အန္တရာယ်တွေ ကြားကနေ လမ်းပေါ်ထွက်လာပြီး အစွမ်းကုန် ကြိုးစားနေတဲ့ ပြည်သူတွေကို သူကိုယ်တိုင် သွားရောက်ဝန်းရံခဲ့တဲ့ လွင်မိုး

မင်းသားကြီးလွင်မိုး ကတော့ လူထု လှုပ်ရှားမှုတွေမှာ ထိပ်ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး ကိုယ့်တိုင်းပြည်ရဲ့အကျိုးအတွက် တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ အတွေ့အကြုံရှိတဲ့ ဇင်ဝိုင်းနဲ့လွင်မိုးတို့နှစ်ယောက်က လူငယ်တွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပြီး သိသင့် သိထိုက်တာတွေကို မှာကြားပြောပြပေးခဲ့တာ ဖြစ်ပါတယ် ။ အထူးသဖြင့် လွင်မိုးက အနုပညာရှင်များအဖွဲ့မှာ ဦးဆောင်ပါဝင်ပြီး တစ်ရက်မှမနားဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ် ။

လွင်မိုးက သူကိုယ်တိုင်ပါဝင်တဲ့ အပြင် ဒီကာလမှာ လမ်းပေါ်ထွက်ပြီး ကြိုးစားပေးနေတဲ့ လူငယ်လေးတွေ အတွက်လည်း စားစရာနဲ့ ရေသန့်ဘူးတွေ ဝေငှပေးခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း လွင်မိုးတို့မိသားစုက လူထုလှုပ်ရှားပြုလုပ်နေတဲ့ ပြည်သူတွေအတွက် သန့်ရှင်း လတ်ဆတ်တဲ့ Sandwich တွေကို ကိုယ်တိုင်ပြုလုပ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း မင်းသားကြီး လွင်မိုးက အန္တရာယ်ရှိနေတဲ့ကြားကနေ လမ်းပေါ်ကိုရဲရဲဝင့်ဝင့်ထွက်လာပြီး လူငယ်တွေနဲ့အတူ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

မနေ့ကဆိုရင် လွင်မိုးက ရန်ကုန်မြို့ရဲ့တစ်နေရာမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးက “ဘယ်နားလဲဆိုတာ မလိမ်ချင်ဘူးနော်” ဆိုပြီး သူ့ရဲ့မိတ်ဆွေတစ်ဦးရိုက်ကူးပေးထားတဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ လွင်မိုးကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက အနုပညာလောကသားတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့သလို အခုချိန်မှာလည်း ပြည်သူတွေကိုရသလောက် ဝန်းရံပေးနေတာ ဖြစ်ပါတယ် ။ ကဲ လွင်မိုးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်းနဲ့ အားလုံးဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Lwin Moe’s FB Story

Add a Comment

Your email address will not be published. Required fields are marked *

eighteen + eighteen =