Mask ကုိ ပုဆုိးလုိ၊ ထမီလုိ သေဘာ ထားၿပီး မဝတ္မျဖစ္ဝတ္ ရေတာ့မယ့္ ေနထုိင္မႈ ပံုစံ အသစ္

“Mask မတတ္ရင္ ငါ မဝယ္ေတာ့ဘူး လို႔ ေျပာလိုက္ မွ ဝယ္ေနၾကေဈးသည္ေတြက ေကာက္တတ္တယ္” မဒမ္က ပါးစပ္က ေျပာရင္း သူဝတ္ထားတဲ့ အကာအကြယ္ေတြ ခြၽတ္ေနတယ္။ သူ႔ PPE က ႂကြတ္ႂကြတ္အိပ္ လက္အိတ္ ရယ္ Mask ရယ္ ေခါင္းေဆာင္းရယ္။ သူ႔ဘာသာ ေျခလက္ေဆးရင္ ဆက္ေျပာ တယ္။

“တေနရာရာ မထြက္ခ်င္ဘူး။ ေဈးသြားၿပီးရင္ လည္း ကိုယ့္ကိုကိုယ္ ျပန္သန႔္ရွင္းေနရတာကို ေတာ္ေတာ္ ပင္ပမ္းတယ္။” သူက နဂိုထဲက အသန႔္အရမ္းႀကိဳက္သူ ဆိုေတာ့ ပိုဆိုးတာေပါ့။ “ဒါႀကီးကလည္း ဘယ္ေတာ့ ၿပီးမွာမွန္း မသိေတာ့ ခက္တယ္။”

သူေျပာသလိုပဲ ဘယ္ေတာ့ ၿပီးမွာလဲ မသိ။ ပညာရွင္ေတြကေတာ့ ကာကြယ္ေဆးေပၚမွ ေပ်ာက္မယ္လို႔ ယုံၾကည္ၾက တယ္။ အမ်ားကေတာ့ ကုသေဆးကို ေမွ်ာ္လင့္ေနၾကတာ။ ကုသေဆးက မျဖစ္ေအာင္ မတားႏိုင္ဘူး။ လူေတြ မေသေအာင္ ဘဲ တားႏိုင္မယ္။ ဒါလည္း ရာႏႈန္းျပည့္ႀကီး မတားႏိုင္။ တီဘီေဆးလိုေပါ့။ ေပ်ာက္တဲ့ေဆးျဖစ္တဲ့ တီဘီေဆး ရွိ တာပဲ။ ဆက္ကူးေနတာက ကူးေနတုန္း ပဲေလ။ ဒီေတာ့ ကာကြယ္ေဆးကိုပဲ ေမွ်ာ္လင့္ရမွာပါ။

မေပ်ာက္ႏိုင္ေသးဘူးဆိုေတာ့ ဒီလိုပဲ Lockdown နဲ႔ က်ေနာ္တို႔ ဆက္ေန သြားလို႔ ရလို႔လား။

ကေလးေတြ ေက်ာင္းမတက္ဘဲ Online က ခ်ည္း သင္ေပးဖို႔ က်ေနာ္ တို႔ အဆင္ေျပၿပီလား။ ဒါမွမဟုတ္ ေက်ာင္းတစ္လ ေနာက္ဆုတ္လိုက္ရင္ (Vaccine) ကာကြယ္ေဆးေပၚမွာလား။ ေက်ာင္းတစ္ႏွစ္နားလိုက္ရင္ ေရာဂါႀကီး မရွိေတာ့မွာေသခ်ာလား။

က်ေနာ္တို႔ အမ်ားသုံး ဘတ္စ္ကားေတြ ရထားေတြ မသုံး ဘဲ ဘယ္ႏွစ္ႏွစ္ ေနႏိုင္မွာလဲ။ က်ေနာ္တို႔ အလုပ္မဆင္းဘဲ ပိုက္ဆံမရဘဲ ဘယ္ေလာက္ ေတာင့္ခံႏိုင္ၾကေသးလဲ။ ဒါျဖင့္ တခ်ိန္မွာ က်ေနာ္တို႔သည္ ေရာဂါ မကင္းစင္ေသးဘဲနဲ႔ကို Lockdown ကို စနစ္တက် ေျဖေလွ်ာ့ၾကရေတာ့မွာ ေျမႀကီး လက္ခတ္ မလြဲပါပဲ။

