R2P လာပြီ ဆိုရင် ဘာတွေ စလုပ်မလဲ? ဘာ တွေ ဖြစ်မလဲ?

R2P (Responsibility to Protect)

Responsibility to Protect (R2P) ဆို တာ

2005 ကုလသမဂ္ဂ ကမ္ဘာထိပ်သီး အစည်း အဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး ချွင်း ချက်မရှိထောက်ခံလက်မှတ် ရေးထိုးခဲ့တဲ့ ကမ္ဘာနိုင်ငံရေး ကတိကဝတ် တခု (a global political commitment) ဖြစ်ပါတယ်။

အောက်ပါ ရာဇဝတ်မှု ၄ မျိုးကို ဖြေရှင်းဖို့အဓိက လုပ်ဆောင် ပါတယ်။

၁။ လူမျိုးတုန်းသတ်ဖြတ်မှု

၂။ စစ်ရာဇဝတ်မှု

၃။ လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှု

၄။ ပြည်သူတစ်ရပ်လုံးအား ဆန့်ကျင်သည့်အမှုကို စနစ်တကျ မူဝါဒ ချမှတ်၍ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှု

R2P ဝင်မယ်ဆို ဘာစလုပ်ပေးမှာလဲ ဆိုတော့

၁။ ညှိနှိုင်းခြင်း

၂။ သတိပေးခြင်း

၃။ စီးပွါးရေး ပိတ်ဆို့ခြင်း

၄။ UN က UN charter အခန်း ၇ အရ လုံခြုံရေး ကောင်စီကို အာဏာလွှဲအပ်ခြင်း

UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီ ကို အာဏာလွှဲ၍ စစ်ရေးအရ (သို့မဟုတ်) စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို အဆိုပါတိုင်းပြည်ရဲ့ အစိုးရ ကိုယ်စား တည်ဆောက်ပေးခွင့်ရှိပါတယ်။

အခုဖြစ်ပျက်နေတဲ့ အနေအထားများ အရတော့ အပေါ်သုံးခုဟာ နဂိုတည်းက လုပ်ဆောင်ပြီး ဖြစ်သလို ထိရောက်မှု မရှိဘူး ဆိုတာ လဲ UN သိပါတယ်

အမြန်ဆုံး အထိရောက်ဆုံး အောင်မြင်ဖို့ မျှော်လင့်ရင်း

Add a Comment

Your email address will not be published. Required fields are marked *

fifteen − three =