crd : whitesone
unicode
ရွှေသားစစ်စစ် နဲ့ တည်ဆောက် ထားတဲ့ ဗီယက်နမ်က ရွှေဟိုတယ်ကြီး ပြီးတော့ မည်
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ မှ Golden Lake ဟိုတယ်ကြီး သည် ယခုနှစ် ကုန်တွင် ပြီးစီးတော့မည် ဖြစ်ပြီး အပြင် ပိုင်း မှာ ၁၀ဝ ရာခိုင်နှုန်းနီးပါး တည်ဆောက် ပြီးနေပြီဖြစ်သည် ဟု သိရပါတယ်။
ကြယ်ခြောက်ပွင့် ဟိုတယ်ကြီး၏ အဓိက ဆွဲဆောင်မှုမှာ ရွှေအစစ် ထည့်သွင်းပြု လုပ်ထားသော ဂျပန်နိုင်ငံမှ မှာ ယူထားသည့် ကျောက်ပြားများ ဖုံးလွှမ်း နေသော ကြောင့်ဖြစ်ပြီး တည်ဆောက် သူများက အတွင်းပိုင်းပြင်ဆင်မှု တွင် ပိုမိုရွှေရောင် တောက်ပြောင်သော အပြင်အဆင်များကို မြင်တွေ့ရမည်ဟု ဆိုထားပါတယ်။
ဟိုတယ်ကို တာဝန်ယူ တည်ဆောက်ပေးနေသော Hoa Binh Group က အတွင်းရော၊ အ ပြင်ပါ ရွှေအစစ် အသုံးပြုထားသော ကမ္ဘာ့ ပထမဆုံးဟိုတယ် ဖြစ်သည်ဟု ဆိုခဲ့သည်။ ၂၀ဝ၉ ခုနှစ် ကတည်းက စတင်တည် ဆောက်ခဲ့သောဟိုတယ်ကြီး၏အတွင်း ပိုင်းအပြင်အဆင်ကို မမြင်ရသေးဘဲ ဟို တယ်ဖွင့်လှစ်ခဲ့ပါက တစ်ညလျှင် ဒေါ်လာ ၂၅၀ ခန့်ဖြင့် လာရောက် တည်းခိုနိုင်မယ် လို့ သိရပါတယ်။
(၂၅) ထပ် အဆောက်အအုံကြီး ဖြစ်သည့်အတွက် (၁) စတုရန်းပေလျှင် ဒေါ်လာ (၆၅၀ဝ) ဖြင့် အခန်းများ ကိုလည်း ရောင်းချပေးသွားဦးမှာ ဖြစ်တယ် လို့ သိရပါတယ်။
crd : whitesone