော်ကြီး၊ နိုင်ငံတကာခေါင်းဆောင်တွေက လေးစားတဲ့၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကြီးက ဘာအခင်းမှ မရှိတဲ့၊လူတိုင်းဖိနပ် နဲ့ နင်းဖြတ်လျှောက်နေတဲ့ ကြမ်းပြင်ကြီးပေါ်ကို ထိုင်လိုက်ပြီ၊ ပြီးတော့ ဘယ်ကမှန်း မသိတဲ့၊ ဘယ်သူမှန်းမသိတဲ့၊ ဘယ်သူမှ မသိတဲ့ အညတြ ဘုန်းကြီး နှစ်ပါးကိုလက်အုပ်ချီပြီး ထိခြင်းငါးပါးနဲ့ ရှိခိုး ကန်တော့နေတဲ့ ဟန်ဟာ အနားမှာရှိတဲ့ နိုင်ငံခြားသား တာဝန်ရှိသူ အစောင့် အကြပ်တွေ အပြင်က လာတွေ့သူဟာ ဗမာမိသားစုတွေကိုပါ အံ့သြစေခဲ့ပါတယ်။

အားလုံးရဲ့ရင်ထဲမှာလည်း မာန် မာနကို ချိုးနှိမ်ပြီး ဉာဏ်ပညာကြီးမားတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ပဲ့တင်ထပ်သံတွေဟာ သူ့အလိုလို မြည်ဟီးနေပါတော့တယ်။ကန်တော့ပြီးတဲ့အခါ ဗမာမိသားစုတွေနဲ့ ရင်းရင်းနှီးနှီး “ရန်ဖြစ်ကြသေးသလား၊ စကားများကြသေးသလား” လို့မေးပြန်ပါတယ်။

အဲဒီ အခါ လာကြတဲ့ ဗမာမိသားစုများက “ စကားတော့ များကြ ပါတယ် အမေ တခါတရံပေါ့” လို့ ပြန်ဖြေကြတော့….“အေး ဒါမှတို့ဗမာပီသမှာ” ဆိုပြီးပြောတာကြောင့်အားလုံးရယ်ရယ် မောမော ရွှင်လန်းသွားကြပါတော့တယ်။“ကိုယ့်နိုင်ငံကို မမေ့ကြနဲ့၊ စွမ်းနိုင်တဲ့ဘက်က တတ်နိုင်သလောက်ကူညီကြ” ဆိုပြီး ဒကာမကြီး က ဆုံးမစကား ဆိုပါ တယ်။

သြော် နောက်ဆုံးတော့လဲ မြတ်သော မနော၊ မြတ်သော မနော။အကြင်နာ၊ စာနာ၊ စေတနာ စိတ်ထားနဲ့ နိုဘယ်လ် ငြိမ်ချမ်းရေးဆုရှင် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဆိုတာ မာန်မာန ကင်းစင်တဲ့ စင်စစ် တည်ငြိမ် ငြိမ်းချမ်းသော ခေါင်းဆောင် တစ်ဦးပါလား ဆိုပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရ ပုံကို အမှတ်ရနေမိပါတော့တယ်။ဗမာပြည်သူ ပြည်သားများ အဖိုးမဖြတ်နိုင်သော ခေါင်းဆောင်ကို တန်ဖိုးထားနိုင်ကြပါစေ။ ဘုန်းဘုန်း ဆရာတော် ဦးကောဝိဒ မျှဝေ ပါသည်။

crd : panpyoelat

Add a Comment

Your email address will not be published.