က်ေနာ္တို႔ ေလွ်ာ့လိုက္တာနဲ႔ ကိုျမင့္ႏိုင္ႀကီးကေတာ့ ကဲေတာ့မွာကလည္း အေသအခ်ာပါပဲ။ ဝူဟန္ကို ၾကည့္ပါ။ ကိုးရီးယားကို ၾကည့္ပါ။ Lockdown ေျဖရင္ ကိုျမင့္ႏိုင္ႀကီး ျပန္ေရာက္လာတာပါပဲ။ ကိုျမင့္ႏိုင္ႀကီး ေရာက္လာေပမယ့္ အရင္လို မကဲႏိုင္ေအာင္ က်ေနာ္တို႔သည္ လူဘဝေန နည္း အသစ္ေတြ (New normal)ကို လက္ခံၾကရေတာ့မွာ။

မ႐ိုေသ့စကား လူၾကား ထဲမွာ မေတာ္ရာကို မျမင္ေအာင္ ဝတ္စားဆင္ရင္ရသလိုမ်ိဳးပဲ က်ေနာ္တို႔ရဲ႕ ပါးစပ္နဲ႔ ႏွာေခါင္းကို ဖုံးအုပ္ထားရပါတယ္။ Mask ကို ပုဆိုးလို ထမိန္လို စိတ္ထားႏိုင္မွ Lockdownကို က်ေနာ္တို႔ ေျဖလို႔ရပါမယ္။

က်ေနာ္တို႔သည္ လူသား တစ္ေယာက္ကို ျမင္တိုင္း ေႁမြတစ္ေကာင္ကို ျမင္သလိုမ်ိဳး ခံစားစိတ္ ျဖစ္ေနရပါေတာ့မယ္။ ေႁမြျမင္ရင္ အနားမကပ္ခ်င္ဘူး ဆိုတဲ့ စိတ္မ်ိဳးလိုပဲ လူျမင္ရင္ ေဝးေဝးေနခ်င္စိတ္ ေပါက္ေနရပါမယ္။

ဒီေနရာမွာ ေတာ္ေတာ္ မ်ားမ်ားက လူစိမ္းကို ေတာ့ အကပ္မခံပါဘူး။ လူရင္းကိုေတာ့ အရင္ကလိုပဲ ဖက္လဲတကင္း လုပ္ခ်င္ေနၾကတုန္းပါပဲ။ သူငယ္ခ်င္းေတြနဲ႔ စုၿပီး ထမင္းစားခ်င္စိတ္ ရွိတုန္းပါပဲ။ အခုကူးစက္ခံရသူေတြ အားလုံးလိုလိုဟာ လူရင္းေတြ ဆီကပဲ ကူးစက္ခံခဲ့ရတာ သတိခ်ပ္ပါ။

(Outdoor) အျပင္နဲ႔ (Indoor)အတြင္း ဘယ္ဟာက ပိုကူးႏိုင္လဲ ေတြးျပန္ေတာ့ အတြင္းပိုင္း Indoor ေတြမွာ ပိုကူးတယ္။ Outdoor activity ေတြမွာ ကူးစက္တာ မရွိသေလာက္ ဆိုတာ သတိထားမိမွာပါ။

ဒီေတာ့ Indoor ျဖစ္တဲ့ စတိုးဆိုင္ စားေသာက္ဆိုင္ ဘဏ္ ဆံပင္ညႇပ္ ဆိုင္ေတြမွာ တိုးေဝွး ပူးကပ္ ေစာင့္ဆိုင္းၾကတဲ့ အက်င့္ကို က်ေနာ္တို႔ ျပင္ဖို႔ လို ပါမယ္။ အက်ယ္အဝန္းေပၚတည္ လို႔ ဆိုင္ခန္းတစ္ခုမွာ လူဦးေရ ဘယ္ႏွစ္ေယာက္ပဲ တခ်ိန္ထဲမွာ ေစာင့္ဆိုင္းေနခြင့္ ရွိတာမ်ိဳးေတြ သတ္မွတ္ ရပါေတာ့မယ္။ ေလဝင္ေလထြက္ေတြ သတိ ထားရပါေတာ့မယ္။

