မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုမှာ အနုပညာရှင် ညီအစ်ကိုတွေ နဲ့ အတူ ပူးပေါင်းပြီး တက်တက်ကြွကြွ ပါဝင် အားဖြည့်ခဲ့တဲ့ အဆိုတော် အောင်ထက်

တေးသံရှင် အဆိုတော် အောင်ထက်ကတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြည်သူတွေ နဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ လမ်းပေါ်ထွက်ပြီး တရားမျှတမှု့အတွက် တောင်းဆိုရတဲ့ ရက်တွေမှာလည်း တခြားသောအနုပညာရှင်တွေနဲ့အတူ သွားရောက်ဝန်းရံခဲ့တာကို ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင် အသုံးပြုတဲ့ ဆိုရှယ်မီဒီယာထက်မှာလည်း လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေကို တင်ပေးတာဖြစ်ပါတယ်။

ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ဝန်းရံနေခဲ့တဲ့ အဆိုတော် အောင်ထက်က ယနေ့မှာလည်း လူထု လှုပ်ရှားမှုကြီးကို သွားရောက်ခဲ့ပါတယ်။ ဒါကတော့ အောင်ထက်က ခင်မင်ရင်းနှီးရတဲ့ အနုပညာရှင် ညီအစ်ကိုတွေနဲ့အတူ သွားရောက်ပြီး မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို တက်တက်ကြွကြွ သွားရောက် ဝန်းရံခဲ့တဲ့ ပုံတွေကို သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေး လာခဲ့ပါတယ်။

တက်ကြွစွာ ပါဝင်အားဖြည့်ခဲ့တဲ့ အောင်ထက်ရဲ့ ပုံတွေအပြင် ” မြောက်ဥက္ကလာကို အားဖြည့်ခဲ့တယ် အနယ်နယ် အရပ်ရပ်မှာရှိကြသော ပြည်သူများနှင့် သူရဲကောင်းအားလုံးကို လေးစားစွာ အလေးပြုသည် ” ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါသေးတယ်။ အခုလို အခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ ဝန်းရံရပ်တည်နေတဲ့ အဆိုတော် အောင်ထက်အတွက် ပရိသတ်တွေက ကောမန့်မှာ အားပေးစကားတွေပြောပေးခဲ့ဖို့ တောင်းဆို လိုက်ပါတယ်။

Photo credit – Aung Htet’s FB account

zawgyi

ေတးသံရွင္ အဆိုေတာ္ ေအာင္ထက္ကေတာ့ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္းက ျပည္သူေတြ နဲ႔အတူ တစ္သားတည္း ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ လမ္းေပၚထြက္ၿပီး တရားမွ်တမႈ႕အတြက္ ေတာင္းဆိုရတဲ့ ရက္ေတြမွာလည္း တျခားေသာအႏုပညာရွင္ေတြနဲ႔အတူ သြားေရာက္ဝန္းရံခဲ့တာကို ပရိသတ္ေတြ အသိပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ သူကိုယ္တိုင္ အသုံးျပဳတဲ့ ဆိုရွယ္မီဒီယာထက္မွာလည္း လက္ရွိအေျခအေနနဲ႔ သက္ဆိုင္တဲ့ ပိုစ့္ေတြကို တင္ေပးတာျဖစ္ပါတယ္။

ျပည္သူလူထုနဲ႔အတူ တစ္သားတည္း ရပ္တည္ဝန္းရံေနခဲ့တဲ့ အဆိုေတာ္ ေအာင္ထက္က ယေန႔မွာလည္း လူထု လႈပ္ရွားမႈႀကီးကို သြားေရာက္ခဲ့ပါတယ္။ ဒါကေတာ့ ေအာင္ထက္က ခင္မင္ရင္းႏွီးရတဲ့ အႏုပညာရွင္ ညီအစ္ကိုေတြနဲ႔အတူ သြားေရာက္ၿပီး ေျမာက္ဥကၠလာက လူထုလႈပ္ရွားမႈႀကီးမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းခဲ့တာပဲ ျဖစ္ပါတယ္။ အခုလို တက္တက္ႂကြႂကြ သြားေရာက္ ဝန္းရံခဲ့တဲ့ ပုံေတြကို သူရဲ႕ လူမႈကြန္ယက္ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာ တင္ေပး လာခဲ့ပါတယ္။

တက္ႂကြစြာ ပါဝင္အားျဖည့္ခဲ့တဲ့ ေအာင္ထက္ရဲ႕ ပုံေတြအျပင္ ” ေျမာက္ဥကၠလာကို အားျဖည့္ခဲ့တယ္ အနယ္နယ္ အရပ္ရပ္မွာရွိၾကေသာ ျပည္သူမ်ားႏွင့္ သူရဲေကာင္းအားလုံးကို ေလးစားစြာ အေလးျပဳသည္ ” ဆိုတဲ့ စာသားကိုလည္း ေရးသားထားပါေသးတယ္။ အခုလို အေျခအေနမ်ိဳးမွာ ျပည္သူေတြနဲ႔အတူ ဝန္းရံရပ္တည္ေနတဲ့ အဆိုေတာ္ ေအာင္ထက္အတြက္ ပရိသတ္ေတြက ေကာမန္႔မွာ အားေပးစကားေတြေျပာေပးခဲ့ဖို႔ ေတာင္းဆို လိုက္ပါတယ္။

Photo credit – Aung Htet’s FB account

Add a Comment

Your email address will not be published. Required fields are marked *

4 − 4 =