အာဏာရှင် အတွက် လုပ်ကိုင်နေတာ တန် ရဲ့လား”လို့ ပိုင်ဖြိုးသု မေးခွန်း ထုတ်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ပြည်သူ များအား အထက်အမိန့်အရ အကြမ်း+ဖက် +ရိုက်+နှက် သတ်+_ဖြတ်နေတဲ့ စစ် တပ်နဲ့ ရဲတပ် ဖွဲ့ဝင်များကို သရုပ်ဆောင် ပိုင်ဖြိုးသုက စားနပ်ရိက္ခာတောင် လုံလောက်အောင် မပေးတဲ့သူတွေရဲ့ အာဏာမြဲဖို့ ဘာလို့ အဲဒီ လောက် လုံ့လော က် စိုက်ထုတ်နေကြတာလဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။

“ကျမ တကယ် နားမလည်ဘူး။ ကိုယ့်ကို အခြေခံလူသား အခွင့်အရေးတွေ ထဲက တခုဖြစ်တဲ့ စားနပ် ရိက္ခာတောင် လုံလောက်အောင် မပေး တဲ့သူတွေရဲ့အာဏာမြဲဖို့ကို ရှင်တို့ဘာလို့ အဲဒီလောက် လုံ့လ စိုက်ထုတ်နေကြတာလဲ။ ရှင်တို့တွေ အငတ်ငတ် အပြတ်ပြတ် တာဝန် ထမ်း ဆော င် နေရတဲ့အချိန်မှာ သူတို့က ကောင်းပေ့ဆိုတဲ့ အစားအစာတွေ စားလို့ မကုန်လို့တောင် လွှင့်ပစ်နေတာ”

“မနေ့ညက တွေ့လိုက်တာ ရှင်တို့အတွက် ဂုဏ်ပြု ညစာ စားပွဲတဲ့။ ဖော့ဘူးလေးတွေနဲ့ ရေသန့်ပုလင်းလေးတွေနဲ့။ သူတို့ သားသမီးတွေက သူ ငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ဆိုင်မှာသွားစားတဲ့ ညစာမှာ သိန်း ဆယ်ဂဏန်းလောက် သုံးနေကြတာ။ အပျင်းပြေ ထွက်စားတဲ့ ညစာနော်။ ဂုဏ် ပြု ညစာစားပွဲ မဟုတ်သေးဘူး”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဖို့၊ သတ်+ဖို့ အမိန့်တွေ ပေးထားချိန် အာဏာရှင်တွေ ရဲ့ ဇနီးနဲ့ သားသမီးတွေ ကမ္ဘာကျော် Branded တွေ သုံး နေ တာ လို့ ပိုင်ဖြိုးသုက အခုလိုပဲ ဆိုပါတယ်။

“ရှင်တို့ကို အခု အပြစ်မဲ့ ပြည်သူတွေကို ဖမ်း+ဖို့၊ _တ်+ဖို့ အမိန့်တွေ ပေးထားတဲ့ ကာလမှာ ရှင်တို့ခဏတဖြုတ် နားရင် ပလက် ဖောင်းပေါ် အိပ် နေ ရတုန်း အဲဒီ့ လူကြီးတွေရဲ့သားသမီးတွေက Five Star ဟိုတယ်ကြီးတွေမှာ တက်အိပ်နေကြတာ။ ရှင်တို့ ကလေးတွေ ကျောင်းအ ပ်ခါနီး ဆို ရှင်နဲ့ ရှင့်မိန်းမ ခေါင်းချင်းဆိုင်ပြီး ချွေးပြန် နေချိန်မှာ သူတို့ သားသမီးတွေက အနောက်နိုင်ငံက ကျောင်းကောင်းကြီးတွေမှာ အေး ဆေးသ က် သာ ပညာသင်ဖို့ First class တန်းကနေ လေယာဉ်စီးပြီး သွားနေကြတာ”

“ရှင်တို့ရဲ့မိန်းမတွေ ပြည်တွင်းဖြစ် ပိုက်ဆံအိတ် အပါးလေး ချိုင်းကြား ညှပ်ပြီး ဈေးထဲ မှာ ဟင်းစားဝယ်ဖို့အရေး ရှင်တို့လစာနဲ့ လောက်ငှဖို့ ခေါင်းပူအောင် တွက်နေရချိန်မှာ ရှင်တို့ ကာကွယ်ပေးနေတဲ့လူကြီးတွေရဲ့မိန်းမတွေက ရှင်တို့ ကြားတောင် မကြားဖူးလောက်မယ့် တလုံးကို သိန်း ၂၀၀၊ ၃၀၀ ပေးရတဲ့ ကမ္ဘာကျော် Branded ပိုက်ဆံအိတ်ကြီးတွေကို ရောင်စုံ ဝယ်ကိုင်၊ ဂုဏ်ချင်း ပြိုင်နေကြတာ”လို့ ပိုင်ဖြိုးသုကပြော ပါတယ်။ဆက်ပြီး ပိုင်ဖြိုးသုက နှိုင်းယှဉ်ပြောရရင် ကုန်တောင်ကုန်မယ် မထင်ဘူးလို့ ဆိုပါတယ်။

“အခုကနေ တောက်လျှောက် စစ်သားရဲ့ သားသမီး၊ ရဲရဲ့သားသမီးလို့ ပြောလိုက်တာနဲ့ ရှင်တို့ရဲ့ကလေးလေးတွေကို လူတွေ ဝိုင်းကြည့်ကြ မယ့် အကြည့်တွေနဲ့ ရှင်တို့ အခု ကာကွယ်ပေးနေရတဲ့ လူတစုဆီက ရှင်တို့ပြန်ရ‌နေတဲ့ အခွင့်အရေးတွေနဲ့ လဲပစ်ဖို့အတွက် လူသားမှန်ရင် ဦးနှောက်ရှိရင် နှလုံးသားရှိရင် တွေးကြည့် လို့ရတယ်။ ခံစားကြည့်လို့ ရတယ်။ တန်ရဲ့လား”လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

ဒီအကြောင်းအရာတွေကို သရုပ်ဆောင် ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ရေးသား ပြောပြခဲ့တာဖြစ်ပြီး၊ ပိုင်ဖြိုးသုဟာ စစ် အာ ဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတ်အားသရွေ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေ အတွင်းကလည်း CDM လုပ်အားပေး ဆ ရာ ဝန် အချို့နဲ့အတူ အဖွဲ့လိုက် လုပ်အားပေး ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

9 − five =