ဒီေတာ့ က်ေနာ္တို႔ ေနထိုင္မႈ ပုံစံသစ္ ကို က်င့္သုံးႏိုင္မွသာ ကိုျမင့္ႏိုင္ႀကီးနဲ႔ အတူတကြ ပူးတြဲရွင္သန္ခြင့္ကို ရမွာျဖစ္ပါတယ္။

Maung Maung Oo

unicode

“Mask မတတ်ရင် ငါ မဝယ်တော့ဘူး လို့ ပြောလိုက် မှ ဝယ်နေကြဈေးသည်တွေက ကောက်တတ်တယ်” မဒမ်က ပါးစပ်က ပြောရင်း သူဝတ်ထားတဲ့ အကာအကွယ်တွေ ချွတ်နေတယ်။ သူ့ PPE က ကြွတ်ကြွတ်အိပ် လက်အိတ် ရယ် Mask ရယ် ခေါင်းဆောင်းရယ်။ သူ့ဘာသာ ခြေလက်ဆေးရင် ဆက်ပြော တယ်။

“တနေရာရာ မထွက်ချင်ဘူး။ ဈေးသွားပြီးရင် လည်း ကိုယ့်ကိုကိုယ် ပြန်သန့်ရှင်းနေရတာကို တော်တော် ပင်ပမ်းတယ်။” သူက နဂိုထဲက အသန့်အရမ်းကြိုက်သူ ဆိုတော့ ပိုဆိုးတာပေါ့။ “ဒါကြီးကလည်း ဘယ်တော့ ပြီးမှာမှန်း မသိတော့ ခက်တယ်။”

သူပြောသလိုပဲ ဘယ်တော့ ပြီးမှာလဲ မသိ။ ပညာရှင်တွေကတော့ ကာကွယ်ဆေးပေါ်မှ ပျောက်မယ်လို့ ယုံကြည်ကြ တယ်။ အများကတော့ ကုသဆေးကို မျှော်လင့်နေကြတာ။ ကုသဆေးက မဖြစ်အောင် မတားနိုင်ဘူး။ လူတွေ မသေအောင် ဘဲ တားနိုင်မယ်။ ဒါလည်း ရာနှုန်းပြည့်ကြီး မတားနိုင်။ တီဘီဆေးလိုပေါ့။ ပျောက်တဲ့ဆေးဖြစ်တဲ့ တီဘီဆေး ရှိ တာပဲ။ ဆက်ကူးနေတာက ကူးနေတုန်း ပဲလေ။ ဒီတော့ ကာကွယ်ဆေးကိုပဲ မျှော်လင့်ရမှာပါ။

မပျောက်နိုင်သေးဘူးဆိုတော့ ဒီလိုပဲ Lockdown နဲ့ ကျနော်တို့ ဆက်နေ သွားလို့ ရလို့လား။

ကလေးတွေ ကျောင်းမတက်ဘဲ Online က ချည်း သင်ပေးဖို့ ကျနော် တို့ အဆင်ပြေပြီလား။ ဒါမှမဟုတ် ကျောင်းတစ်လ နောက်ဆုတ်လိုက်ရင် (Vaccine) ကာကွယ်ဆေးပေါ်မှာလား။ ကျောင်းတစ်နှစ်နားလိုက်ရင် ရောဂါကြီး မရှိတော့မှာသေချာလား။

ကျနော်တို့ အများသုံး ဘတ်စ်ကားတွေ ရထားတွေ မသုံး ဘဲ ဘယ်နှစ်နှစ် နေနိုင်မှာလဲ။ ကျနော်တို့ အလုပ်မဆင်းဘဲ ပိုက်ဆံမရဘဲ ဘယ်လောက် တောင့်ခံနိုင်ကြသေးလဲ။ ဒါဖြင့် တချိန်မှာ ကျနော်တို့သည် ရောဂါ မကင်းစင်သေးဘဲနဲ့ကို Lockdown ကို စနစ်တကျ ဖြေလျှော့ကြရတော့မှာ မြေကြီး လက်ခတ် မလွဲပါပဲ။

