US Navy Seals က အငြိမ်းစား တစ်ယောက် အကြံပေးထားတဲ့ သေနတ်ပစ်ခတ်နေတဲ့ ကြားမှာ လွတ်အောင် ပြေးနည်း

သေနတ်သံကြားလျှင် ပြေးဖို့ US Navy Seals က အငြိမ်းစား တစ်ယောက် အကြံပေးထားတဲ့ သေနတ်ပစ်ခတ်နေတဲ့ ကြားမှာ လွတ်အောင်ပြေးနည်းကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

၁။ သေနတ်သံကြားတာနဲ့ တန်းမပြေးဘဲ ဝပ် သို့ ထိုင်ချ လိုက်ပါ။

၂။ ပြီးတာနဲ့ သေနတ်သံဘယ်ကလာလဲ ရှာဖွေပါ။ ရုတ်တရက်ဆို သေနတ်သံက ကိုယ်ထင် တဲ့ အရပ် နဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တတ်ပါတယ်။ ဒါကြောင့် စက္ကန့်ပိုင်းလောက် ဘယ်က ပစ်လဲ ဆင်ခြင်ကြည့်ပါ။

၃။ သေနတ်သံနဲ့ ဆန့်ကျင်ဘက်ကို ပြေးပါ။ ပြေးလမ်းများ ကို ကြိုတင်ကြည့်ထားပါ။ အကာအကွယ်ရနိုင်တဲ့ နေရာများကို မှတ်သားထားပါ။

၄။ ပြေးရာတွင် zig-zag ပုံစံပြေးပါ။ ခေါင်းငုံ့ ကိုယ်ကို နှိမ့်ပြီး ခါးကိုင်း ပြေးပါ။ ရင်ဘတ်ကို အတည့်မထားဘဲ ပုခုံးစောင်းပြီး ပြေးပါ။ ဒါမှ ချိန်ပစ်တဲ့သူအတွက် target က ကျဉ်းမှာပါ။

၅။ ပြေးရာမှာ လူခွဲ ပြေးပါ။ လူစုလူဝေးလိုက် မပြေးရ။

၆။ အပြေးပြိုင်ပွဲလို တောက်လျောက်မပြေးရ။ အနားမှာရှိတဲ့ အကာအကွယ်ယူ လို့ရတဲ့ အရာတွေကို အကာအကွယ်ယူရင်း ပြေးပါ။ ဒီနေရာမှာ အကာအကွယ်ဆိုတာ ကျည်ကာဖို့ထက် ပစ်ခတ်သူ့ရဲ့ မြင်ကွင်းကနေ ပုန်းတဲ့ သဘောပါ။

၇။ ကျည်ကာနိုင်မဲ့ ထုထည်နဲ့ အကာအကွယ်ရှိရင် ဝင်ပုန်းပါ။ ပုန်းလို့ရမဲ့ နေရာတွေကို ကြိုတင်လေ့လာထားပါ။

၈။ အလုံပိတ်နေရာတွေ ဝင်မပုန်းရ။ ထွက်ပေါက်တစ်ခု ရှိပါစေ။ဒိုင်းတွေက ကျည်မကာနိုင်လို့ သေနတ်ပစ်ဖြိုခွင်းလျင် ဒိုင်းလွတ်ချပြီး ပြေးပါ။ မပြေးနိုင်တော့ဘူး ယူဆလျင် ဝမ်းလျားမှောက်ချပြီး နေပါ။

အခုနည်းလမ်းကို ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေအောင် တွေးဆ အသုံးပြုကြည့်ကြပါ။

သေနတ်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။

crd

zawgyi

ေသနတ္သံၾကားလွ်င္ ေျပးဖို႔ US Navy Seals က အၿငိမ္းစား တစ္ေယာက္ အႀကံေပးထားတဲ့ ေသနတ္ပစ္ခတ္ေနတဲ့ ၾကားမွာ လြတ္ေအာင္ေျပးနည္းကို ဘာသာျပန္ထားတာ ျဖစ္ပါတယ္။

၁။ ေသနတ္သံၾကားတာနဲ႔ တန္းမေျပးဘဲ ဝပ္ သို႔ ထိုင္ခ် လိုက္ပါ။

၂။ ၿပီးတာနဲ႔ ေသနတ္သံဘယ္ကလာလဲ ရွာေဖြပါ။ ႐ုတ္တရက္ဆို ေသနတ္သံက ကိုယ္ထင္ တဲ့ အရပ္ နဲ႔ ဆန႔္က်င္ဘက္ ျဖစ္ေန တတ္ပါတယ္။ ဒါေၾကာင့္ စကၠန႔္ပိုင္းေလာက္ ဘယ္က ပစ္လဲ ဆင္ျခင္ၾကည့္ပါ။

၃။ ေသနတ္သံနဲ႔ ဆန႔္က်င္ဘက္ကို ေျပးပါ။ ေျပးလမ္းမ်ား ကို ႀကိဳတင္ၾကည့္ထားပါ။ အကာအကြယ္ရႏိုင္တဲ့ ေနရာမ်ားကို မွတ္သားထားပါ။

၄။ ေျပးရာတြင္ zig-zag ပုံစံေျပးပါ။ ေခါင္းငုံ႔ ကိုယ္ကို ႏွိမ့္ၿပီး ခါးကိုင္း ေျပးပါ။ ရင္ဘတ္ကို အတည့္မထားဘဲ ပုခုံးေစာင္းၿပီး ေျပးပါ။ ဒါမွ ခ်ိန္ပစ္တဲ့သူအတြက္ target က က်ဥ္းမွာပါ။

၅။ ေျပးရာမွာ လူခြဲ ေျပးပါ။ လူစုလူေဝးလိုက္ မေျပးရ။

၆။ အေျပးၿပိဳင္ပြဲလို ေတာက္ေလ်ာက္မေျပးရ။ အနားမွာရွိတဲ့ အကာအကြယ္ယူ လို႔ရတဲ့ အရာေတြကို အကာအကြယ္ယူရင္း ေျပးပါ။ ဒီေနရာမွာ အကာအကြယ္ဆိုတာ က်ည္ကာဖို႔ထက္ ပစ္ခတ္သူ႔ရဲ႕ ျမင္ကြင္းကေန ပုန္းတဲ့ သေဘာပါ။

၇။ က်ည္ကာႏိုင္မဲ့ ထုထည္နဲ႔ အကာအကြယ္ရွိရင္ ဝင္ပုန္းပါ။ ပုန္းလို႔ရမဲ့ ေနရာေတြကို ႀကိဳတင္ေလ့လာထားပါ။

၈။ အလုံပိတ္ေနရာေတြ ဝင္မပုန္းရ။ ထြက္ေပါက္တစ္ခု ရွိပါေစ။ဒိုင္းေတြက က်ည္မကာႏိုင္လို႔ ေသနတ္ပစ္ၿဖိဳခြင္းလ်င္ ဒိုင္းလြတ္ခ်ၿပီး ေျပးပါ။ မေျပးႏိုင္ေတာ့ဘူး ယူဆလ်င္ ဝမ္းလ်ားေမွာက္ခ်ၿပီး ေနပါ။

အခုနည္းလမ္းကို ကိုယ္ႀကဳံေတြ႕ေနရတဲ့ အေျခအေနနဲ႔ လိုက္ေလ်ာညီေထြေအာင္ ေတြးဆ အသုံးျပဳၾကည့္ၾကပါ။

ေသနတ္ေဘးအႏၲရာယ္မွ ကင္းေဝးၾကပါေစ။

Add a Comment

Your email address will not be published. Required fields are marked *

2 × 5 =