ကျနော်တို့ လျှော့လိုက်တာနဲ့ ကိုမြင့်နိုင်ကြီးကတော့ ကဲတော့မှာကလည်း အသေအချာပါပဲ။ ဝူဟန်ကို ကြည့်ပါ။ ကိုးရီးယားကို ကြည့်ပါ။ Lockdown ဖြေရင် ကိုမြင့်နိုင်ကြီး ပြန်ရောက်လာတာပါပဲ။ ကိုမြင့်နိုင်ကြီး ရောက်လာပေမယ့် အရင်လို မကဲနိုင်အောင် ကျနော်တို့သည် လူဘဝနေ နည်း အသစ်တွေ (New normal)ကို လက်ခံကြရတော့မှာ။

မရိုသေ့စကား လူကြား ထဲမှာ မတော်ရာကို မမြင်အောင် ဝတ်စားဆင်ရင်ရသလိုမျိုးပဲ ကျနော်တို့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ထားရပါတယ်။ Mask ကို ပုဆိုးလို ထမိန်လို စိတ်ထားနိုင်မှ Lockdownကို ကျနော်တို့ ဖြေလို့ရပါမယ်။

ကျနော်တို့သည် လူသား တစ်ယောက်ကို မြင်တိုင်း မြွေတစ်ကောင်ကို မြင်သလိုမျိုး ခံစားစိတ် ဖြစ်နေရပါတော့မယ်။ မြွေမြင်ရင် အနားမကပ်ချင်ဘူး ဆိုတဲ့ စိတ်မျိုးလိုပဲ လူမြင်ရင် ဝေးဝေးနေချင်စိတ် ပေါက်နေရပါမယ်။

ဒီနေရာမှာ တော်တော် များများက လူစိမ်းကို တော့ အကပ်မခံပါဘူး။ လူရင်းကိုတော့ အရင်ကလိုပဲ ဖက်လဲတကင်း လုပ်ချင်နေကြတုန်းပါပဲ။ သူငယ်ချင်းတွေနဲ့ စုပြီး ထမင်းစားချင်စိတ် ရှိတုန်းပါပဲ။ အခုကူးစက်ခံရသူတွေ အားလုံးလိုလိုဟာ လူရင်းတွေ ဆီကပဲ ကူးစက်ခံခဲ့ရတာ သတိချပ်ပါ။

(Outdoor) အပြင်နဲ့ (Indoor)အတွင်း ဘယ်ဟာက ပိုကူးနိုင်လဲ တွေးပြန်တော့ အတွင်းပိုင်း Indoor တွေမှာ ပိုကူးတယ်။ Outdoor activity တွေမှာ ကူးစက်တာ မရှိသလောက် ဆိုတာ သတိထားမိမှာပါ။

ဒီတော့ Indoor ဖြစ်တဲ့ စတိုးဆိုင် စားသောက်ဆိုင် ဘဏ် ဆံပင်ညှပ် ဆိုင်တွေမှာ တိုးဝှေး ပူးကပ် စောင့်ဆိုင်းကြတဲ့ အကျင့်ကို ကျနော်တို့ ပြင်ဖို့ လို ပါမယ်။ အကျယ်အဝန်းပေါ်တည် လို့ ဆိုင်ခန်းတစ်ခုမှာ လူဦးရေ ဘယ်နှစ်ယောက်ပဲ တချိန်ထဲမှာ စောင့်ဆိုင်းနေခွင့် ရှိတာမျိုးတွေ သတ်မှတ် ရပါတော့မယ်။ လေဝင်လေထွက်တွေ သတိ ထားရပါတော့မယ်။

ဒီတော့ ကျနော်တို့ နေထိုင်မှု ပုံစံသစ် ကို ကျင့်သုံးနိုင်မှသာ ကိုမြင့်နိုင်ကြီးနဲ့ အတူတကွ ပူးတွဲရှင်သန်ခွင့်ကို ရမှာဖြစ်ပါတယ်။

Maung Maung Oo